Export & Import

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ကုန်သွယ်မှု လျာထားချက်ပြည့်မီကျော်လွန်

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ကုန်သွယ်မှု လျာထားချက်ပြည့်မီကျော်လွန် google

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကျော်နှင့် နယ်စပ်ကုန်သွယ်မှုပမာဏ အများဆုံး ဆောင်ရွက်လျက်ရှိသော မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန် အနေနဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၏ အောက်တိုဘာလ ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် သုံးလဆက်တိုက် ကုန်သွယ်မှု လျာထား ချက်များ ပြည့်မီကျော်လွန်အောင်ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ် နောက်ဆုံးလဖြစ်သော ဒီဇင်ဘာလ တွင် ကုန်သွယ်မှုလျာထားချက်အပေါ် ၁၅၃ ဒသမ ၉၆ ရာခိုင်နှုန်း ဆောင်ရွက်ကာ ၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးကို ကြိုဆိုလိုက်နိုင်ခဲ့သည်။ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ယခင်ဘဏ္ဍာနှစ် ကာလတူ ဖြစ်သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလနှင့် အနီးစပ်ဆုံးကာလဖြစ်သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလထက်လည်း ပိုမိုဆောင်ရွက်နိုင်ခဲ့ ကြောင်း သိရှိရသည်။

 

မူဆယ်နယ်စပ်မှတစ်ဆင့် တစ်ဖက်နိုင်ငံနှင့်ကုန်သွယ်မှု ပြုလျက်ရှိရာတွင် ယခုအခါ တရုတ်နိုင်ငံ၏ ပြောင်းလဲလာ သော မူဝါဒများ (အထူးသဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများ အပေါ် အပင်ကျန်းမာရေးနှင့် ပိုးမွှားကင်းစင်ရေး စည်းကမ်း သတ် မှတ်ချက်များ)နှင့် တင်းကျပ်သည့်တားဆီးပိတ်ပင်မှုများ ကြောင့် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ပို့ကုန်တစ်မယ်ချင်း ဆောင်ရွက်ရာတွင် ယခင်နှစ်ကာလတူဖြစ်တဲ့ ၂၀၁၈ခုနှစ် ဒီဇင်ဘာလထက် ဆန် တင်ပို့မှုတွင် တန်ချိန် သုံးသောင်းကျော် (တန်ဖိုးကန်ဒေါ်လာ ၂၁ သန်းကျော်)၊ သကြားတင်ပို့မှုတွင် တန်ချိန် သုံးသောင်း ကျော် (တန်ဖိုး ကန်ဒေါ်လာ ၁၉ သန်းကျော်) ၊ ပြောင်းအနေ ဖြင့် တန်ချိန် ခုနစ်သောင်းကျော် (တန်ဖိုး ကန်ဒေါ်လာ၁၅သန်း ကျော်)၊ ရော်ဘာအနေဖြင့် တန်ချိန် ၉၀ဝ၀ ကျော် (တန်ဖိုး ကန်ဒေါ်လာ ၁၁ သန်းကျော်)အပြင် နွား(အရှင်)အနေဖြင့် အကောင် ၄၈၀ဝ၀ ကျော် (တန်ဖိုး ကန်ဒေါ်လာ ၅၇ သန်း ကျော်)၊ ကျွဲ(အရှင်)အနေဖြင့် အကောင် ၅၇၀ဝ ကျော် (တန်ဖိုး ကန်ဒေါ်လာ ၇ သန်းကျော်) အသီးသီးလျော့နည်း ကျဆင်းခဲ့ သော်လည်း ယခုနှစ် ဒီဇင်ဘာလတွင် သဘာဝဓာတ်ငွေ့တင်ပို့ မှု၌ (ကန်ဒေါ်လာ ၂၀၆ ဒသမ ၈၈ သန်းကျော်)၊ ကျောက်စိမ်း ရိုင်း(ကန်ဒေါ်လာ ၈၅ သန်း ကျော်) ၊ နှမ်းတင်ပို့မှုမှာ တန်ဖိုး ကန်ဒေါ်လာ ၆ ဒသမ ၈ သန်းကျော် ၊ ရေထွက်ကုန်ပစ္စည်း တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၉ သန်းကျော် ၊ ဖရဲ ၊ သခွားတို့မှာ (တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းကျော်) ပိုမိုတင်ပို့နိုင် သကဲ့သို့ ကုန်သွယ်မှုလျာထားချက်များ ပြည့်မီကျော်လွန်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

 

