Export & Import

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမသုံးလကျော် ကာလအတွင်း ပို့ကုန် ကန်ဒေါ်လာ ငါးဘီလီယံကျော် တင်ပို့နိုင်ခဲ့

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမသုံးလကျော် ကာလအတွင်း ပို့ကုန် ကန်ဒေါ်လာ ငါးဘီလီယံကျော် တင်ပို့နိုင်ခဲ့ google

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမသုံးလကျော်ကာလ ဇန်နဝါရီ ၁၀ ရက် အထိ ပို့ကုန်ကဏ္ဍတွင် အမေရိကန် ဒေါ်လာ ငါးဘီလီယံကျော် ( အမေရိကန် ဒေါ်လာသန်း ၅,၀၆၁ ဒသမ ၉၃၅) တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော စာရင်းဇယားများအရ သိရပါတယ်။

 

ယခုဘဏ္ဍာနှစ် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁၀ ရက် အထိ တင်ပို့ခဲ့သော အမေရိကန် ဒေါ်လာ ငါးဘီလီယံကျော်တွင် ပင်လယ်ရေကြောင်းမှ တင်ပို့မှုမှ အမေရိကန် ဒေါ်လာ သုံးဘီလီယံကျော် နှင့် နယ်စပ် တင်ပို့မှုများမှ အမေရိကန် ဒေါ်လာ နှစ်ဘီလီယံကျော် ပါဝင်ကြောင်း သိရပါတယ်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမသုံးလကျော် ကာလ ဇန်နဝါရီ ၁၀ ရက် အထိ စုစုပေါင်း တင်ပို့မှု အမေရိကန် ဒေါ်လာ ငါးဘီလီယံကျော်မှာ ယခင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက အမေရိကန် ဒေါ်လာ တစ်ဘီလီယံကျော် ပိုမို တင်ပို့ထားနိုင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇန်နဝါရီ ၁၀ ရက် အထိ ကာလ အတွင်း အမေရိကန် ဒေါ်လာ လေးဘီလီယံကျော်သာ တင်ပို့ထားနိုင်ခဲ့ကြောင်း သိခဲ့ရပါတယ်။

 

ယခုဘဏ္ဍာနှစ် ဇန်နဝါရီ ၁၀ ရက် အထိ တင်ပို့မှုများအနက် စက်မှုကုန်ချော ကဏ္ဍမှ အများဆုံး တင်ပို့ကာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၇၅ ဘီလီယံကျော် ရရှိခဲ့ပြီး လယ်ယာထွက် ပစ္စည်း ကဏ္ဍမှ အမေရိကန် ဒေါ်လာ ၉၉၈ ဒသမ ၇၂၈ မီလီယံ နှင့် သတ္တတွင်းထွက် ကဏ္ဍမှ အမေရိကန် ဒေါ်လာ ၈၃၂ ဒသမ ၄၂၁ မီလီယံတို့ ပါဝင်ကြောင်း သိရပါတယ်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဇန်နဝါရီ ၁၀ ရက် အထိ ပို့ကုန် ၊ သွင်းကုန် စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံကျော် ရှိခဲ့ပြီး ယခင်နှစ် အလားတူ ကာလထက် အမေရိကန် ဒေါ်လာ ၁ ဒသမ ၄၈၉ ဘီလီယံ ပိုမို ကုန်သွယ်နိုင်ခဲ့ကြောင်း သိရပါတယ်။

 

>>>Zawgyi<<<

 


 


 


 


 

Ref ; Xinhua

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)