Export & Import

ဝူဟန်ဗိုင်းရပ်စ်နှင့် တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေး အခြေအနေ

ကမ္ဘာပေါ်တွင် နိုင်ငံတိုင်းသည် နိုင်ငံရေးဆိုင်ရာ အကျပ်အတည်းများ၊ စီးပွားရေးဆိုင်ရာ အကျပ်အတည်းများ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာအကြပ်အတည်း၊ စားနပ်ရိက္ခာဆိုင်ရာ အကျပ်အတည်း၊ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အကျပ်အတည်း၊ ဘဏ္ဍာ ရေးဆိုင်ရာ အကျပ်အတည်း၊ ကျန်းမာရေးဆိုင်ရာ အကျပ်အတည်း၊ လုပ်သားဆိုင်ရာအကျပ်အတည်း စသည်ဖြင့် အကျပ်အတည်းများသည် ပုံစံအမျိုးမျိုးဖြင့်ရှိနေခဲ့ကြပါတယ်။

 

ထိုသို့သော အကျပ်အတည်းများတွင် တူညီမှုများလည်းရှိကြသည်ကို တွေ့နိုင်ပါတယ်။ တူညီတတ်မှုများမှာ ပုံမှန်လုပ်ရိုးလုပ်စဉ်မဟုတ်ဘဲ ရုတ်တရက် ကြိုတင်မမျှော်မှန်းနိုင် သောအခြေအနေများဖြစ်ပေါ်ခြင်း၊နစ်နာဆုံးရှုံးမှုများပြားခြင်း၊ ဖြေရှင်းရန် အချိန်ရမှုနည်းပါးခြင်းတို့ ဖြစ်ပါတယ်။

 

အဆိုပါကိစ္စများကို အကျပ်အတည်းဟုခေါ်ဆိုသကဲ့သို့ အကျပ်အတည်းတစ်ခုကိုစီမံခန့် ခွဲ နိုင်သည့်နည်းလမ်းများလည်း ရှိနေခဲ့ပါတယ်။ အဆိုပါစီမံခန့်ခွဲသည့် နည်းလမ်းကို အကျပ်အတည်း စီမံခန့်ခွဲမှုနည်းလမ်း ( Crisis Management) ဟု ခေါ်ပါတယ်။ အဆိုပါ အကျပ်အတည်းကိစ္စများတွင် နိုင်ငံရေးများ အရေးအခင်းအကြောင်းများကို ဦးတည်ဆွေးနွေး လိုခြင်းမဟုတ်ဘဲ ကုန်သွယ်မှုနှင့်ဆက်နွှယ်လာသည့် အိမ်နီးချင်းနိုင်ငံ ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းကို ဆွေးနွေးလိုခြင်းဖြစ်ပါတယ်။

 

● ကျန်းမာရေးနှင့်ဆက်စပ်သည့် ကုန်သွယ်ရေး

 

လက်ရှိကာလတွင် တရုတ်နိုင်ငံ ဝူဟန်မြို့မှစတင်သည့် ဝူဟန် အဆုတ်ရောင်ရောဂါခေါ် Coronavirus disease ကြောင့် တရုတ် နိုင်ငံတွင် ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းနှင့်ရင်ဆိုင်နေရပြီး လွယ်ကူစွာကူးစက်နိုင်သဖြင့် တရုတ်နိုင်ငံအတွင်းခရီးသွားလာရေး များရပ်ဆိုင်းခြင်း၊ လုပ်ငန်းများရပ်ဆိုင်းခြင်း၊ စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းလုဖြစ်ခြင်း၊ ဆေးရုံများပင် ချက်ချင်းဆောက်လုပ်နေရခြင်း စသည့်အကျပ်အတည်းများကို ရင်ဆိုင်ဖြေရှင်းနေရသည်ကိုသိရှိကြပြီးလဲ ဖြစ်ပါတယ်။

 

