Export & Import

နိုင်ငံအသီးသီးက Help Desk များပါဝင်သော ကုန်သွယ်မှုဗဟိုဌာန

နိုင်ငံအသီးသီးက Help Desk များပါဝင်သော ကုန်သွယ်မှုဗဟိုဌာန google

ပြည်တွင်းထုတ်ကုန်တွေကို တင်ပို့ရာတွင် သက်ဆိုင်ရာနိုင်ငံတွေနှင့် ချိတ်ဆက်နိုင်သော Help Desk များပါဝင်မည့် မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနကို မတ်လအတွင်း ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း MITC မှ သိရသည်။

 

အဆိုပါ Help Desk တွင် ကိုရီးယား၊ အိန္ဒိယနှင့် အီးယူနိုင်ငံများ ပါဝင်မှာဖြစ်ပြီး တရုတ်နှင့် ဂျပန်နိုင်ငံကတော့ ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း သတင်းရရှိပါသည်။Help Desk မှ သက်ဆိုင်ရာနိုင်ငံများကို မြန်မာနိုင်ငံ၏ ဈေးကွက်အကြောင်းရှင်းပြနိုင်မှာဖြစ်ပြီး မြန်မာလုပ်ငန်းရှင်တွေကိုလည်း သက်ဆိုင်ရာနိုင်ငံ၏ ဈေးကွက်အကြောင်းကိုရှင်းပြပြီး ဈေးကွက်ချိတ်ဆက်မှုတွေ ဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်း သိရှိရသည်။

 

ယခုကဲ့သို့ ဆောင်ရွက်ရခြင်းသည် စီးပွားရေးလုပ်ငန်းအသစ်များကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်သည်။ဒါ့အပြင် ယခုဖွင့်လှစ်မည့် မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနတွင် ပြည်တွင်းထုတ်ကုန်တွေကို ရောင်းချနိုင်မည့် ပြခန်းတွေလည်း ထည့်သွင်းသွားမှာဖြစ်ကြောင်း သိရသည်။

 

>>>Zawgyi<<<

 

ႏိုင္ငံအသီးသီးက Help Desk မ်ားပါဝင္ေသာ ကုန္သြယ္မႈဗဟိုဌာန ျမန္မာႏိုင္ငံတြင္ ဖြင့္လွစ္ေတာ့မည္။ ျပည္တြင္းထုတ္ကုန္ေတြကို တင္ပို႔ရာတြင္ သက္ဆိုင္ရာႏိုင္ငံေတြႏွင့္ ခ်ိတ္ဆက္ႏိုင္ေသာ Help Desk မ်ားပါဝင္မည့္ ျမန္မာအျပည္ျပည္ဆိုင္ရာကုန္သြယ္မႈဗဟိုဌာနကို မတ္လအတြင္း ဖြင့္လွစ္သြားရန္ စီစဥ္ေနေၾကာင္း MITC မွ သိရသည္။

 

အဆိုပါ Help Desk တြင္ ကိုရီးယား၊ အိႏၵိယႏွင့္ အီးယူႏိုင္ငံမ်ား ပါဝင္မွာျဖစ္ၿပီး တ႐ုတ္ႏွင့္ ဂ်ပန္ႏိုင္ငံကေတာ့ ညႇိႏႈိင္းေနဆဲ ျဖစ္ေၾကာင္း သတင္းရရွိပါသည္။Help Desk မွ သက္ဆိုင္ရာႏိုင္ငံမ်ားကို ျမန္မာႏိုင္ငံ၏ ေဈးကြက္အေၾကာင္းရွင္းျပႏိုင္မွာျဖစ္ျပီး ျမန္မာလုပ္ငန္းရွင္ေတြကိုလည္း သက္ဆိုင္ရာႏိုင္ငံ၏ ေဈးကြက္အေၾကာင္းကိုရွင္းျပၿပီး ေဈးကြက္ခ်ိတ္ဆက္မႈေတြ ေဆာင္႐ြက္ေပးႏိုင္မွာျဖစ္ေၾကာင္း သိရွိရသည္။

 

ယခုကဲ့သို႔ ေဆာင္႐ြက္ရျခင္းသည္ စီးပြားေရးလုပ္ငန္းအသစ္မ်ားကို အေထာက္အပံ့ျဖစ္ေစရန္ ရည္ရြယ္သည္။ဒါ့အျပင္ ယခုဖြင့္လွစ္မည့္ ျမန္မာအျပည္ျပည္ဆိုင္ရာကုန္သြယ္မႈဗဟိုဌာနတြင္ ျပည္တြင္းထုတ္ကုန္ေတြကို ေရာင္းခ်ႏိုင္မည့္ ျပခန္းေတြလည္း ထည့္သြင္းသြားမွာျဖစ္ေၾကာင္း သိရသည္။

 

Myanmar Logistics Guide

 
Read times
Rate this item
(0 votes)