Export & Import

တရုတ်နိုင်ငံ Coronavirus ကူးစက်မှုကြောင့် အမေရိကန်ကုန်ပစ္စည်း ၁၇၀၀ ကျော်အပေါ် အကောက်ခွန်ထက်ဝက်လျှော့ချ

တရုတ်သည် coronavirus နှင့် ရင်ဆိုင်နေရချိန်တွင် အမေရိကန်မှ တင်သွင်းသောကုန်ပစ္စည်း ၁,၁၇၁ ခုကို အကောက်ခွန်နှုန်းထက်ဝက် လျှော့ချရန်စီစဉ်လျက်ရှိပါတယ်။

 

အချို့သော ကုန်ပစ္စည်းများအပေါ် အကောက်ခွန်နှုန်းသည် ၁၀% မှ ၅ ရာခိုင်နှုန်းသို့ကျဆင်းသွားပြီး အခြားအရာများအပေါ်တွင် ၅% မှ ၂.၅% သို့လျှော့ချမည်ဟု တရုတ်အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။

 

တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံသည် သွင်းကုန်ထုတ်ကုန်များအပေါ်တွင် အကောက်ခွန်ကောက်ခံခြင်းနှင့်အတူ ရေရှည်ကုန်သွယ်ရေးစစ်ပွဲတွင်လည်း ပါဝင်ခဲ့ကြပါတယ်။ပြီးခဲ့သည့်လတွင်လည်း တရုတ်ကိုတင်သွင်းခဲ့သော အမေရိကန်ကုန်ပစ္စည်းများအား ဒေါ်လာ ၂၀၀ ဘီလီယံ အထိမြှင့်တင်ထားခဲ့ပါတယ်။

 

Coronavirus ကူးစက်မှုသည် တရုတ်နိုင်ငံ စီးပွားရေးကို ပျက်စီးစေခဲ့ကာ တစ်နိုင်ငံလုံးရှိစက်ရုံများကိုလည်း ပိတ်ထားခဲ့ရပြီး ကုန်ထုတ်လုပ်မှု sector သည်အကြီးအကျယ်ကျဆင်းနေခဲ့ပါတယ်။

 

တရုတ်သို့ ဝင်ရောက်လာသည့် အမေရိကန် ကုန်ပစ္စည်းများအပေါ် ဒေါ်လာ ၇၅ ဘီလီယံ အကောက်ခွန်ဖြတ်တောက်မှုသည် ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင်အကျိုးသက်ရောက်လိမ့်မည်။အမေရိကန်၏ ကုန်ပစ္စည်းများအတွက် နောက်ထပ် ဒေါ်လာ ၃၅ ဘီလီယံတန်ဖိုးရှိ အခွန်များသည်လည်း ဆက်လက်တည်ရှိနေခဲ့ပါတယ်။သဘောတူညီချက်အရလည်း အမေရိကန်သည် တရုတ်၏ကုန်ပစ္စည်းများအပေါ်တွင် အခွန်အချို့ပြန်ပေးဆောင်ရပါမည်။

 

အကောက်ခွန်လျှော့ချမည့် အချိန်ကာလနှင့် ပတ်သက်၍ Capital Economics မှအကြီးတန်းတရုတ်စီးပွားရေးပညာရှင် ဂျူလီယန်အီဗန် - ပစ်ချတ်ကပြောကြားသည်မှာ coronavirus ကြောင့် နှောင့်နှေးနေသော်လည်း ကုန်သွယ်ရေးတင်းမာမှုများကို အရှိန်အဟုန်မြှင့် တင်ရန်လည်း ဆက်လက်လုပ်ဆောင်နေကြပါတယ်။

 

Shipping Agents သဘောၤအေးဂျင့် ၃၄၇ခုကိုရှာဖွေရန် နှိပ်ပါ

 

>>>Zawgyi<<<

 

တ႐ုတ္ႏိုင္ငံ Coronavirus ကူးစက္မႈေႀကာင့္ အေမရိကန္ကုန္ပစၥည္း ၁၇၀၀ ေက်ာ္အေပၚ အေကာက္ခြန္ထက္ဝက္ေလွ်ာ့ခ်

 

