ချင်းပြည်နယ်(မြောက်ပိုင်း) ရိဒ်ခေါဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနယ်စပ် ချစ်ကြည်ရေးတံတားပေါ်မှ ကုန်စည်များသယ်ဆောင်ခြင်းကို ဇူလိုင် ၁၇ ရက် မွန်းလွဲ ၂ နာရီမှစတင်၍ ပြန်လည်ဖွင့် လှစ်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ချစ်ကြည်ရေးတံတားပေါ်မှ ကုန်စည်များသယ်ဆောင်ခြင်းကို တစ်ဖက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အခြေစိုက် အကောက်ခွန်ဌာန ချုပ်၏ညွှန်ကြားချက်အရ ဇူလိုင် ၁၅ ရက်မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း တစ်ဖက်အိန္ဒိယနိုင်ငံ ဇိုခေါထာရ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ တာဝန်ခံအကောက်ခွန်အရာရှိ PuJ. Loup-hur ၏ပြောဆိုချက် အရ သိခဲ့ရပါတယ်။
အဆိုပါ မြန်မာ-အိန္ဒိယနယ်စပ်ချစ်ကြည် ရေးတံတားပေါ်မှ ကုန်စည်များသယ်ဆောင်ခြင်း ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြင့် ကုန်စည်စီးဆင်းမှုကို ပုံမှန်အတိုင်းဖြတ်သန်းသယ်ယူပို့ဆောင်လျက် ရှိကြောင်း သိရပါတယ်။
ReadMore - လှေငယ်များ ထုတ်လုပ်၍ ပြည်ပတင်ပို့မည်
Source : Myanmar Time