Export & Import

ကုမ္ပဏီ ၂၅ ခုကို ပို့ကုန်၊ သွင်းကုန်မှတ်ပုံတင် ရုပ်သိမ်း

ကုမ္ပဏီ ၂၅ ခုကို ပို့ကုန်၊ သွင်းကုန်မှတ်ပုံတင် ရုပ်သိမ်း google

နိုင်ငံခြားသို့ ကုန်ပစ္စည်းတင်ပို့သော ကုမ္ပဏီ ၂၅ ခုကို ဇူလိုင် ဒုတိယပတ်ကစ၍ ပို့ကုန်၊ သွင်းကုန်မှတ်ပုံတင် ရုပ်သိမ်းကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်ကပြောခဲ့ပါတယ်။

 

၂၀၁၇ တွင် နိုင်ငံခြားသို့ ကုန်ပစ္စည်းများ တင်ပို့ပြီး ပို့ကုန်ရ ငွေစာရင်း ပြန်လည်တင်ပြနိုင်ခြင်းမရှိသော ကုမ္ပဏီများဖြစ်၍ ပို့ကုန်၊ သွင်းကုန်မှတ်ပုံတင် ရုပ်သိမ်းခြင်းဖြစ်သည်ဟု ၎င်းကဆိုပါတယ်။

 

လက်ရှိအစိုးရလက်ထက်မှာ ပို့ကုန် နှစ်ဆနီးပါး တိုးတက်လာ

 

‘‘၀န်ကြီးဌာနသုံးခု အစည်း အဝေးထိုင်ပြီး ဆုံးဖြတ်ခဲ့တာပါ’’ ဟု ဦးခင်မောင်လွင်က ရှင်းပြ သည်။ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန၊ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ဗဟိုဘဏ်တို့ အစည်းအဝေးပြု လုပ်ဆုံးဖြတ်ခြင်းဖြစ်ခဲ့ပါတယ်။

 

ပြည်ပပို့ကုန်တင်ပို့နေသည့် ကုမ္ပဏီများသည် ၂၀၁၂ နိုင်ငံခြား သုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ ကုန်ပစ္စည်းများ သင်္ဘောတင်ပြီး ခြောက်လအတွင်း သက်ဆိုင်ရာ ကုမ္ပဏီက ဘဏ်များတွင် နိုင်ငံ ခြားငွေ ထည့်သွင်းရမည်ဖြစ် သည်။ နိုင်ငံခြားငွေထည့်သွင်းပြီး စာရင်းကိုလည်း ဗဟိုဘဏ်သို့ ပေးပို့တင်ပြရမည်ဖြစ်ပါတယ်။

 

ပို့ဆောင်ဆက်သွယ်ရေး ဝန်ဆောင်မှု သိရှိလိုပါက - https://www.logisticsguide.com.mm/en/category-index/specialist-logistics/logistics-services.html

 

သို့သော် ၂၀၁၉ အထိ ပို့ကုန်တင်ပို့ပြီး နိုင်ငံခြားငွေပေးသွင်းရန် ကုမ္ပဏီ ၁၁၀ ကျန်ရှိနေပါတယ်။ အဆိုပါကုမ္ပဏီများ စာရင်းရှင်းရန် ဗဟိုဘဏ်က စီးပွားကူးသန်းဝန်ကြီးဌာနသို့ စာပေးပို့ပြီး အကြောင်းကြားရာ စီးပွားကူးသန်းဝန်ကြီးဌာနက ပြီးခဲ့သည့် သုံးလကျော်တွင် စာထုတ်ပြီး သက်ဆိုင်ရာ ကုမ္ပဏီများရက် ၆၀ အတွင်း စာရင်းရှင်းရန် အကြောင်းကြားခဲ့ပြီးနောက် ထို့နောက် ၁၅ ရက် ထပ်မံတိုးပေးပြီး သတိပေးခဲ့ပါတယ်။

 

သတိပေးသည့် အချိန်ကုန် ဆုံးချိန်တွင် ကုမ္ပဏီ ၂၅ ခုက ဗဟိုဘဏ်သို့ စာရင်းရှင်းလင်းခြင်း မဆောင်ရွက်ခြင်းကြောင့် ကုမ္ပ ဏီမှတ်ပုံတင် ပြန်လည်ရုပ်သိမ်းရခြင်းဖြစ်သည်ဟု ဦးခင်မောင်လွင်က ရှင်းပြခဲ့ပါတယ်။

 

ReadMore - သယ်ယူပို့ဆောင်ရေးစရိတ် လျှော့ချရန်လိုအပ်

 

Source : 7daydaily

 

Myanmar Logistics Guide

Read times
Rate this item
(1 Vote)