ကူးစက်မြန်ရောဂါတစ်ခုဖြစ်နေသဖြင့် ဖေဖော်ဝါရီ ၁ ရက်နံနက်ပိုင်းထုတ်ပြန်ချက်များအရ တရုတ်နိုင်ငံပြင်ပ နိုင်ငံ ပေါင်း ၂၆ နိုင်ငံသို့ ရောက်ရှိကူးစက်မှုများလည်း ရှိနေခဲ့ပါတယ်။ အထူးသဖြင့် ကုသရန် ဆေးဝါးမည်မည်ရရမရှိခြင်းသည်လည်း အဓိက ကြောက်ရွံ့ဖွယ်ရာဖြစ်နေပါတယ်။

 

အဆိုပါအခြေအနေတွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်နယ်နိမိတ်ချင်း ထိစပ်နေသကဲ့သို့ တရုတ်နိုင်ငံသည်မြန်မာနိုင်ငံ၏ထိပ်တန်း ကုန်သွယ်ဖက်နိုင်ငံလည်း ဖြစ်ပြီး တရုတ်နိုင်ငံမှ ခရီးသွားများ၊ ကုန်သည်များလုပ်ငန်းရှင်များ၊ အလုပ်သမားများလည်း ကူးလူးသွားလာမှုရှိခြင်းကြောင့် အထူးသတိ ထားရမည့်အခြေအနေ တရပ်လည်း ဖြစ်နေပါတယ်။

 

တရုတ်နိုင်ငံနှင့်နယ်စပ်ကုန်သွယ် ရေးကိုအဓိကပြုလုပ်သော မူဆယ်နယ်စပ်ကုန်သွယ်မှု အခြေအနေသည် လက်ရှိတွင် ရပ်ထားရသည့်အနေအထားမျိုးဖြစ်ပေါ်နေပြီး မူဆယ်နယ်စပ်ကုန်သွယ်ရေး၏ ယခင်ကပုံမှန်ကုန်သွယ်မှု အခြေအနေကို လေ့လာကြည့်ခြင်းဖြင့် ရပ်တန့်လျက်ရှိသော အခြေအနေကြောင့် ကုန်သွယ်မှု ကျဆင်းနိုင်ခြေကိုခန့်မှန်းကြည့်ရန်လိုမည် ထင်ပါသည်။ ထို့ပြင် အဆိုပါအခြေအနေကို မည်ကဲ့သို့ဖြေရှင်းနိုင်မည်ကိုလည်း စဉ်းစားသုံးသပ်ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါတယ်။

 

● နယ်စပ်ကုန်သွယ်မှု အခြေအနေ

 

မြန်မာနိုင်ငံ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပမာဏသည် ၃၅ ဒသမ ဝ၂၀ ဘီလီယံကျော်ရှိပါသည်။ မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်း၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာသန်းပေါင်း ၄၉၁၇ ဒသမ ၉၇၆ ရှိပြီး ပို့ကုန်ပမာဏမှာ ၃၁၅၆ ဒသမ ၄၁၉ ရှိကာ သွင်းကုန်ပမာဏမှာ ၁၇၆၁ ဒသမ ၅၅၇ ရှိခဲ့ပါတယ်။ မူဆယ်စခန်း၏ ကုန်သွယ်မှုပမာဏသည် မြန်မာနိုင်ငံတစ်ခုလုံး ကုန်သွယ်မှုပမာဏ၏ ၁၄ရာခိုင်နှုန်းရှိသည်ကိုတွေ့ရပါတယ်။

 

အခြားသော တရုတ် နှင့် ကုန်သွယ်မှုပြုသော နယ်စပ်ကုန်သွယ်မှုစခန်းများမှာ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီတို့ဖြစ်ပြီး အဆိုပါစခန်းများတွင် လွယ်ဂျယ် မှာ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်အတွက် အမေရိကန်ဒေါ်လာ ၁၄၄ ဒသမ ၈၉၃ သန်း၊ ချင်းရွှေဟော်မှာ ၅၄၁ ဒသမ ၅၉၃ သန်းနှင့်ကန်ပိုက် တီမှာ ၂၉၆ ဒသမ ၄၄၈ သန်းရှိခဲ့ပါတယ်။

 

