Export & Import

စီးပွားကူးသန်းမှ ပြည်ပသွင်းကုန်များအပေါ် လိုင်စင်ဖြေလျှော့ပေးရန် စီစဉ်

စီးပွားကူးသန်းမှ ပြည်ပသွင်းကုန်များအပေါ် လိုင်စင်ဖြေလျှော့ပေးရန် စီစဉ် google

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သွင်းကုန်ကာကွယ်ရေး ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ထပ်မံ၍ ပြည်ပမှ သွင်းကုန်လိုင်စင် ဖြေလျှော့မှုများ ဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်။

 

ကြိုတင်လိုင်စင် လျှောက်ထားစရာမလိုဘဲ ဆိပ်ကမ်းရောက်ရှိမှသာ မိမိတင်သွင်းလာတဲ့ ကုန်ပစ္စည်းများနဲ့ ပတ်သက်ပြီး ထုတ်ပြန်ကြေညာနိုင်မယ့် အခွင့်အရေးကို ဖြေလျှော့ပေးဖို့ ကျန်ရှိနေတဲ့ ကုန်စည်အမျိုးအမည် လေးထောင်ကျော်အတွက် ထပ်မံစီစဉ်နေတယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။

 

ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ ဖြေလျှော့မှုများကို ၂၀၁၆ ခုနှစ် နောက်ပိုင်း ဒီချုပ်အစိုးရမှ တာဝန်ယူပြီး ဆောင်ရွက်နေရာ ကုန်စည်အမျိုးအမည် တစ်သောင်းကျော်အနက် ခြောက်ထောင်ကျော်ကို သွင်းကုန်လိုင်စင် ဖြေလျှော့ပေးပြီးဖြစ်ပါတယ်။

 


ပို့ဆောင်ဆက်သွယ်ရေး ဝန်ဆောင်မှု သိရှိလိုပါက - https://www.logisticsguide.com.mm/en/category-index/specialist-logistics/logistics-services.html

 

ပြည်ပသွင်းကုန်များအပေါ် လိုင်စင်ဖြေလျှော့မှုများကို ဝန်ကြီးဌာနက ဆောင်ရွက်ပေးနေပေမယ့်လည်း ပြည်တွင်း အသေးစား၊ အလတ်စားလုပ်ငန်းများ ရှင်သန်ရေးကို ကန့်သတ်စေမယ့် ကုန်စည်များကို တားဆီးနိုင်ရေးအတွက် သွင်းကုန်ကာကွယ်ရေး ဥပဒေပြဋ္ဌာန်းရေးကိုလည်း ဆောင်ရွက်နေခြင်းဖြစ်တယ်လို့ ဦးခင်မောင်လွင်က ဆိုပါတယ်။

 

အဆိုပါ ဥပဒေကြမ်းက သွင်းကုန်ပမာဏ မြင့်တက်နေခြင်းမှ ကာကွယ်ပေးဖို့ ရည်ရွယ်ပြီး သွင်းကုန်ကို ခွဲတမ်းကန့်သတ်၍သော်လည်းကောင်း၊ အခွန်စည်းကြပ်ကောက်ခံ၍သော်လည်းကောင်း ကန့်သတ်မယ့် အစီအစဉ်ပါဝင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ရှင်းပြပါတယ်။

 

ဒါ့ပြင် ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းများက ပြည်ပသွင်းကုန်များကြောင့် ထိခိုက်နစ်နာမှုရှိတယ်ဆိုပြီး တောင်းဆိုလာတဲ့အတွက် သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေကြမ်းကို ရေးဆွဲခြင်းဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။အခုဘဏ္ဍာနှစ် ကိုးလကျော်အတွင်း မြန်မာနိုင်ငံရဲ့ သွင်းကုန်ပမာဏမှာ ဒေါ်လာ ( ၁၄ ) ဘီလီယံခန့် ရှိပြီး လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများ တင်သွင်းမှုက ဒေါ်လာ ( ၅ ) ဘီလီယံကျော်နဲ့ အများဆုံးဖြစ်ပါတယ်။

 

ReadMore - သယ်ယူပို့ဆောင်ရေးစရိတ် လျှော့ချရန်လိုအပ်

 

Source: 7Day Daily

 

Myanmar Logistics Guide

Read times
Rate this item
(1 Vote)