Export & Import

မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေး ဂိတ်နှစ်ခု နေ့စဉ်ပုံမှန် အရောင်းအဝယ်ကောင်းမွန်လျက်ရှိ

မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေး ဂိတ်နှစ်ခု နေ့စဉ်ပုံမှန် အရောင်းအဝယ်ကောင်းမွန်လျက်ရှိ google

မြန်မာ -– အိန္ဒိယနယ်စပ်ကုန်စည်ရောင်းဝယ်ရေးနယ်စပ်ဂိတ်နှစ်ခုဖြစ်သည့် စစ်ကိုင်းတိုင်း ဒေသကြီး တမူးနယ်စပ်ရောင်းဝယ်ရေးနှင့် ချင်းပြည်နယ် ရိဒ်နယ်စပ်ရောင်းဝယ်ရေးဂိတ် နှစ်ခုမှာ ပြီးခဲ့သည့်ဇူလိုင်လအတွင်းက တစ်ဖက်နိုင်ငံအဖွဲ့အစည်းများက အရောင်းအဝယ် ပိတ်ထားခဲ့သည့်အတွက် နယ်စပ်ကုန်စည်အရောင်းအဝယ်များ ရပ်ဆိုင်းသွားခဲ့သော်လည်း ယခုသြဂုတ်လဆန်းမှစတင်၍ နေ့စဉ်အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး တမူးမြို့နယ်စပ် နန်းဖာလုံဈေးကော်မတီဥက္ကဋ္ဌက ပြောဆိုခဲ့ပါတယ်။


ပုံမှန်အရောင်းအဝယ်

 

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တစ်ဖက်ကမ်း အိန္ဒိယနိုင်ငံအပိုင် မိုရေးမြို့တွင် နယ်မြေမတည်ငြိမ်မှုကြောင့် ဇူလိုင်လအတွင်းက အရောင်းအဝယ်နှင့် လူဝင်လူထွက်များပါ တစ်ဖက် နိုင်ငံက ပိတ်ထားခဲ့ပြီး၊ ရိဒ်နယ်စပ်ရောင်းဝယ်ရေးတွင်လည်း တစ်ဖက်နိုင်ငံကုန်သည်များ ပြဿနာဖြစ်ရာမှ ကုန်စည်အဝင်အထွက်ပိတ်ထားခဲ့ရာ ယခုသြဂုတ်လဆန်းပိုင်းကျမှ ပုံမှန် အရောင်းအဝယ်ဖြစ်နေခြင်းဖြစ်ပါတယ်။

 

ပို့ဆောင်ဆက်သွယ်ရေး ဝန်ဆောင်မှု သိရှိလိုပါက - https://www.logisticsguide.com.mm/en/category-index/specialist-logistics/logistics-services.html

 

ပြန်လည်ဝယ်ယူ

 

"တစ်ဖက်နိုင်ငံအဖွဲ့အစည်းတွေက အကြောင်းအမျိုးမျိုးပြပြီး အရောင်းအဝယ်ပိတ်ထား တာကတော့ မကြာခဏဖြစ်ပါတယ်။ နစ်နာမှုရှိတာကတော့ ဒီဘက်ကကုန်သည်တွေဖြစ်ပါ တယ်။ တချို့ကုန်စည်တွေက ပုပ်ကုန်သိုးကုန်တွေဖြစ်ပါတယ်။ အရောင်းအဝယ်မဖြစ်ဘူးဆိုရင် ဒီဘက်ကကုန်စည်တွေအတွက် စရိတ်စကတက်လာတယ်။ နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုချောမွေ့ ဖို့လိုအပ်ပါတယ်"ဟု ဈေးကော်မတီဥက္ကဋ္ဌက ပြောဆိုခဲ့ပါတယ်။

 

တမူးနယ်စပ် နန်းဖာလုံဈေးတွင် ပစ္စည်းအမည်စုံအရောင်းအဝယ်ဖြစ်ကာ ရိဒ်နယ်စပ် ရောင်းဝယ်ရေးတွင် ကွမ်းသီးစို၊ ကွမ်းသီးခြောက်အများဆုံးအရောင်းအဝယ်ဖြစ်ပြီး၊ ဒေသထွက် သစ်သီးဝလံမျိုးစုံ၊ အထည်အလိပ်၊ မုန့်နှင့်ဖျော်ရည်မျိုးစုံ၊ အရက်မျိုးစုံ၊ စီးကရက်နှင့်ပလတ် စတစ်ပစ္စည်းမျိုးစုံ အရောင်းအဝယ် ဖြစ်နေပြီး၊ မြေဆီနှင့်ဆိုင်ကယ်ကို ပြန်လည်ဝယ်ယူကြောင်း သိရပါတယ်။

 

တရားမဝင်ကုန်သွယ်မှု အင်အားကြီးလာသဖြင့် မြန်မာ့စီးပွားရေး အဟန့်အတားဖြစ်နေ

 

Source : Myanmar Time

 

Myanmar Logistics Guide

 

 

Read times
Rate this item
(0 votes)