သို့ဖြစ်၍ တရုတ်နှင့်နယ်စပ်ကုန်သွယ်မှုပြုလုပ်သော စခန်းလေးခု၏ စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ ၅၉၀ဝ ဒသမ ၉၁သန်းရှိပါတယ်။ သို့ဖြစ်၍ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏစုစုပေါင်းပေါ်တွင် ၁၆ရာခိုင်နှုန်း ရှိခဲ့ပြီး အဆိုပါကိန်းဂဏန်းအရ တစ်လအတွက် တရုတ်နှင့် နယ်စပ် ကုန်သွယ်မှုပမာဏသည်ပျမ်းမျှအားဖြင့်အမေရိကန်ဒေါ်လာ ၄၉၁ ဒသမ ၇၄သန်းရှိပါတယ်။ အဆိုပါ ပမာဏမှာမနည်းလှသော အခြေအနေဖြစ်သည်ဟုလည်း ဆိုနိုင်ပါသည်။မူဆယ် အပါအဝင် တရုတ်နှင့်နယ်စပ်ကုန်သွယ်မှုတစ်လမပြုလုပ်ပါက ပို့ကုန် သွင်းကုန်နှစ်ရပ်ပေါင်းသည် ဒေါ်လာသန်းပေါင်း ၄၉၀ကျော် လျော့နည်းသွားမည်ဖြစ်ပါတယ်။ အဆိုပါအခြေအနေသည် ခေတ္တ သာဖြစ်ပွားပါက ကုန်သွယ်မှု ပမာဏကျဆင်းသည်ကို ထိန်းသိမ်းနိုင်မည်ဖြစ်သော်လည်း တစ်လနှစ်လ တန်သည် နယ်စပ်ကိုဖြတ်၍ ကုန်သွယ်မှုလျော့နည်းပါကမြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏကိုထိခိုက်လာမည်ဖြစ်ပါတယ်။

 

အထူးသဖြင့် တရုတ်နယ်စပ်ကုန်သွယ်မှုကိုမှီခိုနေသော ကုန်သည်လုပ်ငန်းရှင်များ၊ သစ်သီးဝလံတင်ပို့သူများအတွက် ထိခိုက်မှုများရှိလာနိုင်ပါသည်။သို့ဖြစ်၍ခေတ္တရပ်တန့်ခြင်းအတွက် ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သကဲ့သို့ ကာလရှည်ကြာလာလျှင် ကုန်သွယ်မှုပုံစံ၊ ကုန်သွယ်မှုဆက်ဆံရေး များကိုပါပြောင်းလဲရန် စီမံခန့်ခွဲမှုများလိုအပ်မည်ဖြစ်ပါတယ်။

 

Car & Truck Rentals ကားနှင့်ကုန်တင်ကားအငှားဝန်ဆောင်မှု ၉၅၉ခုကိုရှာဖွေရန်နှိပ်ပါ

 

>>>Zawgyi<<<


၀ူဟန္ဗိုင္းရပ္စ္ႏွင့္ တ႐ုတ္ - ျမန္မာ နယ္စပ္ကုန္သြယ္ေရး အေျခအေန

 

ကမာၻေပၚတြင္ ႏိုင္ငံတိုင္းသည္ ႏိုင္ငံေရးဆိုင္ရာ အက်ပ္အတည္းမ်ား၊ စီးပြားေရးဆိုင္ရာ အက်ပ္အတည္းမ်ား၊ သဘာဝေဘး အႏၲရာယ္ဆိုင္ရာအၾကပ္အတည္း၊ စားနပ္ရိကၡာဆိုင္ရာ အက်ပ္အတည္း၊ ရာသီဥတုေျပာင္းလဲျခင္းဆိုင္ရာ အက်ပ္အတည္း၊ ဘ႑ာ ေရးဆိုင္ရာ အက်ပ္အတည္း၊ က်န္းမာေရးဆိုင္ရာ အက်ပ္အတည္း၊ လုပ္သားဆိုင္ရာအက်ပ္အတည္း စသည္ျဖင့္ အက်ပ္အတည္းမ်ားသည္ ပုံစံအမ်ိဳးမ်ိဳးျဖင့္ရွိေနခဲ့ႀကပါတယ္။

