Export & Import

ယခင္ႏွစ္ကာလတူထက္ ကုန္သြယ္မႈငါးဆေက်ာ္ ေလ်ာ့က်ခဲ့ေသာ ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္ကုန္သြယ္ေရးစခန္းမ်ား

ယခင္ႏွစ္ကာလတူထက္ ကုန္သြယ္မႈငါးဆေက်ာ္ ေလ်ာ့က်ခဲ့ေသာ ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္ကုန္သြယ္ေရးစခန္းမ်ား google

ျမန္မာ-–ဘဂၤလားေဒ့ရွ္ နယ္စပ္ကုန္သြယ္ေရးစခန္းမ်ားမွ ရွစ္လအတြင္း ေဒၚလာ ၁၃ သန္းေက်ာ္ကုန္သြယ္မႈျပဳလုပ္ႏိုင္ခဲ့ၿပီး ယခင္ႏွစ္ကာလတူထက္ ကုန္သြယ္မႈပမာဏ ငါးဆ ေက်ာ္ေလ်ာ့က်ခဲ့ေၾကာင္း သိရပါတယ္။

 

ယခင္ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာ ၂၉ ရက္မွ ၂၀၁၈ ခုႏွစ္ ၾသဂုတ္ ၉ ရက္အထိ စစ္ေတြ ကုန္သြယ္ေရးစခန္းမွ အေမရိကန္ေဒၚလာ ၅၉ ဒသမ ၂၈၄ သန္းႏွင့္ ေမာင္ေတာကုန္သြယ္ ေရးစခန္းမွ အေမရိကန္ေဒၚလာ ၉ ဒသမ ၇၉၁ သန္း စုစုေပါင္း ၆၉ ဒသမဝ ၇၅ သန္း ဘဂၤလားေဒ့ရွ္သို႔ ကုန္သြယ္မႈျပဳလုပ္ႏိုင္ခဲ့ပါတယ္။

 

ကုန္သြယ္မႈ

 

ထို႔ျပင္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာ ၂၉ ရက္မွ ၂၀၁၉ ခုႏွစ္ ၾသဂုတ္ ၉ ရက္အထိ ကာလတူ တြင္ စစ္ေတြကုန္သြယ္ေရးစခန္းမွ အေမရိကန္ေဒၚ လာ ၇ ဒသမ ဝ၆၃ သန္းႏွင့္ေမာင္ေတာ ကုန္သြယ္ေရးစခန္းမွ အေမရိကန္ေဒၚလာ ၆ ဒသမ ဝ၂၆ သန္း စုစုေပါင္း ၁၃ ဒသမ ဝ၈၉ သန္းသာ ဘဂၤလားေဒ့ရွ္သို႔ ကုန္သြယ္မႈျပဳလုပ္ႏိုင္ခဲ့ပါတယ္။

 

ရခိုင္ျပည္နယ္တြင္ျဖစ္ပြားခဲ့သည့္ ပဋိပကၡမ်ားေၾကာင့္ ယင္းသို႔ ကုန္သြယ္မႈမ်ားေလ်ာ့က် သြားခဲ့ျခင္းျဖစ္ပါတယ္။

 

ထို႔ျပင္ စစ္ေတြၿမိဳ႕၌ သဇင္ကုန္သြယ္မႈဗဟိုဌာနတည္ေဆာက္ျခင္းလုပ္ငန္းအတြက္ Western Wave ကုမၸဏီႏွင့္ လုပ္ငန္းအပ္ႏွံ စာခ်ဳပ္ခ်ဳပ္ဆိုတည္ေဆာက္ခဲ့ရာ လက္ရွိတြင္ ၁၀ဝ ရာခိုင္ႏႈန္းၿပီးစီးၿပီျဖစ္၍ မၾကာမီ ကုန္သြယ္မႈမ်ား ျပဳလုပ္ႏိုင္ေတာ့မည္ျဖစ္ေၾကာင္း အစီရင္ခံစာ၌ ေဖာ္ျပပါရွိခဲ့ပါတယ္။

 

Unicode ျဖင့္ဖက္ရႈရန္
>>>>>>>>>

 

ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုငါးဆကျော်လျော့ကျခဲ့သော မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်းများ

 

မြန်မာ-–ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ရှစ်လအတွင်း ဒေါ်လာ ၁၃ သန်းကျော်ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုပမာဏ ငါးဆ ကျော်လျော့ကျခဲ့ကြောင်း သိရပါတယ်။

 

ယခင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်မှ ၂၀၁၈ ခုနှစ် သြဂုတ် ၉ ရက်အထိ စစ်တွေ ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၅၉ ဒသမ ၂၈၄ သန်းနှင့် မောင်တောကုန်သွယ် ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၇၉၁ သန်း စုစုပေါင်း ၆၉ ဒသမဝ ၇၅ သန်း ဘင်္ဂလားဒေ့ရှ်သို့ ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ပါတယ်။

 

ကုန်သွယ်မှု

 

ထို့ပြင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်မှ ၂၀၁၉ ခုနှစ် သြဂုတ် ၉ ရက်အထိ ကာလတူ တွင် စစ်တွေကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ် လာ ၇ ဒသမ ဝ၆၃ သန်းနှင့်မောင်တော ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ဝ၂၆ သန်း စုစုပေါင်း ၁၃ ဒသမ ဝ၈၉ သန်းသာ ဘင်္ဂလားဒေ့ရှ်သို့ ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ပါတယ်။

 

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ယင်းသို့ ကုန်သွယ်မှုများလျော့ကျ သွားခဲ့ခြင်းဖြစ်ပါတယ်။

 

ထို့ပြင် စစ်တွေမြို့၌ သဇင်ကုန်သွယ်မှုဗဟိုဌာနတည်ဆောက်ခြင်းလုပ်ငန်းအတွက် Western Wave ကုမ္ပဏီနှင့် လုပ်ငန်းအပ်နှံ စာချုပ်ချုပ်ဆိုတည်ဆောက်ခဲ့ရာ လက်ရှိတွင် ၁၀ဝ ရာခိုင်နှုန်းပြီးစီးပြီဖြစ်၍ မကြာမီ ကုန်သွယ်မှုများ ပြုလုပ်နိုင်တော့မည်ဖြစ်ကြောင်း အစီရင်ခံစာ၌ ဖော်ပြပါရှိခဲ့ပါတယ်။ွ

 

Source : Myanmar Time

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)