Export & Import

မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်ရေးလုပ်ငန်းများ၌ ဘဏ်မှတစ်ဆင့် ငွေပေးချေမှု ဗဟိုဘဏ် ခွင့်ပြုမည်

မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်ရေးလုပ်ငန်းများ၌ ဘဏ်မှတစ်ဆင့် ငွေပေးချေမှု ဗဟိုဘဏ် ခွင့်ပြုမည် google

             မြန်မာ–တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်ရေးလုပ်ငန်းများတွင် ဘဏ်မှတစ်ဆင့် ငွေပေးချေခြင်းကို ဗဟိုဘဏ်က ၂၀၁၉ ခုနှစ်အတွင်း ခွင့်ပြုပေးမည်ဖြစ်ပြီး ပုဂ္ဂလိကဘဏ်များကိုလည်း လုပ်ကိုင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။

 

ငွေစာရင်းဖွင့်ရန်မလို

>>>>>>>>>>>>


             ယင်းကဲ့သို့ ကုန်သွယ်မှုပြုလုပ်ရာတွင် တရုတ်–မြန်မာ နှစ်နိုင်ငံအကြား အတည်ပြုထားသည့် တရားဝင်ကုန်ပစ္စည်းများ ရောင်းဝယ်မှုကို ကုန်သည်တစ်ဦးချင်းက ငွေစာရင်းဖွင့်ရန်မလိုဘဲ သက်ဆိုင်ရာဘဏ်များက တစ်ဆင့် ငွေအပေးအယူ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

"တရုတ်က တရားဝင်ဖြစ်မယ်။ မြန်မာကလည်း တရားဝင်ဖြစ်မယ်ဆိုရင် အဲဒီနှစ်ခုကို ကျွန်တော်တို့က မြန်မာနိုင်ငံရဲ့ ဘဏ်လမ်းကြောင်းကနေတစ်ဆင့်ဖြတ်ပြီးတော့ တရုတ်နဲ့မြန်မာက ဘဏ်တွေရဲ့ကြားမှာ ငွေပေးချေဖို့ ဖြစ်ပါတယ်။ တကယ်လို့ မြန်မာနိုင်ငံက ဘဏ်တွေမှာ ယွမ်တွေစုလာပြီဆိုရင် တရုတ်ဘဏ်တွေကနေ အခြားနိုင်ငံငွေတွေ ပြန်လဲပေးဖို့ သဘောတူညီချက်တွေ ရှိထားပြီးပါပြီ။ ဒီကိစ္စတွေ လုပ်ခွင့်ပေးဖို့ကို ဘဏ် တွေဘက်ကို ဗဟိုဘဏ်က စာတင်ခိုင်းထား ပါတယ်" ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောဆိုသည်။

 


             မြန်မာကုန်သည်တစ်ဦးသည် တရုတ် နယ်စပ်တွင် တစ်နေ့လျှင် ယွမ်ငါးထောင်နီးပါး ကုန်သွယ်ခွင့်ရှိရာ ကုန်သွယ်မှုပြုလုပ်ပြီး တရုတ်နိုင်ငံပိုင်ဘဏ်တွင် မြန်မာကုန်သည်များက ငွေစာရင်းဖွင့်ထားသော်လည်း ဗဟိုဘဏ်ထံ အကြောင်းကြားထားခြင်း မရှိကြောင်း သိရသည်။

 

             ယခင်မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြည် တွင်းထွက်ကုန်ပစ္စည်းများ အရောင်းအဝယ် ပြုလုပ်မှုမှရရှိသည့် တရုတ်ငွေများသည် တရုတ်တွင် ဖွင့်လှစ်ထားသော ဘဏ်အကောင့်ထဲသို့ ရောက်ရှိသွားခြင်းဖြစ်ပြီး ယင်းအကောင့်မှ တစ်ဆင့် အခြားကုန်ပစ္စည်းများဝယ်ယူမှု အတွက် ငွေပေးချေမှုခွဲထွက်သွားခြင်းအပေါ် တရုတ်ဗဟိုဘဏ်အနေဖြင့် ထိန်းချုပ်နိုင်ခဲ့ ခြင်းမရှိကြောင်း သိရသည်။

