Export & Import

ထိုင်း - မြန်မာ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု မကြာခင်စတင်မည်

ထိုင်း - မြန်မာ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု မကြာခင်စတင်မည် google

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအနက် ပထမဦးဆုံး နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုအဖြစ် ထိုင်း ၊ မြန်မာ နှစ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုကို လာမည့် ဇူလိုင်လကုန်တွင် စတင်မည်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံသည် ယခုအစီအစဉ်ကို မြန်မာနှင့်စတင်ရန် လွန်ခဲ့သော တစ်နှစ်ကတည်းက ဆွေးနွေးခဲ့တာပါ။

 

မြန်မာ“ထိုင်း နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးက ကနဦးအကောင်အထည်ဖော်မှုဆိုင်ရာ နားလည်မှုစာလွှာ(Initial Implementation of a Cross-Border Transport Agreement (IICBTA MoU) ကို ယခုနှစ် မတ် ၁၃ ရက်တွင် ရေးထိုးခဲ့ပြီးနောက် တစ်လအကြာတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်မှန်းထားခဲ့ပါတယ်။

 

သို့သော် ပြီးခဲ့သည့်မေလက ဆွေးနွေးမှုအရ ထိုင်းနိုင်ငံတွင် International Cross Border Operator (ICBO) လိုင်စင်ထုတ်ပေးရေးနှင့် မော်တော်ယာဉ် ယာယီဝင်ခွင့်လက်မှတ်(Temporary Expedition Document) လုပ်ငန်းစဉ် နှစ်လကြာမြင့်မည်ဖြစ်သည့်အတွက် ဇူလိုင်လကုန်တွင် စတင်နိုင်မည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှုး ဦးဝင်းလှိုင်က မြန်မာတိုင်း(မ်)ကို ပြောပြချက်အရ သိရပါတယ်။

 

ထိုင်း “မြန်မာ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် မောင်းနှင်၍ ကုန်သွယ်မှုပြုလုပ်ရန် တစ်ဖက်လျှင် ကားစီးရေ ၁၀ဝ စီကို တစ်နှစ်သက်တမ်းရှိ ယာယီဝင်ခွင့်လက်မှတ်ဖြင့် နှစ်ဖက်အစိုးရက ထုတ်ပေးပြီး ရန်ကုန်(သီလဝါ) “မြဝတီမှ မဲဆောက် “ဘန်ကောက် (လန်ချန်ဘန်း) အထိ ပြေးဆွဲမည်ဖြစ်ပါတယ်။

 

နှစ်နိုင်ငံအစိုးရကInternational Cross Border Operator(ICBO) လိုင်စင်များကို Logistic ကုမ္ပဏီများ ကိုထုတ်ပေးရပြီး မြန်မာနိုင်ငံဘက်မှ ကနဦးအနေဖြင့် ကုန်တင်ကား ၆၁ စီးကို လိုင်စင်ထုတ်ပေးမည်ဖြစ်ပါတယ်။ လက်ရှိတွင် အစီး ၄၀ ကျော် လိုင်စင်ထုတ်ပေးပြီးပြီဖြစ်ပြီး ကျန်အစီးအရေအတွက် လိုင်စင်ထုတ်ပေးရန် စိစစ်ဆောင်ရွက်နေခဲ့ကြပါတယ်။

 

ပို့ဆောင်ဆက်သွယ်ရေး ဝန်ဆောင်မှု သိရှိလိုပါက - https://www.logisticsguide.com.mm/en/category-index/specialist-logistics/logistics-services.html

 

နှစ်ဖက်သဘောတူညီချက်အရ အစီးရေ ၁၀ဝ ပြေးဆွဲ နိုင်သော်လည်း လျှောက်ထားလာမှုနည်းပြီး နယ်စပ် ဖြတ်ကျော်ကုန်သွယ်မှုကို ယခုမှ စိတ်ဝင်စား၍ လာရောက်လျှောက်ထားနေဆဲဖြစ်ကြောင်း ဝန်ကြီးဌာနမှ သိရသည်။လက်ရှိတွင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ခွင့်ရရှိမည့် ကုမ္ပဏီသုံးခုဖြစ်သေMK Transportation, Hercules Logistic ကုမ္ပဏီနှင့် Resource Group Logistic ကုမ္ပဏီ တို့ကို အစိုးရက တရားဝင်ကြေညာထားခဲ့ပါတယ်။

 

ထိုင်းနိုင်ငံနှင့် စတင်ညှိနှိုင်းစဉ်က မြန်မာဘက်မှ မြဝတီ ၊ မော်လမြိုင်လမ်းကြောင်းနှင့် မြဝတီ ၊ ရန်ကုန် (သီလဝါ) စသည့် လမ်းကြောင်းနှစ်ခု လျာထားခဲ့ပါတယ်။ ကုန်တင်ကုန်ချပြုလုပ်မည့်နေရာ၊ ယာဉ်ရပ်နားရာ နေရာများ နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများဖြစ်သည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အကောက်ခွန်ဌာနမှ မြဝတီ ၊ သီလဝါ လမ်းကြောင်းကို စတင်ရန် သဘောထား မှတ်ချက်ပေးခဲ့သည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိခဲ့ရပါတယယ်။ထိုင်းနိုင်ငံမှ အကောက်ခွန်ရှင်းလင်းခြင်းကိစ္စရပ်ကို မဲဆောက်တွင် ပြုလုပ်မည်။