တ႐ုတ္သည္ coronavirus ႏွင့္ ရင္ဆိုင္ေနရခ်ိန္တြင္ အေမရိကန္မွ တင္သြင္းေသာကုန္ပစၥည္း ၁,၁၇၁ ခုကို အေကာက္ခြန္ႏႈန္းထက္ဝက္ ေလွ်ာ့ခ်ရန္စီစဥ္လ်က္ရိွပါတယ္။

 

အခ်ိဳ႕ေသာ ကုန္ပစၥည္းမ်ားအေပၚ အေကာက္ခြန္ႏႈန္းသည္ ၁၀% မွ ၅ ရာခိုင္ႏႈန္းသို႔က်ဆင္းသြားၿပီး အျခားအရာမ်ားအေပၚတြင္ ၅% မွ ၂.၅% သို႔ေလွ်ာ့ခ်မည္ဟု တ႐ုတ္အာဏာပိုင္မ်ားက ေျပာၾကားခဲ့ပါတယ္။

 

တရုတ္ႏွင့္ အေမရိကန္ ႏွစ္ႏိုင္ငံသည္ သြင္းကုန္ထုတ္ကုန္မ်ားအေပၚတြင္ အေကာက္ခြန္ေကာက္ခံျခင္းႏွင့္အတူ ေရရွည္ကုန္သြယ္ေရးစစ္ပြဲတြင္လည္း ပါဝင္ခဲ့ႀကပါတယ္။ျပီးခဲ့သည့္လတြင္လည္း တ႐ုတ္ကိုတင္သြင္းခဲ့ေသာ အေမရိကန္ကုန္ပစၥည္းမ်ားအား ေဒၚလာ ၂၀၀ ဘီလီယံ အထိျမႇင့္တင္ထားခဲ့ပါတယ္။

 

Coronavirus ကူးစက္မႈသည္ တရုတ္ႏိုင္ငံ စီးပြားေရးကို ပ်က္စီးေစခဲ့ကာ တစ္ႏိုင္ငံလုံးရွိစက္႐ုံမ်ားကိုလည္း ပိတ္ထားခဲ့ရျပီး ကုန္ထုတ္လုပ္မႈ sector သည္အႀကီးအက်ယ္က်ဆင္းေနခဲ့ပါတယ္။

 

တ႐ုတ္သို႔ ဝင္ေရာက္လာသည့္ အေမရိကန္ ကုန္ပစၥည္းမ်ားအေပၚ ေဒၚလာ ၇၅ ဘီလီယံ အေကာက္ခြန္ျဖတ္ေတာက္မႈသည္ ေဖေဖာ္ဝါရီ ၁၄ ရက္တြင္ စတင္အက်ိဳးသက္ေရာက္လိမ့္မည္။အေမရိကန္၏ ကုန္ပစၥည္းမ်ားအတြက္ ေနာက္ထပ္ ေဒၚလာ ၃၅ ဘီလီယံတန္ဖိုးရွိ အခြန္မ်ားသည္လည္း ဆက္လက္တည္ရွိေနခဲ့ပါတယ္။သေဘာတူညီခ်က္အရလည္း အေမရိကန္သည္ တ႐ုတ္၏ကုန္ပစၥည္းမ်ားအေပၚတြင္ အခြန္အခ်ိဳ႕ျပန္ေပးေဆာင္ရပါမည္။

 

အေကာက္ခြန္ေလွ်ာ့ခ်မည့္ အခ်ိန္ကာလႏွင့္ ပတ္သက္၍ Capital Economics မွအႀကီးတန္းတ႐ုတ္စီးပြားေရးပညာရွင္ ဂ်ဴလီယန္အီဗန္ - ပစ္ခ်တ္ကေျပာၾကားသည္မွာ coronavirus ေႀကာင့္ ေႏွာင့္ေႏွးေနေသာ္လည္း ကုန္သြယ္ေရးတင္းမာမႈမ်ားကို အရွိန္အဟုန္ျမႇင့္ တင္ရန္လည္း ဆက္လက္လုပ္ေဆာင္ေနႀကပါတယ္။

 

REF : BBC

 

Shipping Agents သေဘာၤေအးဂ်င့္ ၃၄၇ခုကိုရွာေဖြရန္ ႏိွပ္ပါ

 

Myanmar Logistics Guide

 

 
Read times
Rate this item
(1 Vote)