Export & Import

တရုတ်နိုင်ငံမှ ကားပစ္စည်းအစိတ်အပိုင်းများ ပြတ်လပ်မှုကြောင့် ကမ္ဘာ့ကားစက်ရုံကြီးများ အခက်အခဲကြုံတွေ့နေ

တရုတ်နိုင်ငံတွင် Coronavirus ဖြစ်ပွားမှုကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်လျက်ရှိပြီး လာမည့်ရက်သတ္တပတ်အတွင်း ကမ္ဘာတဝှမ်းရှိ စီးပွားရေးလုပ်ငန်းများအပေါ် ထိခိုက်မှုတွေမှာလည်း ပိုမိုဆိုးရွားလာနိုင်တော့မှာဖြစ်ကြောင်း CNN Busines News မှာ ဖော်ပြထားပါတယ်။ကမ္ဘာတဝှမ်းမှ ထုတ်လုပ်သူများအနေနဲ့ တရုတ်စက်ပစ္စည်း အစိတ်အပိုင်းတွေအပေါ် မှီခိုနေရတာဖြစ်ပြီး လာမယ့်အပတ်မှာ တရုတ်နိုင်ငံရှိ လည်ပတ်နေတဲ့ စက်ရုံများ ပိတ်လိုက်မယ်ဆိုရင် ကမ္ဘာအနှံ့က စက်ရုံများအနေနဲ့ ရပ်ဆိုင်းသွားရနိုင်တာကြောင့် ကျွမ်းကျင်သူများက စိုးရိမ်နေကြပါတယ်။

 

အရင်ဆုံးထိခိုက်နစ်နာမယ့် လုပ်ငန်းတွေထဲမှာ ကားထုတ်လုပ်တဲ့ လုပ်ငန်းတွေက ရှေ့ဆုံးကရှိနေပြီး စက်ရုံများအနေနဲ့ ကားအစိတ်အပိုင်း (၉၉) ရာခိုင်နှုန်းကို တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းထုတ်လုပ်တဲ့ စက်ရုံတွေကနေ ရယူနေတာကြောင့် ဖြစ်ပါတယ်။GM ၏ လုပ်ငန်းလည်ပတ်မှုတာဝန်ခံ Mike Dunne က "အစိတ်အပိုင်းလေးတစ်ခုမရတာနဲ့ ထုတ်လုပ်မှုလိုင်းတစ်ခုလုံး ရပ်တန့်ရမယ့် အခြေအနေမှာရှိနေတယ်လို့" ပြောကြားခဲ့ပါတယ်။

 

တရုတ်နိုင်ငံက ကားအစိတ်အပိုင်းရောင်းချမှုတွင် ကမ္ဘာတဝှမ်း အဓိကကျလာပြီး ကုလသမဂ္ဂ၏ အချက်အလက်များအရ ၂၀၁၈ ခုနှစ်တွင် တရုတ်အနေနဲ့ ဒေါ်လာ (၃၅) ဘီလီယံနီးပါး တန်ဖိုးရှိ ကားအစိတ်အပိုင်းများ တင်ပို့ရောင်းချခဲ့ကြောင်း သိရပါတယ်။ ဒါ့ပြင် ၂၀၁၈ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ဒေါ်လာဘီလီယံ (၂၀) ခန့်တန်ဖိုးရှိ အစိတ်အပိုင်းများ တင်ပို့ရောင်းချခဲ့ကြောင်း သိရပါတယ်။

 

လက်ရှိအချိန်မှာ တရုတ်နိုင်ငံရှိ ကားတပ်ဆင်သည့် စက်ရုံအများစုကို ပိတ်ထားပြီး ၎င်းတို့၏ ပြည်တွင်းဈေးကွက်အတွက် ထုတ်လုပ်ပေးရန်သာ ရှိနေပါတယ်။ Volkswagen က တရုတ်ရှိ ၎င်းတို့၏ ကားစက်ရုံများကို ခရီးသွားလာခွင့် ကန့်သတ်ချက်များနှင့် အစိတ်အပိုင်းများပြတ်လပ်ခြင်းတို့ကြောင့် ခေတ္တပိတ်ထားမှာဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။General Motors ကလည်း အစိတ်အပိုင်းများ အဆင့်သင့်မရှိခြင်းကြောင့် တရုတ်နိုင်ငံရှိ ၎င်း၏စက်ရုံများကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ ပြန်လည်လည်ပတ်ဦးမှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