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၉ ရက်ကနေ ၁၂ ရက်ထိ တရုတ်နိုင်ငံ တယ်ဟုန်ပြည်နယ်ခွဲ ရွှေလီမြို့မှာ ကျင်းပတဲ့ (၁၈) ကြိမ်မြောက် တရုတ်-မြန်မာကုန်စည်ပြပွဲနဲ့ (၁၄) ကြိမ်မြောက် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုပူးပေါင်းညှိနှိုင်းရေးကော်မတီ အစည်း အဝေးမှာ မြန်မာဘက်က စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးတို့အပါအဝင် သက်ဆိုင်ရာဦးစီးဌာန တာဝန်ရှိပုဂ္ဂိုလ်များ၊ မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်မှု ကုန်သည်အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့ တက်ရောက်ခဲ့ပြီး လက်ရှိ မူဆယ်နယ်စပ်ပို့ကုန် ဆောင်ရွက်ရာမှာ အကျပ် အတည်းဖြစ်နေသည့် အဓိကပို့ကုန်အမယ်တွေဖြစ်သော ဆန်၊ ပြောင်း၊ ရော်ဘာတွေ Quota တိုးမြှင့်တင်ပို့နိုင်ရေး ကျွဲ၊ နွား (အရှင်)တွေ တရားဝင်တင်ပို့ခွင့်ရရှိရန် နှစ်နိုင်ငံ MOU အမြန် လက်မှတ်ရေးထိုးနိုင်ရေး ၊ သစ်သီးအမယ်တွေ တိုးမြှင့်တင်ပို့ ခွင့်ရရှိရေးနှင့် နှစ်နိုင်ငံ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်အမြန်အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် နှစ်ဖက်စလုံးမှ ဆွေးနွေးညှိနှိုင်းဆောင် ရွက်ခဲ့ကြသည်။

 

မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၁၉ ခုနှစ် အကျပ်အတည်းကာလ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ ကာလများတွင် ကုန်သွယ်မှုလျာထားချက်တွေ ပြည့်မီ ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့သကဲ့သို့ ၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးကာလ ကနေ ရှေ့ဆက်ပြီးလည်း “စုပေါင်းညီညာအောင်ကြောင်းဖြာ” ဆိုသလို တွေ့ကြုံရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုများအ ပေါ် အပြန်အလှန်ဆွေးနွေးညှိနှိုင်းဖြေရှင်း ပူးပေါင်းကြိုးစားဆောင်ရွက်မှုများနှင့်အတူ ငြိမ်းချမ်းမှုများဖော်ဆောင်ကာ ခေတ်သစ်ပိုးလမ်းမကြီးနှင့်ပါ ချိတ်ဆက်၍ နိုင်ငံတကာနှင့်ကုန်သွယ်နိုင်မည့်အဆင့်အထိပါ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည် မှန်း ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း တင်ပြလိုက်ရပါသည်။

 

>>>Zawgyi<<<

 

မူဆယ္(၁၀၅)မိုင္ကုန္သြယ္ေရးဇုန္ကုန္သြယ္မႈ လ်ာထားခ်က္ျပည့္မီေက်ာ္လြန္

 

ျမန္မာႏိုင္ငံ၏ နယ္စပ္ကုန္သြယ္မႈစုစုေပါင္း၏ ၅၀ ရာခိုင္ႏႈန္းေက်ာ္ႏွင့္ နယ္စပ္ကုန္သြယ္မႈပမာဏ အမ်ားဆုံး ေဆာင္႐ြက္လ်က္ရွိေသာ မူဆယ္(၁၀၅)မိုင္ကုန္သြယ္ေရးဇုန္ အေနနဲ႔ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္၏ ေအာက္တိုဘာလ ၊ ႏိုဝင္ဘာလႏွင့္ ဒီဇင္ဘာလတို႔တြင္ သုံးလဆက္တိုက္ ကုန္သြယ္မႈ လ်ာထား ခ်က္မ်ား ျပည့္မီေက်ာ္လြန္ေအာင္ေဆာင္႐ြက္ႏိုင္ခဲ့ၿပီး ၂၀၁၉ ခုႏွစ္ ေနာက္ဆုံးလျဖစ္ေသာ ဒီဇင္ဘာလ တြင္ ကုန္သြယ္မႈလ်ာထားခ်က္အေပၚ ၁၅၃ ဒသမ ၉၆ ရာခိုင္ႏႈန္း ေဆာင္႐ြက္ကာ ၂၀၂၀ ျပည့္ႏွစ္ ႏွစ္သစ္ကူးကို ႀကိဳဆိုလိုက္ႏိုင္ခဲ့သည္။ မူဆယ္(၁၀၅)မိုင္ ကုန္သြယ္ေရးဇုန္အေနျဖင့္ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလတြင္ ယခင္ဘ႑ာႏွစ္ ကာလတူ ျဖစ္သည့္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလႏွင့္ အနီးစပ္ဆုံးကာလျဖစ္သည့္ ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလထက္လည္း ပိုမိုေဆာင္႐ြက္ႏိုင္ခဲ့ ေၾကာင္း သိရွိရသည္။

