Export & Import

ဆုံးရှုံးမှုနည်းစေဖို့ နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးဖို့လိုအပ်

ဆုံးရှုံးမှုနည်းစေဖို့ နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးဖို့လိုအပ် google

          စိုက်ပျိုးထုတ်လုပ်သူကနေ စတင်ကာ ပြည်ပပို့ကုန် အဖြစ် ဝင်ငွေရရှိအောင် ဆောင်ရွက်ကြရာမှာ ကုန်သည်ပွဲစားတောင်သူနဲ့ ယာဉ်မာင်းတွေအပါအဝင်အဆင့်ဆင့်တိုင်းက ဆောင်ရွက်သူတွေ အဆင် ပြေဖို့ နယ်စပ်ကုန်သွယ်ရေးမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ကို အ စိုးရအနေနဲ့အလေးထား ဆောင် ရွက် ချိန် ရောက်ပြီလို့ ကုန်သည်တွေက ဆို ကြပါတယ်။သည်လိုဆောင်ရွက်မှုက ခေတ်အဆက်ဆက်မဖြေရှင်းနိုင်ခဲ့တဲ့ပြဿ နာတွေဖြစ်သလို ခေတ်ပြောင်းတိုင်း စိန်ခေါ်မှုအသစ် တွေနဲ့ ရင်ဆိုင်နေရတဲ့ ကုန်သွယ်ရေး လုပ် ငန်းမှာ ပါဝင်ပတ်သက်နေသူတွေက အစိုးရရဲ့ ဦးဆောင်မှု နဲ့ ဈေးကွက် မျှတတဲ့ ကုန်သွယ်မှုတစ်ရပ်ကို မျှော်လင့်နေကြပါတယ်။

          

          နယ်စပ်ကုန်သွယ်ရေး ပိုမိုဖွံဖြိုး တိုးတက်ပြီး နိုင်ငံရဲ့ ပို့ကုန်လည်း တိုးတက်စေဖို့လက်ရှိ နယ်စပ်ကုန်သွယ်ရေးမှာ ကြုံတွေ့နေရတဲ့ အခက်အခဲ တွေ ကိုဖြေရှင်းနိုင် ဖို့လိုအပ်နေတယ် လို့ကုန်သည် အများ စုက ဆိုကြပါ တယ်။ အထူးသ ဖြင့် ကုန်ပစ္စည်းတွေရဲ့ အရည် အ သွေးပြည့်မီရေးကို အလေး ထား ဆောင်ရွက်လာရေး၊ တရားဝင် လမ်းကြောင်းကနေအများဆုံး သွား နိုင်ရေး၊တရားမဝင်  ကုန် စည်တွေကို ထိန်းချုပ်နိုင်ရေးစတဲ့ ကဏ္ဍတွေကို ဖြေရှင်းနိုင်ရင်ပဲ နယ်စပ်ကုန်သွယ် ရေး က သိသိသာ သာ ဖွံ့ဖြိုးတိုးတက်လာ မှာ ဖြစ်တယ်လို့ သိရပါတယ်။


တရားမဝင်ကုန်သွယ်မှု

>>>>>>>>>>>>>>>

          နယ်စပ်ကုန်သွယ်ရေးကိုထိ ခိုက် စေ တဲ့ ကဏ္ဍထဲမှာ တရား မဝင်ကုန် သွယ် မှုကဏ္ဍလည်းအဓိကပါဝင်ပါ တယ်။ တရားမဝင် ကုန်သွယ်ရေးဟာ နယ်စပ် ကုန် သွယ်ရေးမှာ အဓိကကြုံ တွေ့ရ တာ ဖြစ်ပါတယ်။အထူးသဖြင့် တရား မဝင်ကုန်စည်စီးဆင်းမှုကို မ တား ဆီးနိုင်တဲ့အတွက် နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေတွေ ဆုံးရှုံးစေပါတယ်၊။ ပြီး ခဲ့တဲ့နှစ် နိုဝင်ဘာလ ၆ ရက်နေ မှာ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝ တီ နယ်စပ် မှာတရားမဝင်ကုန် သွယ် မှု လျော့ ကျ စေ ဖို့အတွက်မြဝတီ ကုန် သွယ် ရေးဇုန် အရှေ့ လမ်း မ ကြီးမှာ ည အချိန်ကုန် သွယ်  ယာဉ်များသွားလာ မှုကို အစိုးရ က ယာယီ ရပ်ဆိုင်းခဲ့ရပါ တယ်။ည ၈းဝဝ နာရီကနေ မနက်၆းဝဝ နာရီ အ ထိ သွားလာခွင့် ပိတ်ထားခဲ့ပါ တယ်။မြန်မာ-ထိုင်းနယ်စပ်ကုန် သွယ် ရေး ကို မြဝတီ။တာချီလိတ်၊ ကျိုင်း တုံ၊ကော့သောင်း စတဲ့ကုန် သွယ် ရေး စခန်းတွေကနေကုန် သွယ်မှုပြုလုပ်နေ တာ ဖြစ်ပြီးမြန် မာ-တရုတ်နယ်စပ် ကုန်သွယ် ရေး ပြီးရင် နိုင်ငံရဲ့ နယ်စပ် ကုန်သွယ် ရေးကို ဒုတိယအများဆုံး ကုန် သွယ်မှုပြု လုပ်ပေးနေတဲ့ ကုန် သွယ် မှု လမ်းကြောင်းလည်း ဖြစ်ပါ တယ်။

