Export & Import

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် ပထမ သုံးလအတွင်း တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်ဖြင့် ကုန်သွယ်မှု

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် ပထမ သုံးလအတွင်း တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်ဖြင့် ကုန်သွယ်မှု google

နယ်စပ် ကုန်သွယ်ရေး စခန်းများ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမ သုံးလအတွင်း တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC) ဖြင့် ကုန်သွယ်မှု ပမာဏမှာ ကျပ် ၁၄ ဒသမ ၁ ဘီလီယံကျော်ရှိကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိခဲ့ရပါတယ်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမ သုံးလ ဖြစ်သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက် အထိ ကာလ အတွင်း တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC) ၂၃ ကတ် ခွင့်ပြု ထုတ်ပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC) ၂၃ ကတ်ဖြင့် ကုန်သွယ်မှု ပမာဏ ကျပ် ၁၄ ဒသမ ၁ ဘီလီယံကျော် (၁၄,၁၂၇,၀၄၃,၈၆၃)တွင် ပို့ကုန် တန်ဖိုးမှာ ကျပ် ၁ ဒသမ ၄ ဘီလီယံကျော်( ၁,၄၀၂,၃၁၆,၄၀၆) ရှိပြီး သွင်းကုန် တန်ဖိုးမှာ ကျပ် ၁၂ ဒသမ ၇ ဘီလီယံကျော် (၁၂,၇၂၄,၇၂၇,၄၅၇) ရှိကြောင်း သိရပါတယ်။

 

ကုန်သွယ်မှုများ အနက် မြဝတီ နယ်စပ် ကုန်သွယ်ရေး စခန်း၌ ITC ဖြင့် ကုန်သွယ်မှု ပမာဏမှာ အများဆုံးဖြင့် ကျပ် ၈ ဒသမ ၅ ဘီလီယံကျော်(၈,၅၂၇,၄၂၆,၂၄၅) ရှိခဲ့ပါတယ်။ တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC)အား ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်မှ စတင် ထုတ်ပေး ခဲ့ပြီး ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒီဇင်ဘာလ ၃၁ ရက် အထိ စုစုပေါင်း ITC ကတ် အရေအတွက် ၁,၇၁၀ ကတ် ထုတ်ပေးထားပြီး ဖြစ်ကြောင်း သိရပါတယ်။တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC)အား တရားဝင် ကုန်သွယ်မှု တိုးပွားလာကာ တရားမဝင် ကုန်သွယ်မှု ပပျောက်စေရေး အတွက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

 

>>>Zawgyi<<<

 

၂၀၁၉ -၂၀၂၀ ဘ႑ာႏွစ္ ပထမ သုံးလအတြင္း တစ္ဦးခ်င္း ကုန္သြယ္မႈ လုပ္ငန္းရွင္ မွတ္ပုံတင္ လက္မွတ္ျဖင့္ ကုန္သြယ္မႈ

 

နယ္စပ္ ကုန္သြယ္ေရး စခန္းမ်ား၌ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ ပထမ သုံးလအတြင္း တစ္ဦးခ်င္း ကုန္သြယ္မႈ လုပ္ငန္းရွင္ မွတ္ပုံတင္ လက္မွတ္(ITC) ျဖင့္ ကုန္သြယ္မႈ ပမာဏမွာ က်ပ္ ၁၄ ဒသမ ၁ ဘီလီယံေက်ာ္ရွိေၾကာင္း စီးပြားေရး ႏွင့္ ကူးသန္း ေရာင္းဝယ္ေရး ဝန္ႀကီးဌာနမွ သိခဲ့ရပါတယ္။

 

၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ ပထမ သုံးလ ျဖစ္သည့္ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလ ၁ ရက္မွ ဒီဇင္ဘာလ ၃၁ ရက္ အထိ ကာလ အတြင္း တစ္ဦးခ်င္း ကုန္သြယ္မႈ လုပ္ငန္းရွင္ မွတ္ပုံတင္ လက္မွတ္(ITC) ၂၃ ကတ္ ခြင့္ျပဳ ထုတ္ေပးခဲ့ေၾကာင္း သိရပါတယ္။ အဆိုပါ တစ္ဦးခ်င္း ကုန္သြယ္မႈ လုပ္ငန္းရွင္ မွတ္ပုံတင္ လက္မွတ္(ITC) ၂၃ ကတ္ျဖင့္ ကုန္သြယ္မႈ ပမာဏ က်ပ္ ၁၄ ဒသမ ၁ ဘီလီယံေက်ာ္ (၁၄,၁၂၇,၀၄၃,၈၆၃)တြင္ ပို႔ကုန္ တန္ဖိုးမွာ က်ပ္ ၁ ဒသမ ၄ ဘီလီယံေက်ာ္( ၁,၄၀၂,၃၁၆,၄၀၆) ရွိၿပီး သြင္းကုန္ တန္ဖိုးမွာ က်ပ္ ၁၂ ဒသမ ၇ ဘီလီယံေက်ာ္ (၁၂,၇၂၄,၇၂၇,၄၅၇) ရွိေၾကာင္း သိရပါတယ္။

 

ကုန္သြယ္မႈမ်ား အနက္ ျမဝတီ နယ္စပ္ ကုန္သြယ္ေရး စခန္း၌ ITC ျဖင့္ ကုန္သြယ္မႈ ပမာဏမွာ အမ်ားဆုံးျဖင့္ က်ပ္ ၈ ဒသမ ၅ ဘီလီယံေက်ာ္(၈,၅၂၇,၄၂၆,၂၄၅) ရွိခဲ့ပါတယ္။ တစ္ဦးခ်င္း ကုန္သြယ္မႈ လုပ္ငန္းရွင္ မွတ္ပုံတင္ လက္မွတ္(ITC)အား ၂ဝ၁၂-၂ဝ၁၃ ဘ႑ာႏွစ္မွ စတင္ ထုတ္ေပး ခဲ့ၿပီး ယခု ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ ဒီဇင္ဘာလ ၃၁ ရက္ အထိ စုစုေပါင္း ITC ကတ္ အေရအတြက္ ၁,၇၁၀ ကတ္ ထုတ္ေပးထားၿပီး ျဖစ္ေၾကာင္း သိရပါတယ္။တစ္ဦးခ်င္း ကုန္သြယ္မႈ လုပ္ငန္းရွင္ မွတ္ပုံတင္ လက္မွတ္(ITC)အား တရားဝင္ ကုန္သြယ္မႈ တိုးပြားလာကာ တရားမဝင္ ကုန္သြယ္မႈ ပေပ်ာက္ေစေရး အတြက္ လုပ္ေဆာင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရပါတယ္။

 

Ref : Xinhua

 

Myanmar Logistics Guide

 
Read times
Rate this item
(0 votes)