Export & Import

ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေးလုပ်ငန်း အစည်းအဝေး

ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲက နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။

 

အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင် ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးအောင်ထူး က မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ တွေ့ကြုံနေရသည့် အခက်အခဲတင်ပြချက်များကို လုပ်ငန်း ကော်မတီ (၅)ရပ်က ဖြေရှင်းပေးသွားမည် ဖြစ်ပြီး မူဝါဒဆိုင်ရာကိစ္စများကို ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များတွေ့ဆုံပွဲ (Public-Private Dialogue) သို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ ယခုလက်ရှိ ကြုံတွေ့နေရသည့် ကိုရိုနာဗိုင်းရပ်စ် ပြဿနာများကြောင့် အထည်ချုပ်လုပ်ငန်းများ ထိခိုက်နစ်နာမှုများဖြစ်ပေါ်သကဲ့သို့ ဖရဲသီး၊ သခွားသီး စသည့် သီးနှံထုတ်ကုန်များလည်း ထိခိုက်နစ်နာမှုများနှင့် ကြုံတွေ့ခဲ့ရပါကြောင်း၊ ပြည်တွင်း ရောင်းအားမြှင့်တင်နိုင်ရန်နှင့် အခြားနိုင်ငံများသို့ တင်ပို့ နိုင်ရေးအတွက် ဈေးကွက် ရှာဖွေနိုင်ရန် သက်ဆိုင်ရာ နိုင်ငံရှိ သံအမတ်ကြီးများ၊ စီးပွားရေးသံမှူးများနှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကုန်သည်အသင်း အဖွဲ့ များမှ တင်ပြသည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခက်အခဲများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဖြေရှင်း ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

Transportation Services သယ်ယူပို့ဆောင်ရေးလုပ်ငန်းပေါင်း ၇၉၀ ကိုရှာရန်နှိပ်ပါ

 

မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းချုပ်၊ ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်း၊ မူဆယ် - နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်အသင်း၊ (UMFCCI) ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအဖွဲ့နှင့် မြန်မာနိုင်ငံ ဆေးလိပ်နှင့် ဆေးရွက်ကြီးလုပ်ငန်းရှင်များအသင်းတို့မှ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည် ဆွေးနွေး ခဲ့ကြပါတယ်။

 

အဆိုပါ အခမ်းအနားသို့ လုပ်ငန်းကော်မတီ၊ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး၊ ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ပါတယ်။

 

---Zawgyi---

 

ကုန္သြယ္မႈႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈကို အားေပးျမႇင့္တင္ေရးလုပ္ငန္း အစည္းအေဝး

 

ကုန္သြယ္မႈႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈကို အားေပးျမႇင့္တင္ေရး လုပ္ငန္းေကာ္မတီ၏ လုပ္ငန္းညႇိႏႈိင္း အစည္းအေဝးကို ယေန႔ မြန္းလြဲ ၂ နာရီခြဲက ေနျပည္ေတာ္ရွိ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန အစည္းအေဝးခန္းမ၌ က်င္းပျပုလုပ္ခဲ့ပါတယ္။

 

အစည္းအေဝးတြင္ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး၊ ကုန္သြယ္မႈႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈကို အားေပးျမႇင့္တင္ ေရးလုပ္ငန္း ေကာ္မတီဥကၠ႒ ဦးေအာင္ထူး က ျမန္မာ့စီးပြားေရး လုပ္ငန္းရွင္မ်ား ေတြ႕ႀကဳံေနရသည့္ အခက္အခဲတင္ျပခ်က္မ်ားကို လုပ္ငန္း ေကာ္မတီ (၅)ရပ္က ေျဖရွင္းေပးသြားမည္ ျဖစ္ၿပီး မူဝါဒဆိုင္ရာကိစၥမ်ားကို ပုဂၢလိကက႑ ဖြံ႕ၿဖိဳးတိုးတက္ေရးေကာ္မတီႏွင့္ ျမန္မာစီးပြားေရး လုပ္ငန္းရွင္မ်ားေတြ႕ဆုံပြဲ (Public-Private Dialogue) သို႔ တင္ျပသြားမည္ျဖစ္ေၾကာင္း၊ ယခုလက္ရွိ ႀကဳံေတြ႕ေနရသည့္ ကို႐ိုနာဗိုင္းရပ္စ္ ျပႆနာမ်ားေၾကာင့္ အထည္ခ်ဳပ္လုပ္ငန္းမ်ား ထိခိုက္နစ္နာမႈမ်ားျဖစ္ေပၚသကဲ့သို႔ ဖရဲသီး၊ သခြားသီး စသည့္ သီးႏွံထုတ္ကုန္မ်ားလည္း ထိခိုက္နစ္နာမႈမ်ားႏွင့္ ႀကဳံေတြ႕ခဲ့ရပါေၾကာင္း၊ ျပည္တြင္း ေရာင္းအားျမႇင့္တင္ႏိုင္ရန္ႏွင့္ အျခားႏိုင္ငံမ်ားသို႔ တင္ပို႔ ႏိုင္ေရးအတြက္ ေစ်းကြက္ ရွာေဖြႏိုင္ရန္ သက္ဆိုင္ရာ ႏိုင္ငံရွိ သံအမတ္ႀကီးမ်ား၊ စီးပြားေရးသံမႉးမ်ားႏွင့္ ညႇိႏႈိင္း ေဆာင္႐ြက္လ်က္ရွိေၾကာင္းႏွင့္ ကုန္သည္အသင္း အဖြဲ႕ မ်ားမွ တင္ျပသည့္ ကုန္သြယ္မႈႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ အခက္အခဲမ်ားကို သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားႏွင့္ ညႇိႏႈိင္းေျဖရွင္း ေဆာင္႐ြက္ ေပးသြားမည္ ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

 

ျမန္မာႏိုင္ငံ ေက်ာက္မ်က္ရတနာလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္၊ ခ်င္းျပည္နယ္ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈ လုပ္ငန္းရွင္ မ်ားအသင္း၊ မူဆယ္ - နမ့္ခမ္း နယ္စပ္ကုန္သြယ္ေရး ကုန္သည္အသင္း၊ (UMFCCI) ၏ ကုန္သြယ္မႈႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈအဖြဲ႕ႏွင့္ ျမန္မာႏိုင္ငံ ေဆးလိပ္ႏွင့္ ေဆး႐ြက္ႀကီးလုပ္ငန္းရွင္မ်ားအသင္းတို႔မွ တင္ျပခ်က္မ်ားအေပၚ သက္ဆိုင္ရာဌာနမ်ားမွ တာဝန္ရွိသူမ်ားက ျပန္လည္ ေဆြးေႏြးခဲ့ၾကပါတယ္။

 

အဆိုပါ အခမ္းအနားသို႔ လုပ္ငန္းေကာ္မတီ၊ ဒုတိယဥကၠ႒ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ အၿမဲတမ္းအတြင္းဝန္ ဦးေအာင္စိုး၊ ေကာ္မတီအဖြဲ႕ဝင္မ်ား၊ ဖိတ္ၾကားထားသည့္ သက္ဆိုင္ရာဌာနမ်ားမွ တာဝန္ရွိသူမ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ား တက္ေရာက္ခဲ့ပါတယ္။

 

Transportation Services သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေပါင္း ၇၉၀ ကိုရွာရန္ႏိွပ္ပါ

 

Myanmar Logistics Guide

 

Read times
Rate this item
(1 Vote)