 

မြန်မာနိုင်ငံဘက်က အကောက်ခွန်ရှင်းလင်းခြင်းကို မြဝတီ ၊ မော်လမြိုင်လမ်းကြောင်းဖြစ်ပါက မြဝတီတွင် လုပ်ဆောင်မည်ဖြစ်ပြီး မြဝတီ ၊ ရန်ကုန်(သီလဝါ)ဖြစ်ပါက သီလဝါတွင် ဆောင်ရွက်မည်ဖြစ်ပြီး"သူတို့နဲ့ ကျွန်တော်တို့ဆွေးနွေးချက်အရ အကောက်ခွန်ရှင်းလင်းခြင်းကို မဲဆောက်မှာလုပ်မယ်။ မဲဆောက် “ လန်ချန်ဘန် လမ်းကြောင်းမှာ လန်ချန်ဘန်ထိလည်း သွားလို့ရတယ်။ ပြီးတော့ အဲဒီလမ်းကြောင်းမှာရှိတဲ့ ကုန်ပစ္စည်းကို အတင်၊ အချ နှစ်မျိုးစလုံးလုပ်လို့ရမယ့်ပုံစံမျိုး ပြောထားတယ်"ဟု ဦးဝင်းလှိုင်က ပြောပါတယ်။

 

နယ်စပ်ဖြတ်ကျော် ကားလမ်းကြောင်းအရ ထိုင်းနိုင်ငံမှ ကားများသည် မြဝတီနယ်စပ်ကိုဖြတ်၍ ရန်ကုန် သီလဝါအထူးစီးပွားရေးဇုန်အထိ သွားခွင့်ရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ကားများသည် ဘန်ကောက်မြို့ရှိ လန်ချန်ဘန်း ဆိပ်ကမ်းအထိ သွားနိုင်မည်ဖြစ်ပါတယ်။"နယ်စပ်ဖြတ်ကျော်က နိုင်ငံတော်ဘက်ကလည်း နောက်ထပ် ဘာမှဖြေလျှော့မှုမပေးဘဲ သီလဝါ အထူးစီးပွားရေးဇုန် သွားတဲ့လမ်းအတိုင်းပဲ သွားရမယ်ဆိုရင်တော့ ဘာမှအကျိုးမထူးဘူး။ ကျွန်တော်တို့ဘက်ကလည်း ထိုင်းနိုင်ငံရဲ့ လန်ချန်ဘန်းမှာရှိတဲ့ အကောက်ခွန်ရုံးကလွဲပြီး ဘယ်မှမသွားရဘူးဆိုရင် အဆင်မပြေဘူး"ဟု မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးအောင်ခင်မြင့်က ပြောခဲ့ပါတယ်။

 

မြန်မာနိုင်ငံဘက်မှ ကုန်တင်ကားများသည် လန်ချန်ဘန်းရှိ ထိုင်းနိုင်ငံအကောက်ခွန်ဌာနထိသာ သွား၍ရမည်ဖြစ်ပြီး အဆိုပါနေရာတွင် ကုန်ချကာ ထိုင်းနိုင်ငံအတွင်း ဖြန့်ချိရေးလုပ်ငန်းများ လုပ်ရမည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့ပါတယ်။ ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံ တို့မှ ကုန်တင်ကားများ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု ပြုလုပ်ရာတွင် အကောက်ခွန်ရှင်းလင်းရေး ပြုလုပ်ပြီးပါက ခွင့်ပြုထားရာလမ်းကြောင်းနှင့် ဆက်စပ်နေသော ဈေးကွက်နှင့် စက်မှုဇုန်များသို့ ၂ မိုင်မှ ၆ မိုင်အထိ သွားခွင့်ပြုထားကြောင်း သိရပါတယ်။

 

"ဌာနပေါင်းစုံက စဉ်းစားပြီး အဖြေတစ်ခုမထွက် သေးရင် ထိုင်းနိုင်ငံက ကားတွေဝင်လာလည်း အကျိုးမရှိဘူး။ သီလဝါ အထူးစီးပွားရေးဇုန်ထဲပဲ သွားလို့ရမယ်။ကျွန်တော်တို့လည်း ထိုင်းနိုင်ငံ လန်ချန်ဘန်းကလွဲရင် သွားမရပေမဲ့ ထိုင်းနိုင်ငံဘက်ကတော့ ဖြေလျှော့ထားပြီးဖြစ်လို့သွားလို့ရအောင် လုပ်ယူလို့ရတယ်။ မြန်မာနိုင်ငံက သာလုပ်မရတာ"ဟုResource Group Logistic ကုမ္ပဏီ၏ပိုင်ရှင်လည်းဖြစ်သူ ဦးအောင်ခင်မြင့်က ပြောပြချက်အရ သိခဲ့ရခြင်း ဖြစ်ပါတယ်။

 

ReadMore - မြန်မာ-တရုတ် နှစ်နိုင်ငံကြား နယ်စပ်ကုန်စည်လမ်းကြောင်းသစ်ဖောက်ရန် ဆွေးနွေး

 

Source : Myanmar time

 

Myanmar Logistics Guide

 

 

 

Read 1309 times
Rate this item
(1 Vote)