 

ထိုသို႔ေသာ အက်ပ္အတည္းမ်ားတြင္ တူညီမႈမ်ားလည္းရွိၾကသည္ကို ေတြ႕ႏိုင္ပါတယ္။ တူညီတတ္မႈမ်ားမွာ ပုံမွန္လုပ္႐ိုးလုပ္စဥ္မဟုတ္ဘဲ ႐ုတ္တရက္ ႀကိဳတင္မေမွ်ာ္မွန္းႏိုင္ ေသာအေျခအေနမ်ားျဖစ္ေပၚျခင္း၊နစ္နာဆုံးရႈံးမႈမ်ားျပားျခင္း၊ ေျဖရွင္းရန္ အခ်ိန္ရမႈနည္းပါးျခင္းတို႔ ျဖစ္ပါတယ္။

 

အဆိုပါကိစၥမ်ားကို အက်ပ္အတည္းဟုေခၚဆိုသကဲ့သို႔ အက်ပ္အတည္းတစ္ခုကိုစီမံခန္႔ ခြဲ ႏိုင္သည့္နည္းလမ္းမ်ားလည္း ရွိေနခဲ့ပါတယ္။ အဆိုပါစီမံခန္႔ခြဲသည့္ နည္းလမ္းကို အက်ပ္အတည္း စီမံခန္႔ခြဲမႈနည္းလမ္း ( Crisis Management) ဟု ေခၚပါတယ္။ အဆိုပါ အက်ပ္အတည္းကိစၥမ်ားတြင္ ႏိုင္ငံေရးမ်ား အေရးအခင္းအေၾကာင္းမ်ားကို ဦးတည္ေဆြးေႏြး လိုျခင္းမဟုတ္ဘဲ ကုန္သြယ္မႈႏွင့္ဆက္ႏႊယ္လာသည့္ အိမ္နီးခ်င္းႏိုင္ငံ က်န္းမာေရးဆိုင္ရာ အက်ပ္အတည္းကို ေဆြးေႏြးလိုျခင္းျဖစ္ပါတယ္။

 

● က်န္းမာေရးႏွင့္ဆက္စပ္သည့္ ကုန္သြယ္ေရး

 

လက္ရွိကာလတြင္ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွစတင္သည့္ ဝူဟန္ အဆုတ္ေရာင္ေရာဂါေခၚ Coronavirus disease ေၾကာင့္ တ႐ုတ္ ႏိုင္ငံတြင္ က်န္းမာေရးဆိုင္ရာ အက်ပ္အတည္းႏွင့္ရင္ဆိုင္ေနရၿပီး လြယ္ကူစြာကူးစက္ႏိုင္သျဖင့္ တ႐ုတ္ႏိုင္ငံအတြင္းခရီးသြားလာေရး မ်ားရပ္ဆိုင္းျခင္း၊ လုပ္ငန္းမ်ားရပ္ဆိုင္းျခင္း၊ စီးပြားေရးလုပ္ငန္းမ်ား ရပ္ဆိုင္းလုျဖစ္ျခင္း၊ ေဆး႐ုံမ်ားပင္ ခ်က္ခ်င္းေဆာက္လုပ္ေနရျခင္း စသည့္အက်ပ္အတည္းမ်ားကို ရင္ဆိုင္ေျဖရွင္းေနရသည္ကိုသိရွိၾကၿပီးလဲ ျဖစ္ပါတယ္။

 

ကူးစက္ျမန္ေရာဂါတစ္ခုျဖစ္ေနသျဖင့္ ေဖေဖာ္ဝါရီ ၁ ရက္နံနက္ပိုင္းထုတ္ျပန္ခ်က္မ်ားအရ တ႐ုတ္ႏိုင္ငံျပင္ပ ႏိုင္ငံ ေပါင္း ၂၆ ႏိုင္ငံသို႔ ေရာက္ရွိကူးစက္မႈမ်ားလည္း ရိွေနခဲ့ပါတယ္။ အထူးသျဖင့္ ကုသရန္ ေဆးဝါးမည္မည္ရရမရွိျခင္းသည္လည္း အဓိက ေၾကာက္႐ြံ႕ဖြယ္ရာျဖစ္ေနပါတယ္။

