Export & Import

ကုန်သွယ်မှုပမာဏ လေးလအတွင်း ဒေါ်လာ ၁၁ ဘီလီယံကျော်ရှိ

ကုန်သွယ်မှုပမာဏ လေးလအတွင်း ဒေါ်လာ ၁၁ ဘီလီယံကျော်ရှိ google

         မြန်မာနိုင်ငံ၏ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ပထမလေးလအတွင်း မြန်မာနိုင်ငံနှင့်ပြည်ပနိုင်ငံများကြား ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁၁ ဘီလီယံကျော်ရှိသည်။နိုင်ငံ ၂၃၀ ကျော်ဖြင့် ကုန်သွယ်နေသော မြန်မာနိုင်ငံအ နေဖြင့် ယခုဘဏ္ဍာနှစ်လေးလအတွင်း ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ သန်း ၃၀၀ ကျော် ပိုမိုကုန်သွယ်နိုင်ခဲ့သည်။

 

         ထို့အပြင် ကုန်သွယ်မှုလိုငွေ ပမာဏ သန်း ၉၅၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာသန်း ၆၀၀ ကျော် လျော့နည်းခဲ့သည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်လေးလအတွင်း ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၆ ဘီလီ ယံကျော်ရှိသည်။

 

         ကုန်သွယ်မှုလိုငွေလျော့ နည်းသွားခြင်းသည် ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများ နှေးကွေးနေခြင်းကြောင့်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်သည်။ လေးလအတွင်း သွင်းကုန်ပမာဏ ဒေါ်လာ ၆ ဒသမ ၁ ဘီလီယံရှိပြီး ယခင်နှစ်ထက် ဒေါ်လာသန်း ၁၈၀ ကျော် လျော့ နည်းခဲ့သည်။

 

         မြန်မာနိုင်ငံ၏ အခြေအနေက သွင်းကုန်ပိုင်းတွင် လျှော့ချရန် လတ်တလောအခြေအနေ၌ မလွယ်ကူသေးကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကပြောသည်။

 

         ရင်းနှီးမြှုပ်နှံမှု၊ ကုန်ကြမ်း ပစ္စည်းတင်သွင်းနေရမှု၊ နည်းပညာနှင့် အခြေခံအဆောက်အအုံ နှင့်ဆိုင်သော ကုန်ပစ္စည်းများတင်သွင်းနေရမှုများက သွင်းကုန်ပမာဏလျှော့ချရေး ဆောင်ရွက်ရန် ခက်ခဲနေသည်ဟု ဆိုသည်။

 

         ပို့ကုန်တွင် ချုပ်ထည်တင်ပို့ မှုနှင့် ကျွဲ၊ နွားတိရစ္ဆာန်ထွက် ပစ္စည်းများ တင်ပို့မှုတိုးတက်နေသည်။ ထို့ကြောင့် ပို့ကုန်တွင် လေးလအတွင်း ကန်ဒေါ်လာ ၅ ဒသမ ၂ ဘီလီယံကျော်တင်ပို့နိုင်သည်။ အဆိုပါပမာဏက ပြီးခဲ့ သည့် ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာသန်း ၅၀၀ ကျော်ပိုများသည်။

 

         ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အ တွက် မြန်မာနိုင်ငံ၏နိုင်ငံခြားကုန်သွယ်မှုကို ဒေါ်လာ ၃၁ ဒသမ ၁ သန်းကျော် ရရှိမည်ဟု စီးပွားကူး သန်းဝန်ကြီးဌာနက ခန့်မှန်းထားသည်။

 

         ‘‘ပို့ကုန်ပမာဏက တိုးတက် နေပါတယ်။ ဒီနှစ်မျှော်မှန်းထား တာထက် ပိုများသွားနိုင်တယ်’’ ဟု စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

 

         ထို့အပြင် မြန်မာနိုင်ငံ၏ ပို့ ကုန်ကဏ္ဍတွင် ၂၀ ရာခိုင်နှုန်းခန့် ပါဝင်နေသော သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ဝင်ငွေသည် ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်လျှင် လေး လအတွင်း ဒေါ်လာ ၈၅ သန်းခန့် လျော့ကျသွားသည်။ ယခုနှစ် လေးလတွင် ဒေါ်လာ သန်း ၉၀၀ ကျော် ရရှိထားသော်လည်း ထုတ်လုပ်မှုနှင့်ဈေးနှုန်းအခြေအနေကြောင့် ဝင်ငွေလျော့နည်းခြင်းဟု ဦးခင်မောင်လွင်က ပြောသည်။

 

         နယ်စပ်ကုန်သွယ်ရေးတွင် အဓိကဖြစ်သော မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးသည် ယခင် နှစ်ထက် သန်း ၅၀၀ ကျော်လျော့ နည်းခဲ့သည်။ လေးလအတွင်း ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံကျော် ပို့ကုန်တင်ပို့နိုင်ခဲ့သည်။ပြီးခဲ့သည့်နှစ် လေးလက ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံကျော် ပို့နိုင်သဖြင့် ကာလတူနှိုင်းယှဉ်ပါက ဒေါ်လာ သန်း ၅၅၀ ခန့်လျော့နည်းသည်။

 

         မြန်မာ-တရုတ် စင်္ကြံလမ်း စီမံကိန်း၊ နယ်စပ်စီးပွားရေးဇုန်များ အကောင်အထည်ဖော်လိုနေသော တရုတ်နိုင်ငံကမြန်မာ့ပို့ကုန်များကို တရားမဝင်ကုန်သွယ်ရေး တားဆီးရေးခေါင်းစဉ်ဖြင့် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။ ၂၀၁၈ အောက်တိုဘာက စတင်ပြီး နယ်စပ်တွင် တရုတ်လုံခြုံရေးအဖွဲ့များ ၏ အင်အားတိုးမြှင့်ချထားခြင်းက မြန်မာ့ပို့ကုန်တင်ပို့ရေးကို အဟန့် အတားဖြစ်စေခဲ့သည်။

 

Source : 7 Day Daily

Read times
Rate this item
(1 Vote)