Export & Import

ပြည်ပကုန်သွယ်မှုတွင် အလားအလာကောင်းများ

ပြည်ပကုန်သွယ်မှုတွင် အလားအလာကောင်းများ eleven

ပြည်ပကုန်သွယ်မှုတွင် အလားအလာကောင်းများရှိနေသဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်သည် ယခင်နှစ်လျာထားချက် ဒေါ်လာ ၃၁ ဘီလျံထက် ကျော်လွန်နိုင်ကြောင်း အောက်တိုဘာ ၂၂ ရက်က ရန်ကုန်မြို့ရှိ Park Royal Hotel ၌ ကျင်းပသည့် The Global Value Chain and Economic Development, ADB - Asian Think Tank Development Forum 2019 တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ပြောကြားခဲ့ပါတယ်။

 

“အခုတော့ ပြင်ဆင်နေပါပြီ။ ကျွန်တော် တို့က နှစ်စဉ်တော့ ဒေါ်လာဘီလျံ ၃၀ ကျော် ပေါ့။ မနှစ်ကတော့ ဒေါ်လာဘီလျံ ၃၁ ဘီလျံ လောက်မှန်းတာ။ ၃၄ဒသမ၉ ဘီလျံ လောက် ရတော့ သုံးဘီလျံလောက်တော့ ပိုရတာပေါ့။ ဒီနှစ်လည်း ပြင်ဆင်တွက်ချက်နေတယ်။ ဒီ ထက်ပိုတိုးအောင် ကြိုးစားမှာ။ ဒီလိုအခြေ အနေကောင်းတွေကို ပိုလုပ်နိုင်သမျှတိုး တက်လာမှာပါ။ အလားအလာကောင်းတွေက တော့အများကြီးရှိပါတယ်” ဟု အမြဲတမ်းအတွင်းဝန်ဦးအောင်စိုးက ပြောကြားချက်အရ သိရပါတယ်။

 

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃ ဘီလျံရရှိရန်နှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈ ဘီလျံ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၃၁ ဒသမ ၁ ဘီလျံရရှိအောင် ဆောင်ရွက်သွားရန် ခန့်မှန်းလျာထားခဲ့ခြင်း ဖြစ်ပါတယ်။

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၉၇၉ ဘီလျံအထိရရှိ ခဲ့ပြီး ခန့်မှန်းလျာထားချက်ထက် အမေရိကန် ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော် ပိုမိုရရှိခဲ့ ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ သိခဲ့ရပါတယ်။

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃ ဘီလျံရရှိရန် မျှော်မှန်းထားခဲ့ရာ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် စုစုပေါင်း ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၇ ဘီလျံနီးအထိရရှိခဲ့ပြီး ခန့်မှန်းလျာထားချက်ထက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလျံခန့်အထိ ပိုမို ရရှိခဲ့ပါတယ်။၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈ ဘီလျံရရှိရန် မျှော်မှန်းထားခဲ့ရာ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ၁၈ ဘီလျံကျော်ရရှိခဲ့ပြီး ခန့်မှန်း လျာထားချက်ထက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလျံကျော်ပိုမိုရရှိခဲ့ပါတယ်။

 

လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ အဓိကတင်ပို့နေသည့် ပို့ကုန်များမှာ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP) နှင့် အခြားပစ္စည်းများ စသည်တို့ကို တင်ပို့နေခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်း ပစ္စည်း စသည်တို့ကို အဓိက တင်သွင်းနေခြင်း ဖြစ်ပါတယ်။

 

Source : Eleven

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)