 

မူဆယ္နယ္စပ္မွတစ္ဆင့္ တစ္ဖက္ႏိုင္ငံႏွင့္ကုန္သြယ္မႈ ျပဳလ်က္ရွိရာတြင္ ယခုအခါ တ႐ုတ္ႏိုင္ငံ၏ ေျပာင္းလဲလာ ေသာ မူဝါဒမ်ား (အထူးသျဖင့္ လယ္ယာထြက္ကုန္ပစၥည္းမ်ား အေပၚ အပင္က်န္းမာေရးႏွင့္ ပိုးမႊားကင္းစင္ေရး စည္းကမ္း သတ္ မွတ္ခ်က္မ်ား)ႏွင့္ တင္းက်ပ္သည့္တားဆီးပိတ္ပင္မႈမ်ား ေၾကာင့္ မူဆယ္(၁၀၅)မိုင္ ကုန္သြယ္ေရးဇုန္မွ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလအတြင္း ပို႔ကုန္တစ္မယ္ခ်င္း ေဆာင္႐ြက္ရာတြင္ ယခင္ႏွစ္ကာလတူျဖစ္တဲ့ ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလထက္ ဆန္ တင္ပို႔မႈတြင္ တန္ခ်ိန္ သုံးေသာင္းေက်ာ္ (တန္ဖိုးကန္ေဒၚလာ ၂၁ သန္းေက်ာ္)၊ သၾကားတင္ပို႔မႈတြင္ တန္ခ်ိန္ သုံးေသာင္း ေက်ာ္ (တန္ဖိုး ကန္ေဒၚလာ ၁၉ သန္းေက်ာ္) ၊ ေျပာင္းအေန ျဖင့္ တန္ခ်ိန္ ခုနစ္ေသာင္းေက်ာ္ (တန္ဖိုး ကန္ေဒၚလာ၁၅သန္း ေက်ာ္)၊ ေရာ္ဘာအေနျဖင့္ တန္ခ်ိန္ ၉၀ဝ၀ ေက်ာ္ (တန္ဖိုး ကန္ေဒၚလာ ၁၁ သန္းေက်ာ္)အျပင္ ႏြား(အရွင္)အေနျဖင့္ အေကာင္ ၄၈၀ဝ၀ ေက်ာ္ (တန္ဖိုး ကန္ေဒၚလာ ၅၇ သန္း ေက်ာ္)၊ ကြၽဲ(အရွင္)အေနျဖင့္ အေကာင္ ၅၇၀ဝ ေက်ာ္ (တန္ဖိုး ကန္ေဒၚလာ ၇ သန္းေက်ာ္) အသီးသီးေလ်ာ့နည္း က်ဆင္းခဲ့ ေသာ္လည္း ယခုႏွစ္ ဒီဇင္ဘာလတြင္ သဘာဝဓာတ္ေငြ႕တင္ပို႔ မႈ၌ (ကန္ေဒၚလာ ၂၀၆ ဒသမ ၈၈ သန္းေက်ာ္)၊ ေက်ာက္စိမ္း ႐ိုင္း(ကန္ေဒၚလာ ၈၅ သန္း ေက်ာ္) ၊ ႏွမ္းတင္ပို႔မႈမွာ တန္ဖိုး ကန္ေဒၚလာ ၆ ဒသမ ၈ သန္းေက်ာ္ ၊ ေရထြက္ကုန္ပစၥည္း တန္ဖိုး ကန္ေဒၚလာ ၃ ဒသမ ၉ သန္းေက်ာ္ ၊ ဖရဲ ၊ သခြားတို႔မွာ (တန္ဖိုး ကန္ေဒၚလာ ၁ ဒသမ ၂ သန္းေက်ာ္) ပိုမိုတင္ပို႔ႏိုင္ သကဲ့သို႔ ကုန္သြယ္မႈလ်ာထားခ်က္မ်ား ျပည့္မီေက်ာ္လြန္ခဲ့ျခင္း ျဖစ္ေၾကာင္းလည္း သိရသည္။

 

