Export & Import

Trading Across Border လုပ်ငန်းစဉ်အတွက် အကောက်ခွန်ဦးစီးဌာနမှ ဖြေလျော့ဆောင်ရွက်ပေး

Trading Across Border လုပ်ငန်းစဉ်အတွက် အကောက်ခွန်ဦးစီးဌာနမှ ဖြေလျော့ဆောင်ရွက်ပေး google

          Doing Business Indicators တစ်ခုဖြစ်သည့် Trading Across Border လုပ်ငန်းစဉ် Survey စစ်တမ်းတွင် တစ်ခုအပါအ၀င်ဖြစ်သည့် ပြည်ပမှ Car Spareparts တင်သွင်းရာတွင် လုပ်ငန်းပိုမိုအဆင်ပြေစေရန်အတွက် Brand New Car စပါယ်ယာပါတ်များအား စစ်ထုတ်ဖြင့်ပြောင်းလဲ ထုတ်ယူခွင့်ပြုအား (၈-၃-၂၀၁၉) ရက်နေ့မှစတင်ဖြေလျော့ ဆောင်ရွက်ပေးခဲ့တယ်။

 

          အဆိုပါ care sparepart များအား စီးပွားကူးသန်းတွင်လည်းလိုင်စင်လျောက်ထားဖို့မလိုအပ်ခြင်း အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းများတွင်လည်း စစ်ထုတ်ဆောင်ရွက်နိုင်သည့်အတွက် အချိန်ငွေကြေး ပိုမိုလျော့နည်းသက်သာပြီး လုပ်ငန်းများယခင်ထက် ပိုမိုမြန်ဆန်လာနိုင်တော့မည်လဲ ဖြစ်ပါတယ်။

 

          အကောက်ခွန်ဦးစီးဌာန၊ ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေးဌာနခွဲမှ (၈.၃.၂၀၁၉)ရက်နေ့ တွင် Brand New Car Spare Parts များအား စစ်/ထုတ်ဖြင့် ပြောင်းလဲထုတ်ယူခွင့်ပြုခြင်း ကိစ္စနှင့်ပတ်သက်၍ ဌာနခွဲအမိန့်စာအမှတ် (၁၀)ကို ထုတ်ပြန်ခဲ့ပါတယ်။ထိုအမိန့်စာအရ အောက်ပါအချက်များပြည့်စုံပါက ကြိုတင်စစ်ဆေးမှု ကင်းလွတ်ခွင့်ရ နိုင်မည်ဖြစ်ကြောင်း သိရှိရပါတယ်-

 

(က) တင်သွင်းပစ္စည်းများသည် Car Spare Parts Brand New များသာဖြစ်ရပါမည်။

 

(ခ) သွင်းကုန်ကြေညာလွှာတွင် ဖော်ပြကြေညာထားသည့်အတိုင်း တင်သွင်းသည့် ကုန်ပစ္စည်းနှင့် HS Code များကိုက်ညီမှန်ကန်ရမည်။

 

(ဂ) သွင်းကုန်ကြေညာလွှာတွင် ဖော်ပြကြေညာထားသော အရေအတွက်များ၊ Brand၊Sub-Brand ၊C/O ၊H/P၊ Part Number နှင့်Weight စသည့် ဖော်ပြချက်များ ကိုက်ညီမှန်ကန်မှုရှိရမည်။

 

(ဃ) (၆)လအတွင်း အကောက်ခွန်စည်းကြပ်တန်ဖိုးရှိပြီး (သို့မဟုတ်) Advance Ruling ဖြင့် တန်ဖိုးသတ်မှတ်ချက်ရရှိပြီး ဖြစ်ရမည်။

 

(င) မော်တော်ယာဉ် နှင့် မော်တော်ယာဉ်အစိတ်အပိုင်းများအတွက် အခါအားလျော်စွာ ထုတ်ပြန်သည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ကြေညာစာများအတိုင်းလိုက်နာ ဆောင်ရွက်ရမည်။

 

(စ) သွင်းကုန်ကြေညာလွှာနှင့်အတူ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းအထောက် အထားများ၊ Catalogue များ၊ ဓါတ်ပုံမှတ်တမ်းများနှင့် အသေးစိတ်ဖော်ပြချက်များ ပြည့်စုံ မှန်ကန်စွာတင်ပြရမည်ဖြစ်ပြီး မှန်ကန်ကြောင်း ကြေညာတင်သွင်းသူမှ တာဝန်ယူရမည်။

 

(ဆ) တင်သွင်းလာသောပစ္စည်းများတွင် အခြားစက်ပစ္စည်း Spare Parts များ ရော နှောပါရှိလာပါက အသေးစိတ်ခွဲခြားဖော်ပြပေးမှသာ အခွန်စည်းကြပ်ဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် HS Code အား အသေးစိတ်ခွဲခြားဖော်ပြပေးရမည်။ (ယာဉ်နှင့်ပတ်သက်မှုမရှိသည့် အခြားစက်ပစ္စည်းများ ရောနှောသယ်ဆောင်လာ ပါက စည်းကြပ်မှုပြုပြီး စစ်/ထုတ်ဆောင်ရွက်ခွင့်ပြုမည် မဟုတ်ပါ။)

 

(ဇ) တင်သွင်းသည့်ပစ္စည်းများသည် မျက်မြင်စစ်ဆေးချိန်တွင် မြေပြင်စစ်ဆေးချက် နှင့် ကွဲလွဲကြောင်းတွေ့ရှိပါက အဆိုပါတင်သွင်းသူ၏ နောင်တင်သွင်းမည့် Shipment များ၌ကြိုစစ်ဆောင်ရွက်ရမည် ဖြစ်ပါသည်။

 

(ဈ) အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်နှင့် အကောက်ခွန် လျော့နှုန်းခံစားထားသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ သွင်းကုန်ကြေညာလွှာတွင် ဖော်ပြကြေညာထားချက်နှင့် မြေပြင်စစ်ဆေးတွေ့ရှိချက် ကွဲလွဲကြောင်းတွေ့ရှိပါက အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်များကို ပယ်ဖျက်၍ ကျသင့်အခွန်အခများ ပြန်လည်စည်းကြပ်ပေး ဆောင်ရမည်ဖြစ်ပါသည်။

 

          ကြေညာလွှာတင်သွင်းသူများအနေဖြင့် Brand New Car Spare Parts များ တင်သွင်းလာပါက ကြိုစစ်စစ်ဆေးရန်မလိုအပ်တော့ပါသဖြင့် Import Declaration များ၏ Category of Cargo နေရာတွင် “O : Imports of goods to be cleared under SCA Section 29” အား ရွေးချယ်ရန်မလိုဘဲ ကြေညာလွှာတင်သွင်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါတယ်။


Source : Supply Chain Logistics & Transportation Group

 

Myanmar Logistics Guide

Read times
Rate this item
(1 Vote)