 

အဆိုပါအေျခအေနတြင္ ျမန္မာႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံႏွင့္နယ္နိမိတ္ခ်င္း ထိစပ္ေနသကဲ့သို႔ တ႐ုတ္ႏိုင္ငံသည္ျမန္မာႏိုင္ငံ၏ထိပ္တန္း ကုန္သြယ္ဖက္ႏိုင္ငံလည္း ျဖစ္ျပီး တ႐ုတ္ႏိုင္ငံမွ ခရီးသြားမ်ား၊ ကုန္သည္မ်ားလုပ္ငန္းရွင္မ်ား၊ အလုပ္သမားမ်ားလည္း ကူးလူးသြားလာမႈရွိျခင္းေၾကာင့္ အထူးသတိ ထားရမည့္အေျခအေန တရပ္လည္း ျဖစ္ေနပါတယ္။

 

တ႐ုတ္ႏိုင္ငံႏွင့္နယ္စပ္ကုန္သြယ္ ေရးကိုအဓိကျပဳလုပ္ေသာ မူဆယ္နယ္စပ္ကုန္သြယ္မႈ အေျခအေနသည္ လက္ရွိတြင္ ရပ္ထားရသည့္အေနအထားမ်ိဳးျဖစ္ေပၚေနျပီး မူဆယ္နယ္စပ္ကုန္သြယ္ေရး၏ ယခင္ကပုံမွန္ကုန္သြယ္မႈ အေျခအေနကို ေလ့လာၾကည့္ျခင္းျဖင့္ ရပ္တန္႔လ်က္ရွိေသာ အေျခအေနေႀကာင့္ ကုန္သြယ္မႈ က်ဆင္းႏိုင္ေျခကိုခန္႔မွန္းၾကည့္ရန္လိုမည္ ထင္ပါသည္။ ထို႔ျပင္ အဆိုပါအေျခအေနကို မည္ကဲ့သို႔ေျဖရွင္းႏိုင္မည္ကိုလည္း စဥ္းစားသုံးသပ္ေဆာင္႐ြက္ေပးရန္ လိုအပ္မည္ျဖစ္ပါတယ္။

 

● နယ္စပ္ကုန္သြယ္မႈ အေျခအေန

 

ျမန္မာႏိုင္ငံ၏ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္တြင္ ကုန္သြယ္မႈ ပမာဏသည္ ၃၅ ဒသမ ဝ၂၀ ဘီလီယံေက်ာ္ရွိပါသည္။ မူဆယ္ နယ္စပ္ကုန္သြယ္ေရးစခန္း၏ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ကုန္သြယ္မႈ ပမာဏသည္ အေမရိကန္ေဒၚလာသန္းေပါင္း ၄၉၁၇ ဒသမ ၉၇၆ ရွိၿပီး ပို႔ကုန္ပမာဏမွာ ၃၁၅၆ ဒသမ ၄၁၉ ရွိကာ သြင္းကုန္ပမာဏမွာ ၁၇၆၁ ဒသမ ၅၅၇ ရွိခဲ့ပါတယ္။ မူဆယ္စခန္း၏ ကုန္သြယ္မႈပမာဏသည္ ျမန္မာႏိုင္ငံတစ္ခုလုံး ကုန္သြယ္မႈပမာဏ၏ ၁၄ရာခိုင္ႏႈန္းရွိသည္ကိုေတြ႕ရပါတယ္။

 

