Export & Import

သွင်းကုန်လျော့နည်းပြီး ကုန်စည်ပို့ဆောင်ခ ၁၀ ရာခိုင်နှုန်းကျော် ဈေးကျ

သွင်းကုန်လျော့နည်းပြီး ကုန်စည်ပို့ဆောင်ခ ၁၀ ရာခိုင်နှုန်းကျော် ဈေးကျ google

တရုတ်ကုန်သည်များထံ ငွေလွှဲမရခြင်းကြောင့် မူဆယ်နယ် စပ်မှ သွင်းကုန်ပမာဏလျော့နည်း ပြီး နှစ်လအတွင်း ကုန်စည်ပို့ ဆောင်ခ ၁၀ ရာခိုင်နှုန်းကျော် ကျဆင်းကြောင်း အဝေးပြေးကုန် စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဝင်းအောင်ခန့် က ပြောသည်။

 

တရုတ်နိုင်ငံရှိ ဘဏ်များတွင် တရုတ်ပို့ကုန်လုပ်ငန်းရှင် အချို့၏ ဘဏ်စာရင်းများ အပိတ်ခံရသဖြင့် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ ဝယ်ယူရန် ငွေလွှဲပေးပို့၍မရပေ။ ထို့ကြောင့် မူဆယ် နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံထုတ် လူသုံးကုန်ပစ္စည်းများ တင်သွင်းမှု လျော့နည်းခဲ့ကြောင်း ၎င်းကဆိုသည်။

 

ပို့ဆောင်ဆက်သွယ်ရေး ဝန်ဆောင်မှု သိရှိလိုပါက - https://www.logisticsguide.com.mm/en/category-index/specialist-logistics/logistics-services.html

 

‘‘ကားခဈေးကျတော့ လုပ်ရကိုင်ရတာ မကောင်းဘူး’’ဟု ဦးဝင်းအောင်ခန့်က ပြောသည်။ မူဆယ်မှ ရန်ကုန်မြို့သို့ တန် ၃၀ တင်ဆောင်နိုင်သည့် တွဲကားတစ်စီး၏ ငှားရမ်းခက ဧပြီတွင် ကျပ် ၃၂ သိန်း ဈေးရှိသော်လည်း ယခုရက်ပိုင်းတွင် ကျပ် ၂၉ သိန်းသို့ ကျဆင်းလာကြောင်း ၎င်းကပြောသည်။

 

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် မူဆယ် - ရွှေလီ ကုန်သွယ်ရေးလမ်းကြောင်းက ၂၀၁၉ ၌ အခက်အခဲများရှိနေသည်။ မြန်မာနိုင်ငံဘက်မှ သကြား၊ ဆန်အပါအဝင် လယ် ယာထွက်ကုန်များ တားဆီးခံရပြီး တင်ပို့နိုင်ခြင်းမရှိသဖြင့် မန္တလေး- မူဆယ် ကုန်စည်ပို့ဆောင်ခသည် ယခင်က တစ်တန်လျှင် ကျပ်သုံး သောင်းခွဲခန့်ရှိသော်လည်း ယခု နှစ်သောင်းရှစ်ထောင်ခန့် ဈေးရှိကြောင်း မန္တလေးမြို့နေ ကုန်ကားပိုင်ရှင်တစ်ဦးက ပြောသည်။

 

တရုတ်နိုင်ငံသို့ ကုန်စည်ပို့ဆောင်မှု ခက်ခဲနေခြင်းက ပို့ကုန်လုပ်ငန်းရှင်များသာမက ကုန်ကားပိုင်ရှင်များ၊ ယာဉ်မောင်းများနှင့် ကုန်တင်ကုန်ချအလုပ်သမားများ ဘဝရပ်တည်ရေး ခက်ခဲနေကြောင်း ၎င်းက ပြောသည်။

 

လက်ရှိ မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် တစ်သောင်း တရားဝင်တင်ပို့နေပြီး တရုတ်အစိုးရက တရုတ်ကုန် သည်များကိုပေးသည့် ဆန်တင် သွင်းခွင့်ပြုမိန့် တန်ချိန်တစ်ထောင်ဖြင့်လည်း ဆန်တင်ပို့မှုများ ရှိနေသည်။ သို့သော် သကြားနှင့် ပြောင်းဖူးစေ့တင်ပို့မှုက ရပ်တန့် နီးပါးဖြစ်နေကြောင်း မူဆယ် ဆန်ကုန်စည်ဒိုင်မှ အသင်းဝင် ကုန်သည်တစ်ဦးက ပြောသည်။

 

မူဆယ်နယ်စပ်မှ တရုတ် နိုင်ငံသို့ ဆန်၊ ပြောင်းဖူးစေ့၊ သကြားနှင့် လယ်ယာထွက်ကုန်၊ ရေထွက်ကုန်များတင်ပို့ပြီး တရုတ်နိုင်ငံမှ လူသုံးကုန်၊အီလက်ထရွန် နစ်ပစ္စည်းများ၊ စက်ပစ္စည်းများ စသည်တို့ တင်သွင်းသည်။

 

ReadMore - ထိုင်း - မြန်မာ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု မကြာခင်စတင်မည်

 

Source : 7 Day Daily

 

Myanmar Logistics Guide

Read 277 times
Rate this item
(1 Vote)