၂၀၁၉ ခုႏွစ္ ဒီဇင္ဘာ ၉ ရက္ကေန ၁၂ ရက္ထိ တ႐ုတ္ႏိုင္ငံ တယ္ဟုန္ျပည္နယ္ခြဲ ေ႐ႊလီၿမိဳ႕မွာ က်င္းပတဲ့ (၁၈) ႀကိမ္ေျမာက္ တ႐ုတ္-ျမန္မာကုန္စည္ျပပြဲနဲ႔ (၁၄) ႀကိမ္ေျမာက္ ႏွစ္ႏိုင္ငံ နယ္စပ္ကုန္သြယ္မႈပူးေပါင္းညႇိႏႈိင္းေရးေကာ္မတီ အစည္း အေဝးမွာ ျမန္မာဘက္က စီးပြားေရးႏွင့္ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး၊ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ႏွင့္ ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕မွ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးတို႔အပါအဝင္ သက္ဆိုင္ရာဦးစီးဌာန တာဝန္ရွိပုဂၢိဳလ္မ်ား၊ မူဆယ္-နမ့္ခမ္းနယ္စပ္ကုန္သြယ္မႈ ကုန္သည္အသင္းဥကၠ႒ႏွင့္အဖြဲ႕ဝင္တို႔ တက္ေရာက္ခဲ့ၿပီး လက္ရွိ မူဆယ္နယ္စပ္ပို႔ကုန္ ေဆာင္႐ြက္ရာမွာ အက်ပ္ အတည္းျဖစ္ေနသည့္ အဓိကပို႔ကုန္အမယ္ေတြျဖစ္ေသာ ဆန္၊ ေျပာင္း၊ ေရာ္ဘာေတြ Quota တိုးျမႇင့္တင္ပို႔ႏိုင္ေရး ကြၽဲ၊ ႏြား (အရွင္)ေတြ တရားဝင္တင္ပို႔ခြင့္ရရွိရန္ ႏွစ္ႏိုင္ငံ MOU အျမန္ လက္မွတ္ေရးထိုးႏိုင္ေရး ၊ သစ္သီးအမယ္ေတြ တိုးျမႇင့္တင္ပို႔ ခြင့္ရရွိေရးႏွင့္ ႏွစ္ႏိုင္ငံ နယ္စပ္စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈဇုန္အျမန္အေကာင္အထည္ေဖာ္ေဆာင္ ႐ြက္ႏိုင္ေရးဆိုင္ရာ ကိစၥရပ္မ်ားအေပၚ ႏွစ္ဖက္စလုံးမွ ေဆြးေႏြးညႇိႏႈိင္းေဆာင္ ႐ြက္ခဲ့ၾကသည္။

 

မူဆယ္(၁၀၅) မိုင္ကုန္သြယ္ေရးဇုန္အေနျဖင့္ ၂၀၁၉ ခုႏွစ္ အက်ပ္အတည္းကာလ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ ေအာက္တိုဘာလကေန ဒီဇင္ဘာလအထိ ကာလမ်ားတြင္ ကုန္သြယ္မႈလ်ာထားခ်က္ေတြ ျပည့္မီ ေက်ာ္လြန္ေအာင္ ေဆာင္႐ြက္ႏိုင္ခဲ့သကဲ့သို႔ ၂၀၂၀ ျပည့္ႏွစ္ ႏွစ္သစ္ကူးကာလ ကေန ေရွ႕ဆက္ၿပီးလည္း “စုေပါင္းညီညာေအာင္ေၾကာင္းျဖာ” ဆိုသလို ေတြ႕ႀကဳံရတဲ့ အခက္အခဲ၊ စိန္ေခၚမႈမ်ားအ ေပၚ အျပန္အလွန္ေဆြးေႏြးညႇိႏႈိင္းေျဖရွင္း ပူးေပါင္းႀကိဳးစားေဆာင္႐ြက္မႈမ်ားႏွင့္အတူ ၿငိမ္းခ်မ္းမႈမ်ားေဖာ္ေဆာင္ကာ ေခတ္သစ္ပိုးလမ္းမႀကီးႏွင့္ပါ ခ်ိတ္ဆက္၍ ႏိုင္ငံတကာႏွင့္ကုန္သြယ္ႏိုင္မည့္အဆင့္အထိပါ တိုးျမႇင့္ေဆာင္႐ြက္ႏိုင္ရန္ ရည္ မွန္း ႀကိဳးစားေဆာင္႐ြက္လ်က္ရွိေၾကာင္း တင္ျပလိုက္ရပါသည္။

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)