Export & Import

ကုန်သွယ်ရေးစစ်ကြောင့် အာဆီယံက စီးပွားရေးလုပ်ငန်းတွေ ချဲ့ထွင်နိုင်တဲ့ အလားအလာ

ကုန်သွယ်ရေးစစ်ကြောင့် အာဆီယံက စီးပွားရေးလုပ်ငန်းတွေ ချဲ့ထွင်နိုင်တဲ့ အလားအလာ google

ကမ္ဘာ့အင်အားကြီးစီးပွားရေး နှစ်နိုင်ငံအကြားက ကာလကြာ ကုန်သွယ်ရေးစစ်တစ်ခု ဖြစ်နေချိန် အမေရိကန် နဲ့ တရုတ်တို့က ရင်းနှီးမြှုပ်နှံသူတွေကတော့ အာဆီယံဈေးကွက်တွေအ ပါအ၀င် အခြားသော ဒေသတွေဆီ ပိုမို ပြောင်းလဲ အာရုံစိုက် လာနေကြပြီဖြစ်ကြောင်း စင်ကာပူမှာ ကျင်းပသွားခဲ့တဲ့ ကွန်ဖရင့်တစ်ခုမှာ ဆွေးနွေးပြောကြားသွားပါတယ်။

 

“ ကျွန်တော်တို့ရဲ့ လေ့လာချက်တစ်ရပ်အရ လက်ရှိ ကုန်သွယ် ရေးစစ် အကျိုးဆက်ကြောင့် အမေရိကန်က ရင်းနှီးမြှုပ်နှံသူ တွအနက် ၃၅ ဒသမ ၄ ရာခိုင်နှုန်းလောက်ဟာ သူတို့ရဲ့ ကေုန်ထုတ်လုပ်မှုလုပ်ငန်းစက်ရုံတွေကို တရုတ်ကနေတဆင့် အခြား နိုင်ငံတွေဆီ ပြောင်းရွှေ့ဖို့ စဉ်းစားနေကြပါပြီ” လို့ DSG Asia ရဲ့ အမှုဆောင်အရာရှိချုပ် Dr Simon Ogus က စင်ကာပူမှာ မေလ ၉ ရက်က ပြုလုပ်တဲ့ အခမ်းအနားမှာ ပြောသွားပါတယ်။

 

စစ်တမ်းဖြေဆိုသူ အမေရိကန် ၁၈ ဒသမ ၅ ရာခိုင်နှုန်းကတော့ သူတို့ရဲ့ စက်ရုံတွေကို အာဆီယံနိုင်ငံတွေဆီရွှေ့ဖို့ စဉ်းစားလေ့လာနေတယ်လို့ပါ ပြောသွားကြကြောင်း Ogus က ပြောသွားပါတယ်။

 

“ အာဆီယံက စီးပွားရေးလုပ်ငန်းတွေ ချဲ့ထွင်နိုင်တဲ့ အလားအလာကောင်းတွေ ပြည့်နှက်နေတဲ့ ဒေသတစ်ခုဖြစ်ပါတယ်၊ ဒီဒေသရဲ့ ဈေးကွက်တွေဟာ စည်းမျဉ်းပိုင်းနဲ့ပတ်သက်လို့ ဖွင့်လှစ်ထားသလို နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေကို လည်း တိုးမြှင့်ဖိတ်ခေါ်နေပါတယ်” လို့ Mayban Kim Eng ရဲ့ ဒေသတွင်း စီးပွားရေး အရာရှိ Cha Huk Bin ကလည်း ပြောသွားပါတယ်။

 

အလားတူ အာဆီယံနဲ့ တရုတ်အကြား လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်တစ်ခုကြောင့်လည်း တရုတ် ရင်းနှီးမြှုပ်နှံသူတွေကို အာဆီယံ နိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့နိုင်မယ့် အခွင့်အလမ်းကောင်းတွေ လမ်းပွင့်နေလျက်ရှိကြောင်း APS Asset Management ရဲ့ ဒုတိယဥက္ကဌ Tan Kong Yam က ယင်းကွန်းဖရင့်မှာ ဆွေးနွေးသွားပါတယ်။

 

Source : SFJ Strategy First Journal

 

Myanmar Logistics Guide

Read 168 times
Rate this item
(1 Vote)