အျခားေသာ တ႐ုတ္ ႏွင့္ ကုန္သြယ္မႈျပဳေသာ နယ္စပ္ကုန္သြယ္မႈစခန္းမ်ားမွာ လြယ္ဂ်ယ္၊ ခ်င္းေ႐ႊေဟာ္၊ ကန္ပိုက္တီတို႔ျဖစ္ၿပီး အဆိုပါစခန္းမ်ားတြင္ လြယ္ဂ်ယ္ မွာ ၂၀၁၈-၂၀၁၉ဘ႑ာႏွစ္အတြက္ အေမရိကန္ေဒၚလာ ၁၄၄ ဒသမ ၈၉၃ သန္း၊ ခ်င္းေ႐ႊေဟာ္မွာ ၅၄၁ ဒသမ ၅၉၃ သန္းႏွင့္ကန္ပိုက္ တီမွာ ၂၉၆ ဒသမ ၄၄၈ သန္းရွိခဲ့ပါတယ္။

 

သို႔ျဖစ္၍ တ႐ုတ္ႏွင့္နယ္စပ္ကုန္သြယ္မႈျပဳလုပ္ေသာ စခန္းေလးခု၏ စုစုေပါင္း ကုန္သြယ္မႈပမာဏမွာ ၅၉၀ဝ ဒသမ ၉၁သန္းရွိပါတယ္။ သို႔ျဖစ္၍ ျမန္မာႏိုင္ငံ၏ ကုန္သြယ္မႈပမာဏစုစုေပါင္းေပၚတြင္ ၁၆ရာခိုင္ႏႈန္း ရွိခဲ့ျပီး အဆိုပါကိန္းဂဏန္းအရ တစ္လအတြက္ တ႐ုတ္ႏွင့္ နယ္စပ္ ကုန္သြယ္မႈပမာဏသည္ပ်မ္းမွ်အားျဖင့္အေမရိကန္ေဒၚလာ ၄၉၁ ဒသမ ၇၄သန္းရွိပါတယ္။ အဆိုပါ ပမာဏမွာမနည္းလွေသာ အေျခအေနျဖစ္သည္ဟုလည္း ဆိုႏိုင္ပါသည္။မူဆယ္ အပါအဝင္ တ႐ုတ္ႏွင့္နယ္စပ္ကုန္သြယ္မႈတစ္လမျပဳလုပ္ပါက ပို႔ကုန္ သြင္းကုန္ႏွစ္ရပ္ေပါင္းသည္ ေဒၚလာသန္းေပါင္း ၄၉၀ေက်ာ္ ေလ်ာ့နည္းသြားမည္ျဖစ္ပါတယ္။ အဆိုပါအေျခအေနသည္ ေခတၱ သာျဖစ္ပြားပါက ကုန္သြယ္မႈ ပမာဏက်ဆင္းသည္ကို ထိန္းသိမ္းႏိုင္မည္ျဖစ္ေသာ္လည္း တစ္လႏွစ္လ တန္သည္ နယ္စပ္ကိုျဖတ္၍ ကုန္သြယ္မႈေလ်ာ့နည္းပါကျမန္မာႏိုင္ငံ၏ ကုန္သြယ္မႈပမာဏကိုထိခိုက္လာမည္ျဖစ္ပါတယ္။

 

အထူးသျဖင့္ တ႐ုတ္နယ္စပ္ကုန္သြယ္မႈကိုမွီခိုေနေသာ ကုန္သည္လုပ္ငန္းရွင္မ်ား၊ သစ္သီးဝလံတင္ပို႔သူမ်ားအတြက္ ထိခိုက္မႈမ်ားရွိလာႏိုင္ပါသည္။သို႔ျဖစ္၍ေခတၱရပ္တန္႔ျခင္းအတြက္ ျပင္ဆင္ေဆာင္႐ြက္ရန္ လိုအပ္မည္ျဖစ္သကဲ့သို႔ ကာလရွည္ၾကာလာလွ်င္ ကုန္သြယ္မႈပုံစံ၊ ကုန္သြယ္မႈဆက္ဆံေရး မ်ားကိုပါေျပာင္းလဲရန္ စီမံခန္႔ခြဲမႈမ်ားလိုအပ္မည္ျဖစ္ပါတယ္။

 

Car & Truck Rentals ကားႏွင့္ကုန္တင္ကားအငွားဝန္ေဆာင္မႈ ၉၅၉ခုကိုရွာေဖြရန္ႏွိပ္ပါ

 

Myanmar Logistics Guide

 
Read times
Rate this item
(0 votes)

Related items