 

          ပြီးခဲ့တဲ့ ဒုတိယ အကြိမ် လွှတ် တော် ကျင်းပစဉ်က ကရင်ပြည် နယ် လှိုင်းဘွဲ့မဲဆန္ဒနယ်မှ အမျိုး သားလွှတ် တော်ကိုယ်စားလှယ် ဦးစောမိုးမြင့် က “သံ တို သံစ၊သံ ထည် ဟောင်းများ မြဝ တီ လမ်း ကြောင်း ကနေ ပြည်ပနိုင်ငံ များ သို့ တင်ပို့ ရာ မှာနိုင်ငံတော်မှ အခွန် ရရှိ ခြင်း ရှိမရှိ”မေးခွန်းနဲ့စပ်လျဉ်းပြီး မေး မြန်း ရာမှာ သံတို သံစတွေထိုင်း နိုင်ငံ ဘက်ကို တရားမဝင်သွာနေ ကြောင်း ကို လည်း ထည့်သွင်း  ဆွေး နွေး ခဲ့ပါ တယ်။သည်မေးမြန်း ဆွေး နွေးမှုနဲ့ ပတ် သက်ပြီးစီမံဘဏ္ဍာ ဝန်ကြီး ဌာနမှ ဒုတိ ယဝန်ကြီး ဦးမောင်မောင် ဝင်း က “သံ တို၊ သံစများမှာ မြဝ တီ လမ်း ကုန် သွယ် ရေးဇုန်ကိုရှောင် ကွင်း ပြီး ထိုင်း နိုင်ငံ သို့တင်ပို့မှုများရှိနိုင် တာ ကြောင့်တရားမဝင်လမ်း ကြောင်း ရှောင် ကွင်း လမ်းများမှ သွားလာမှု တွေကို ပြည် နယ် အစိုးရအဖွဲ့၊ သက် ဆိုင် ရာဌာန အဖွဲ့တွေနဲ့ပူးပေါင်းပြီး ဆောင်ရွက် နေ ပါတယ်”လို့ ဖြေ ကြား ခဲ့ပါတယ်။

 

          နေပြည်တော်မှပို့ကုန်လုပ် ငန်း ရှင် ဦးကိုကိုက“နိုင်ငံအတွက်နယ်စပ် ကုန် သွယ်ရေးက အရေး ပါတယ်၊နောင်လဲ အရေးပါနေဦး မှာပဲ၊ရထားလမ်းတွေ ကားလမ်း တွေ ဖွံ့ဖြိုးလာရင် ပို့ရတာ မြန် ဆန် တယ်၊တရာမဝင်သွားနေတာ တွေထိန်းဖို့လဲအရေးကြီတာပဲ၊ အခု တော့ လိုတာတွေကတော့အများ ကြီး ပဲ၊နှစ်နိုင်ငံကြား ဘယ်လို အ ရည်အ သွေးတွေနဲ့ လုပ်ပေးပါဆို တဲ့ သဘော တူ ညီ ချက်တို့ တရား ဝင် တင်ပို့ရ တဲ့ ကုန်စည်တွေ များ လာ ဖို့လိုတာ ပေါ့”လို့ ပြောပါတယ်။

 

