Export & Import

အဓိက ကုန်သွယ်ရေးစခန်းအချို့ ကုန်သွယ်မှုကျဆင်းနေသော်လည်း နယ်စပ်ကုန်သွယ်ရေး တိုးတက်မှုရှိ

အဓိက ကုန်သွယ်ရေးစခန်းအချို့ ကုန်သွယ်မှုကျဆင်းနေသော်လည်း နယ်စပ်ကုန်သွယ်ရေး တိုးတက်မှုရှိ google

     ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် မတ်လအထိ နယ်စပ်ကုန်သွယ်မှုပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ သန်း (၄) ထောင်ကျော် ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ကန်ဒေါ်လာ (၁၄၅) သန်း တိုးတက်ခဲ့ကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အချက်အလက်များအရ တွေ့ရသည်။

 

     ယခင်က နယ်စပ်ကုန်သွယ်ရေးတွင် စုစုပေါင်း နယ်စပ်ကုန်သွယ်ရေး၏ (၅၀) ရာခိုင်နှုန်းနီးပါးကို မူဆယ်နယ်စပ်ဂိတ်မှ နှစ်စဉ်ရရှိခဲ့ရာပြီး လက်ရှိ ဘဏ္ဍာနှစ်တွင် တရုတ်၏ မူဝါဒအပြောင်းအလဲကြောင့် ကုန်သွယ်မှု ကျဆင်းခဲ့သည်။ယခင်က မူဆယ်နယ်စပ်ဂိတ်တွင် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (၂၇၀၀) ကျော် ရှိခဲ့သော်လည်း လက်ရှိဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၂၁၀၀) ကျော် ရရှိထားပြီး သန်း (၅၈၈) သန်းကျော် လျော့ကျခဲ့ခြင်းဖြစ်သည်။

 

     “ဒါကတော့ (တရားမ၀င်ကုန်သွယ်မှုတားမြစ်ခြင်း) Policy လေ တရုတ်နိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းပေါ့။ Trade မှာ Market မရှိတာမဟုတ်ဘူး အရောင်းအ၀ယ်အရ Demand က ရှိနေတယ်လေ။ Demand ပေါ်မှာ သူတို့နိုင်ငံရဲ့အခြေအနေအရ ဒါက Political Economy ပေါ့၊ လိုအပ်ချက်အရ တရားမ၀င်တာတွေကို သူကတားပိုင်ခွင့်ရှိတယ်လေ။ သူတို့နိုင်ငံက တားချင်လို့ ဒါကိုပိတ်ထားတာကို လေးစားလိုက်နာရတာပေါ့၊ နိုင်ငံအသီးသီးက တရားဝင်ကြေညာထားတာကိုလိုက်နာရတာပေါ့။ ဒါကတော့ ဘယ်လိုမှရှောင်လွှဲလို့မရဘူး” ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝင် ဦးအောင်စိုးက ပြောပြသည်။

 

     နယ်စပ်ကုန်သွယ်ရေးစခန်းအချို့တွင် ကုန်သွယ်မှုပမာဏ လျော့ကျရခြင်းမှာ အခြားသောကုန်သွယ်ရေးစခန်းမှ ပြောင်းလဲ ပို့ဆောင်နေသည့်အတွက်လည်း ဖြစ်လေ့ရှိကြောင်း ၄င်းက ဆိုသည်။မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းများအပြင် အခြားသော နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် မူဆယ်၊ လွယ်ဂျယ်၊ တာချီလိတ်၊ မြ၀တီ၊ မြိတ်နှင့် မောင်တော တို့တွင်လည်း ကုန်သွယ်မှုပမာဏများ လျော့ကျနေသည်ကို တွေ့ရသည်။

 

     သို့သော်လည်း ကုန်သွယ်မှုပမာဏ သိသိသာသာတိုးတက်လာမှုအဖြစ် ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ယခင်နှစ် ကုန်သွယ်မှု ဒေါ်လာ သန်း (၈၀) ရှိရာမှ ယခုနှစ် ကုန်သွယ်မှုပမာဏ ဒေါ်လာ သန်း (၇၉၀) ကျော် ရှိလာခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း (၇၁၀) ကျော်တိုးတက် ရရှိထားသည်။လက်ရှိဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေစုစုပေါင်း ဒေါ်လာ သန်း (၅၀၀) ၀န်းကျင်အထိ လျော့ကျသွားရန် ဆောင်ရွက်မည်ဖြစ်ကြောင်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ န၀မပုံမှန်အစည်းအဝေး ပထမနေ့၌ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ပြောဆိုခဲ့သည်။

 

     ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၁၅ ဒဿမ ၃) ဘီလီယံ ရရှိရန်နှင့် သွင်းကုန်တန်ဖိုး (၁၅ ဒဿမ ၈) ဘီလီယံရရှိရန်လည်း ဆောင်ရွက်နေကြောင်း ဆိုသည်။မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ကုန်သွယ်မှုစုစုပေါင်း ဒေါ်လာ (၃၁) ဘီလီယံ ရရှိစေရန်လည်း လုပ်ဆောင်မည်ဟု ဆိုထားသည်။

 

Source : betvmyanmar

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)