 

             "ဒါပေမဲ့ အခုနောက်ပိုင်းမှာ တရုတ်က နောက်ပိုင်းနည်းပညာမြင့်လာတော့ မြန်မာကုန်သည်တွေရဲ့ငွေစာရင်းထဲကို ငွေတွေအများ ကြီးဝင်လာပြီး နည်းနည်းချင်းပြန်ထွက်တော့ ဘာလုပ်နေတာလဲဆိုပြီး သံသယဝင်လာ တယ်။ အဲဒါကို သူတို့က မူးယစ်ဆေးဝါးလုပ် လား၊ လောင်းကစားလုပ်တာလား၊ လက်နက် အရောင်းအဝယ်လုပ်လား ဒါမျိုးတွေစိတ်ပူ လာတယ်။ အဲဒီလိုစိတ်ပူလာတော့ ဘဏ်အကောင့်တွေပိတ်လိုက်တာ။ အဲဒါကို ကျွန်တော် တို့အနေနဲ့ ဘာမှပြောပိုင်ခွင့်မရှိဘူး။ ဒီအကောင့်တွေက ဗဟိုဘဏ်ထောက်ခံချက်နဲ့ ဖွင့်ထားတာလည်း မဟုတ်ဘူး။ ပြဿနာဖြစ်မှ ရောက်လာတာပါ"ဟု ဦးဘိုဘိုငယ်က ပြောဆိုသည်။

 

             လက်ရှိတွင် မြန်မာ့စီးပွားရေးဘဏ်တစ်ခုတည်းကိုသာ တရုတ်နိုင်ငံဘက်က ဘဏ်များနှင့် ငွေပေးချေနေပြီး မကြာမီ ပုဂ္ဂလိက ဘဏ်များကို ဆက်လက်လုပ်ကိုင်ခွင့်ပေးမည် ဖြစ်ကြောင်း သိရသည်။

 

လိုင်စင်ပေးထား

>>>>>>>>>>>>

             တရုတ်ယွမ်ကို တရုတ်ဗဟိုဘဏ်ဖြင့်လည်း ကောင်း၊ ဂျပန်ယန်းကို ဂျပန်ဗဟိုဘဏ်ဖြင့် လည်းကောင်း မြန်မာနိုင်ငံတို့အကြား သဘောတူစာချုပ်မရှိ၍ လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသေး ဆိုသည်မှာမဟုတ်သလို တရုတ်ယွမ်နှင့် ဂျပန်ယန်းကို မည်သည့်နိုင်ငံခြားငွေမဆို ငွေလဲလှယ်မှုပြုလုပ်ရန်နှင့်ပတ်သက်၍ တာဝန်ခံ လုပ်ကိုင်မည့် သက်ဆိုင်ရာနိုင်ငံမှ ဘဏ်များကို မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်လိုင်စင်ပေးထားကြောင်း သိရသည်။

 

             ထို့ကြောင့် တရုတ်၊ ဂျပန်နှင့် မြန်မာနိုင်ငံတို့အကြား ငွေလဲလှယ်ခြင်းနှင့် ပတ်သက်၍ အစိုးရချင်း G to G ဆောင်ရွက်မှုကို ငွေလဲလှယ်နှုန်းကြီးမားလာသည့်အချိန်တွင် လိုအပ်လာနိုင်သောကြောင့် တရုတ်ဗဟိုဘဏ်၊ ဂျပန် ဗဟိုဘဏ်တို့နှင့်ဆွေးနွေးထားကြောင်း သိရသည်။

 

Source ;Myanmar Time

Read times
Rate this item
(1 Vote)