အခက်အခဲနဲ့ဆုံးရှုံးမှုတွေ

>>>>>>>>>>>>>>>>>

          မြန်မာနိုင်ငံအနေနဲ့ပြည်ပ ကုန် သွယ် မှုမှာ နယ်မြေဆက်စပ် လျှက်ရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်သွယ်မှု ပြုလုပ်နိုင်ဖို့မြန်မာ-အိန္ဒိယ၊မြန်မာ-ထိုင်း၊မြန်မာ-တရုတ်၊မြန်မာ-ဘင်္ဂ လားဒေ့ရှ်တို့နဲ့ နယ်စပ်ကုန်သွယ်ရေး စာချုပ် များ ချုပ်ဆိုပြီးဖြစ်ပါ တယ်။ သည် နိုင်ငံတွေနဲ့ ကုန်သွယ်မှုပြု လုပ်ဖို့ ဖွင့်လှစ်ထားတဲ့ ကုန်သွယ် ရေး စခန်း တွေက မူဆယ်၊လွယ် ဂျယ်၊ ကန်ပိုက် တီး၊ ချင်းရွှေ ဟော်၊ တ မူး၊ရိဒ်၊ မြဝ တီ၊ တာချီလိတ်၊ ကျိုင်း တုံ၊ကော့ သောင်း၊ မြိတ်၊ ထီး ခီး၊ မောတောင်၊ စစ်တွေ၊ မောင် တော၊ မယ်စဲ့နဲ့ ထန်တလန်တို့ ဖြစ် ပါ တယ်။ အစိုးရအနေနဲ့သည့် ထက်နယ်စပ်ကုန်သွယ်ရေးကို တိုးချဲ့ဖို့ ကုန်သွယ်မှုအရ အချက်အချာကျ တဲ့ နေရာတွေမှာ ကုန်သွယ်ရေး စခန်းတွေ တိုးချဲ့ဖို့တော့ စီစဉ်နေ တယ်လို့ သိရ ပါ တယ်။ ဒါပေ မဲ့ လက်ရှိရှိပြီးသား နယ် စပ်ကုန် သွယ်ရေးကဏ္ဍတွေကိုတောင် လို အပ် ချက် တွေ ဖြည့်ဆည်းပေးနိုင် ခြင်း မရှိ တဲ့ အတွက်ကုန်သည်တွေ အ နေ နဲ့ နစ် နာ ဆုံးရှုံးမှုတွေ အခက်အခဲ တွေရှိ နေပါတယ်။

 

          မြန်မာ-တရုတ်နယ်စပ်ကုန် သွယ်ရေးကဏ္ဍကိုကြည့်ရင်တ ရားဝင် ကူးသန်းရောင်းဝယ်မှုကို ပြည့်ပြည့်ဝဝ မဖန်တီးနိုင်သေးတဲ့အတွက်ပြီးခဲ့တဲ့ နှစ် စက် တင်ဘာ လကနေ နိုဝင်ဘာလ လောက် အ ထိ တရုတ်ဘက်ကတရား မဝင် ကုန် စည်တွေကို ဆက်တိုက်ဖမ်း ဆီးကာ မြန်မာ-တရုတ်နယ်စပ် ကုန် သွယ် ရေး ရပ်တန့်လုနီးပါး ဖြစ်ခဲ့ရပါ တယ်။သည့်အတွက် မြန်မာဘက်က ပို့ကုန်တွေဖြစ်တဲ့ ဆန်တွေ၊သကြား တွေ၊ပြောင်းတွေ ဈေးနှုန်းကျ ဆင်း ပြီး ကုန် သည်တွေ၊တောင်သူ တွေအပါ အ ဝင် ဆက်စပ်တဲ့ ကဏ္ဍကို ထိခိုက် စေ ပါတယ်။ ကျွဲနွားတွေဆိုရင် လည်း မူဆယ်နယ်စပ်မှာ ရက် အ တန် ကြာ ပိတ်မိနေခဲ့တဲ့ အတွက် အစာရေ စာ ပြတ်လပ်ပြီး ကုန် သည်တွေဒုက္ခ ရောက်ကြရသလို ပြန်ရောင်းတဲ့အခါ မှာလည်း ဈေး ကောင်းမရရှိခဲ့ကြဘူးလို့ သိရပါတယ်။ဒါ့ကြောင့် လည်းကျွဲ၊နွားတင်ပို့မှုအပိုင်းမှာ အစိုးရအနေနဲ့ MoU လက်မှတ်ရေးထိုးကာ တင်ပို့ နိုင် ရေး ဆောင်ရွက်နေတာ ဖြစ် ပါတယ်။

