Export & Import

မြန်မာနိုင်ငံရဲ့ ၉ ခုမြောက်အကြီးဆုံး ကုန်သွယ်ဘက်

မြန်မာနိုင်ငံရဲ့ ၉ ခုမြောက်အကြီးဆုံး ကုန်သွယ်ဘက် google

မြန်မာနဲ့ ဗီယက်နမ်အကြား ကုန်သွယ်မှုကတော့ ပြီးခဲ့တဲ့ ၂၀၁၈ မှာ ကန်ဒေါ်လာသန်း ၈၆၀ ကို ရောက်ရှိခဲ့တဲ့အတွက် ဗီယက်နမ်ဟာ မြန်မာနိုင်ငံအတွက် န၀မမြောက်အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

 

ဒါဟာ ဗီယက်နမ် ဒုဝန်ကြီးချုပ် Vuong Dinh Hue နဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းတို့ ဇွန်လ ၁၈ ရက်က တွေ့ဆုံစဉ် အထက်ပါအတိုင်းထုတ်ဖော်ခဲ့ကြခြင်း ဖြစ်တယ်လို့ သိရပါတယ်။

 

ထိုသို့ တွေ့ဆုံစဉ်မှာ ဗီယက်နမ်ဟာ မြန်မာနိုင်ငံမှာ ခုနစ်ခုမြောက် အကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ ဖြစ်လာကြောင်းကိုလည်း ထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။

 

ဗီယက်နမ်ကတော့ မြန်မာနိုင်ငံမှာ ကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ နီးပါးရှိ အကြီးစားစီမံကိန်း ပရောဂျက် ၁၈ ခုအထိ လုပ်ဆောင်နေခဲ့ကြောင်းလည်း သိရပါတယ်။

 

ဒါ့အပြင် နှစ်နိုင်ငံအကြားကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး၊ ဘဏ်လုပ်ငန်းတို့မှာ ပူးပေါင်းဆောင်ရွက်မှုတွေအတွက်လည်း နှစ်ဘက်စလုံးက ချီးကျူးခဲ့ကြတယ်လို့ သိရပါတယ်။

 

Source : SFJ Strategy First

 

Myanmar Logistics Guide

Read times
Rate this item
(1 Vote)