Export & Import

သွင်းကုန် ပြန်လည်မြင့်တက်လာ၍ ကန်ဒေါ်လာလဲနှုန်း ပြောင်းလဲနိုင်

သွင်းကုန် ပြန်လည်မြင့်တက်လာ၍ ကန်ဒေါ်လာလဲနှုန်း ပြောင်းလဲနိုင် google

ပြည်တွင်း ငွေကြေး ဈေးကွက်တွင် မတ်လ ဒုတိယပတ်က စတင်ပြီး အမေရိကန်ဒေါ် လာတန်ဖိုးပြန်လည်မြင့်တက်လာခဲ့ပါတယ်။တစ်ဒေါ်လာ ၁,၅၁၀ ကျပ် ခန့်တွင် တည်ငြိမ်ခဲ့သော ဒေါ်လာ တန်ဖိုးသည် မတ်လ ၁၄ ရက်တွင် ၁,၅၂၀ ကျပ်သို့ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

 

‘‘အခုသွင်းကုန်ပိုင်းက ပြန်တက်လာတော့ နောက်တစ်ပတ် လောက်ဆိုရင် ဒေါ်လာကပြန် တက်လာနိုင်တယ်’’ ဟု မြန်မာ နိုင်ငံမော်တော်ယာဉ်တင်သွင်း ထုတ်လုပ် ဖြန့်ဖြူးရောင်းချသူ များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုး ထွန်းကပြောခဲ့ပါတယ်။

 

ပြည်တွင်း၌ ဒေါ်လာတန်ဖိုး သာမက ရွှေဈေးလည်းမြင့်တက်လာပြီး မတ်လ ၁၃ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ဆယ်သိန်းခြောက်သောင်း သုံးထောင်ဈေးဖွင့်ပါတယ်။

 

သွင်းကုန်ပမာဏက ပို့ကုန်ထက်များပြီး ကုန်သွယ်မှုလိုငွေရှိနေသော နိုင်ငံတွင် ဒေါ်လာတန်ဖိုး ကျဆင်းခြင်းက ပြည်ပမှဆောက်လုပ်ရေးပစ္စည်းများ တင်သွင်းမှုနည်းခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အချို့အတွက် ငွေဝင်လာခြင်း စသည်တို့ကြောင့် ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က ခန့်မှန်းထားခဲ့ပါတယ်။

 

မြန်မာနိုင်ငံသို့ နိုင်ငံခြားမှ ကုန်ပစ္စည်းများ တင်သွင်းရာတွင် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းတန်ဖိုး ကဒေါ်လာ ၂၂၃ သန်းကျော် လျော့နည်းပြီး လုပ်ငန်းသုံးကုန် ကြမ်းပစ္စည်းတင်သွင်းမှုက ဒေါ် လာသန်း ၂၀၀ ခန့်လျော့နည်းခဲ့ပါတယ်။

 

အဆိုပါ စာရင်းများက ၂၀၁၈ အောက်တိုဘာ ၁ ရက် မှ ၂၀၁၉ မတ်လ ၁ ရက်အထိ စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနစာရင်းများကိုပြီးခဲ့သည့် နှစ်ကာလတူနှင့် နှိုင်း ယှဉ်ဖော်ပြထားခြင်းဖြစ်ပါတယ်။

 

မြန်မာနိုင်ငံတွင် လကုန်ရက် များ၌ အထည်ချုပ်လုပ်ငန်းများ အပါအ၀င် နိုင်ငံခြားစီးပွားရေး လုပ်ငန်းများမှ လစာပေးရန် ဒေါ်လာများပြည်တွင်းသို့ ၀င်လာချိန်တွင် ဒေါ်လာတန်ဖိုးကျဆင်းလေ့ ရှိသည်ဟု စီးပွားရေးလုပ်ငန်းရှင် အချို့ကပြောခဲ့ပါတယ်။

 

Source : 7 Day Daily

 

Myanmar Logistics Guide

 
 

 

 
Read 400 times
Rate this item
(0 votes)