 

          မြန်မာ-တရုတ်နယ်စပ်ကုန် သွယ် ရေးကို အဓိကုန်သွယ်မှုပြု ပေးနေတဲ့ မူဆယ်ကုန်သွယ်ရေး စခန်းမှာဆိုရင် သည်လို အခြေအ နေ တွေ ဖြစ်ခဲ့တာ ကြောင့်အောက် တိုဘာလကနေ ဒီဇင် ဘာလ အ တွင်း ကုန်သွယ်မှုပမာ ဏ ဟာ ကာလတူထက် ကန်ဒေါ်လာ သန်း ၃၆၀ ကျော်လျော့နည်းခဲ့ပါ တယ်။ လက်တလော အဝင်ဂိတ် ပေါက်နည်း မှု ကြောင့် ကြုံတွေ့ရ တဲ့ ကားလမ်း ပိတ် မှု မှာဆိုရင် အ ချိန်တိုလေး အတ∑င်း မှာ ကို အထား မခံ တဲ့သစ်သီကား တွေရဲ့ ဆုံးရှုံးမှု တန်ဖိုးက သိန်းထောင်ချီ တယ်လို့ သိရပါတယ်။မြန်မာ- တရုတ် နယ် စပ် ကုန်သွယ်ရေးဟာ နယ်စပ် ကုန် သွယ်မှု ပမာဏစုစုပေါင်းရဲ့၈၀ ရာခိုင်နှုန်းလောက်ကိုကုန်သွယ် မှု ပြု လုပ်ပေးနေတာ ဖြစ်ပါတယ်။

 

          မော်ရွှေလီကုန်သွယ်မှုဗဟိုဌာနမှ တာဝန်ခံဦးခွန်မင်းသန့်က “တရုတ် ဘက်ကတရားမဝင် သတ် မှတ် မထား တာ မဟုတ်တော့ဖမ်း ဆီးတာတွေ လုပ်လိုက်ကုန်သွယ် မှု က ရပ်သွားလိုက် ထူးကိုမထူး ဆန်း တော့တာ၊ ဖြစ်နေတာပဲ၊ နစ်နာတာတွေကတော့ အများ ကြီးပဲကုန်သည်တွေရော၊ တောင် သူတွေရော ကိုတာနဲ့သွား နိုင် ရင် တော့ အဆင်ပြေတာပေါ့” လို့ပြော ပါတယ်။

 

အရည်အသွေးပိုင်း

>>>>>>>>>>>>

 

          နောက်တစ်ခု ကြုံတွေ့ ရတာ က တော့ ပို့ကုန်တွေရဲ့ အရည်အ သွေး မ ပြည့်မီမှုကြောင့် နစ်နာမှု တွေ ရှိနေတာ ဖြစ်ပါတယ်။ ကုန်စည်တွေရဲ့ အရည် အသွေး မ ပြည့် မီမှု အပိုင်းက နယ်စပ် ကုန် သွယ်ရေးရော ပင်လယ် ရေ ကြောင်း ကုန်သွယ်မှုမှာပါ ကြုံတွေ့ရ တဲ့ ပြဿနာဖြစ်ပါတယ်။ ဒါပေမဲ့ သိ သာ ထင်ရှားတာကတော့ အ ရည် အ သွေး မပြည့်မီမှုကြောင့် ဆုံးရှုံး မှု နစ်နာမှုတွေ  ကြုံတွေ့ ကြ ရတာဟာ နယ်စပ်ကုန်သွယ်ရေး မှာ ဖြစ်ပါတယ်။ အနီးစပ်ဆုံး ကြည့် မယ်ဆိုရင် တရုတ် ဘက်ကိုတင်ပို့တဲ့မြန်မာ့ဖရဲ၊သခွား၊ သရက်စတဲ့သစ်သီးဝလံတွေ ဟာ ဈေး နှုန်း ရတဲ့အပိုင်းမှာ အရည်အသွေး အ လိုက် တော်တော်လေး ကွာခြား မှုရှိ တယ်လို့ သိရပါတယ်။

 

          ခွာညိုသစ်သီးပွဲရုံမှဦးစိုင်း ခင် မောင်က“အရည်အသွေးထုပ်ပိုးမှုပုံစံကအစ ဂရုစိုက်ဖို့လိုတယ်၊ ဒို နိုင်ငံ က ဒီဘက်မှာ အရမ်းလိုက် နာမှု အားနည်း တယ်” လို့ ပြောပါတယ်။ဒါ့အပြင် လယ်ယာထွက်ကုန် တွေ၊ ရေထွက်ကုန်တွေဆိုရင် ပိုး မွှားကင်းစင်ဖို့လိုပါတယ်။ အထူး သဖြင့် လယ် ယာထွက်ကုန်တွေ၊ ရေထွက် ကုန် တွေကို တရုတ် ဘက် သို့နယ်စပ် က နေ အများဆုံးတင်ပို့ နေတာကြောင့် တရုတ်နိုင်ငံက သတ်မှတ်ထားတဲ့ စံချိန်စံညွှန်း တွေ ပြည့်မီဖို့လိုပါ တယ်။ပြီးခဲ့တဲ့နှစ်က တရုတ်ဘက်နေ စစ်ဆေးမှုတွေ တင်း ကျပ် တာက လည်း သူ တို့ နိုင် ငံ အနေနဲ့ ပိုးမွှားကင်း စင်းရေးကို အလေးပေးဆောင်ရွက် လာတာ ကြောင့်ဖြစ်တယ်လို့ သိရပါ တယ်။

 

လို အပ်နေ

>>>>>>>

          မြန်မာနိုင်ငံဟာ ပြည်ပပို့ကုန် တင် ပို့ မှုကျဆင်းပြီး သွင်းကုန်မြင့် တက် နေ တက်နေတဲ့အတွက်နှစ် စဉ်ကုန်သွယ် မှု လိုငွေ(Trade Deficit) ဆက်တိုက် ပြ နေ ဆဲ ဖြစ် ပါ တယ်။ပြီးခဲ့တဲ့ မီနီ ဘတ် ဂျတ်မှာ ကုန်သွယ်မှုလိုငွေကို ပြီးခဲ့တဲ့ ဘဏ္ဍာ နှစ်ကာလတူထက် လျှော့ချ နိုင်ပေမဲ့  ကုန်သွယ်မှုလိုငွေ က တော့ ရှိနေဆဲဖြစ်ပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်မှာ ကုန်သွယ်မှု လိုငွေ ကန် ဒေါ်လာ ငါး ဘီလျံ ကျော် လျော့ ချနိုင် ခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မှာ တော့ ကန်ဒေါ်လာ သုံးဘီလျံအထိ လျှော့ချနိုင်ပါ တယ်။ကုန်သွယ်မှုလိုငွေကိုလျှော့ချဖို့ ဆောင်ရွက်ရာမှာ မြန်မာနိုင်ငံ ဟာ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့ အတွက်သွင်း ကုန် လျှော့ချဖို့တော့မဖြစ် နိုင် သေး ပါဘူး။ ဒါ့ကြောင့် ပို့ကုန် ဘက် ကိုသာ တိုး တက် အောင်ဆောင် ရွက် နေရတယ် လို့ စီးပွားရေးနှင့် ကူး သန်း ရောင်းဝယ် ရေးဝန်ကြီး ဌာနမှ လက်ထောက် အ တွင်း ဝန် ဦးခင်မောင်လွင်က ပြောပါ တယ်။

 

          အခုလို ပို့ကုန်တိုးတက်အောင် ဆောင် ရွက်တဲ့ နေရာမှာ လက်ရှိ မြန် မာ နိုင်ငံအနေနဲ့အား ထား နေရတာ က အထည်ချုပ်ကဏ္ဍ၊ လယ် ယာ ထွက် ကုန်ကဏ္ဍနဲ့ ရေ ထွက်ကုန် ကဏ္ဍတို့ ဖြစ် ပါ  တယ်။ ဒါအပြင် ၂၀၁၇ ခုနှစ်ထဲ မှာ စတင်ခဲ့ တဲ့ ကျွဲ၊နွားတင်ပို့မှု အပိုင်း ဖြစ်ပါ တယ်။ သည်ကဏ္ဍတွေ ကိုကြည့် မယ် ဆိုရင် အများစုဟာ နယ်စပ် ကနေ သွားနေကြရတဲ့ ကုန် စည် တွေ ဖြစ် ပါ တယ်။ ဒါကြောင့် နိုင်ငံ ရဲ့ ပို့ကုန်တိုး တက်ဖို့၊ ပို့ကုန်တွေအ ဆင် ပြေ ချော မွေ့ပြီး ဆုံးရှုံးမှု နည်းဖို့ဆိုရင် နယ်စပ် ကုန်သွယ် ရေးအဆင်ပြေဖို့ အ ရေးကြီး ပါ တယ်။

 

          နိုင်ငံရဲ့ပြည်ပကုန်သွယ်ရေး ကို ဆောင်ရွက်ရာမှာ ပင်လယ်ရေကြောင်း နဲ့နယ်စပ်ဆိုပြီး ကုန် သွယ် မှုနှစ်မျိုး နဲ့ဆောင် ရွက်နေ တာဖြစ် ပါတယ်။ နယ်စပ်ကုန်သွယ်ရေးကို တော့ နယ်စပ် စခန်း ၁၇ ခုကနေ ဆောင်ရွက်လျှက် ရှိပါတယ်။ပင်လယ်ရေကြောင်း ကုန် သွယ် ရေးနဲ့ နယ်စပ်ကုန်သွယ်ရေးကို ယှဉ် လိုက်ရင် ပင်လယ်ရေကြောင်းရဲ့ ကုန် သွယ်မှုပမာဏက များပေမဲ့ လည်း နယ်စပ်ကုန်သွယ်ရေးက ပြည်ပ ကုန် သွယ် ရေးရဲ့ သုံးပုံ တစ်ပုံ လောက် ကုန် သွယ်မှုပြုနေတာ ဖြစ် တဲ့ အတွက် သူ လည်းအရေးကြီး ပါ တယ်။လက်ရှိ ဘဏ္ဍာနှစ်ရဲ့ ဧပြီလကနေ စက်တင်ဘာလအထိပြည်ပကုန်သွယ်မှုပမာဏကို ကြည့်ရင် ပင်လယ်ရေ ကြောင်း ကကန်ဒေါ်လာသန်း ၁၄,ဝဝဝ ကျော် ရှိပြီး နယ်စပ်က ကန်ဒေါ်လာသန်း ၄၂ဝဝ ကျော်ရှိခဲ့ပါတယ်။

 

          ဒါ့အပြင် စိုက်ပျိုးရေးကို အ ခြေခံ တဲ့ နိုင်ငံဖြစ်သလို မြန်မာ့ လယ် ယာ ထွက် ကုန်တွေ ဖြစ်တဲ့ ဆန်၊ ပြောင်း၊ ပဲ၊ နှမ်း စတဲ့ကောက် ပဲ သီးနှံ တွေကိုလည်း နယ်စပ်ကနေ တင်ပို့နေ တာများပါ တယ်။ နယ်စပ် ကုန်သွယ်မှု ဟာ ပင် လယ် ရေ ကြောင်း ထက် မြန် ဆန်တဲ့ အ တွက် ကုန်သည်အများစု အ သုံးပြုတဲ့ လမ်းကြောင်း လည်း ဖြစ်ပါ တယ်။ သည်လိုအားသာ ချက် တွေရှိ တာ ကြောင့် နယ်စပ် ကုန် သွယ်ရေးမှာ အ ဟန့်အတား တွေ၊ အ ခက် အခဲတွေ ရှိတာဟာ နိုင်ငံရဲ့ ကုန် သွယ်မှုပမာဏ ကိုလျော့နည်းစေသ လို ပို့ကုန် ကဏ္ဍ ကိုလည်း များစွာ ထိခိုက် စေ တယ် လို့ ကုန်သည်အချို့က သုံး သပ် ကြ ပါ တယ်။

 

          လက်ရှိ ဘဏ္ဍာနှစ်အောက် တို ဘာလကနေ ဒီဇင်ဘာလ ၁၄ ရက် နေ့အထိ နယ်စပ်ကုန်သွယ်မှု ပမာ ဏ ကတော့ ပို့ကုန်ပမာဏ ကန် ဒေါ် လာ သန်း ၁၂ဝဝကျော်ရှိပြီး သွင်းကုန် ပမာ ဏကတော့ကန် ဒေါ် လာသန်း ၅ဝဝ ဖြစ်တယ်လို့ စီးပွားကူးသန်းဝန်ကြီး ဌာနရဲ့ စာရင်း တွေ အရ သိရပါတယ်။

 

Source : kumudra

Read 253 times
Rate this item
(0 votes)