Hyundai ကလည်း တောင်ကိုရီးယားရှိ ၎င်း၏ စက်ရုံများကို ပိတ်ထားလိုက်ခြင်းမှာ ရောဂါပျံ့နှံသွားခြင်းကြောင့်မဟုတ်ဘဲ တရုတ်မှ အစိတ်အပိုင်းများ မရ၍ စက်ရုံကို ဆက်လက်မလည်ပတ်နိုင်တော့တာကြောင့် ဖြစ်ပါတယ်။တရုတ်နိုင်ငံမှ ကားအစိတ်ပိုင်းများ ပြတ်လပ်မှုကြောင့် Nissan က ဂျပန်နိုင်ငံ Kyushu ရှိ ၎င်း၏ ကားစက်ရုံမှ ထုတ်လုပ်မှုကို အချိန်ညှိယူနေရပြီး ပြင်သစ်မော်တော်ကားထုတ်လုပ်ရေးကလည်း ၎င်းတို့၏ တောင်ကိုရီးယား ဘူဆန်ရှိ စက်ရုံတစ်ခုကို ထုတ်လုပ်မှုများ ဆိုင်းငံ့ထားရကြောင်း ပြောကြားထားပါတယ်။

 

Moving Services ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု ၆၁ ခုကိုရှာဖွေရန်နှိပ်ပါ

 

တခြားကားထုတ်လုပ်ရေးလုပ်ငန်းများကလည်း တရုတ်နိုင်ငံရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေရပြီး ကမ္ဘာလုံးဆိုင်ရာ ကားထုတ်လုပ်မှုတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိစေမယ်ဆိုတာကို ပြောဖို့စောလွန်းပါကြောင်း ပြောကြားထားပါတယ်။

 

<<<Zawgyi>>>

 

တ႐ုတ္ႏုိင္ငံမွ ကားပစၥည္းအစိတ္အပိုင္းမ်ား ျပတ္လပ္မႈေၾကာင့္ ကမ႓ာ႔ကားစက္႐ံုႀကီးမ်ား အခက္အခဲႀကံဳေတြ႔ေန

 

တ႐ုတ္ႏုိင္ငံတြင္ Coronavirus ျဖစ္ပြားမႈေၾကာင့္ စီးပြားေရးလုပ္ငန္းမ်ား ထိခိုက္လ်က္ရွိၿပီး လာမည့္ရက္သတၱပတ္အတြင္း ကမ႓ာတဝွမ္းရွိ စီးပြားေရးလုပ္ငန္းမ်ားအေပၚ ထိခုိက္မႈေတြမွာလည္း ပိုမိုဆုိးရြားလာႏုိင္ေတာ့မွာျဖစ္ေၾကာင္း CNN Busines News မွာ ေဖာ္ျပထားပါတယ္။

 

ကမ႓ာတဝွမ္းမွ ထုတ္လုပ္သူမ်ားအေနနဲ႔ တ႐ုတ္စက္ပစၥည္း အစိတ္အပိုင္းေတြအေပၚ မွီခိုေနရတာျဖစ္ၿပီး လာမယ့္အပတ္မွာ တ႐ုတ္နုိင္ငံရွိ လည္ပတ္ေနတဲ့ စက္႐ံုမ်ား ပိတ္လုိက္မယ္ဆုိရင္ ကမ႓ာအႏွံ႔က စက္႐ံုမ်ားအေနနဲ႔ ရပ္ဆိုင္းသြားရႏုိင္တာေၾကာင့္ ကၽြမ္းက်င္သူမ်ားက စုိးရိမ္ေနၾကပါတယ္။အရင္ဆံုးထိခိုက္နစ္နာမယ့္ လုပ္ငန္းေတြထဲမွာ ကားထုတ္လုပ္တဲ့ လုပ္ငန္းေတြက ေရွ႕ဆံုးကရွိေနၿပီး စက္႐ံုမ်ားအေနနဲ႔ ကားအစိတ္အပိုင္း (၉၉) ရာခုိင္ႏႈန္းကို တ႐ုတ္ႏိုင္ငံရဲ႕ ႀကီးမားတဲ့ အစိတ္အပိုင္းထုတ္လုပ္တဲ့ စက္႐ံုေတြကေန ရယူေနတာေၾကာင့္ ျဖစ္ပါတယ္။

 

GM ၏ လုပ္ငန္းလည္ပတ္မႈတာဝန္ခံ Mike Dunne က "အစိတ္အပိုင္းေလးတစ္ခုမရတာနဲ႔ ထုတ္လုပ္မႈလုိင္းတစ္ခုလံုး ရပ္တန္႔ရမယ့္ အေျခအေနမွာရွိေနတယ္လုိ႔" ေျပာၾကားခဲ့ပါတယ္။တ႐ုတ္ႏုိင္ငံက ကားအစိတ္အပိုင္းေရာင္းခ်မႈတြင္ ကမ႓ာတဝွမ္း အဓိကက်လာၿပီး ကုလသမဂၢ၏ အခ်က္အလက္မ်ားအရ ၂၀၁၈ ခုႏွစ္တြင္ တ႐ုတ္အေနနဲ႔ ေဒၚလာ (၃၅) ဘီလီယံနီးပါး တန္ဖိုးရွိ ကားအစိတ္အပုိင္းမ်ား တင္ပို႔ေရာင္းခ်ခဲ့ေၾကာင္း သိရပါတယ္။ ဒါ့ျပင္ ၂၀၁၈ ခုႏွစ္တြင္ အေမရိကန္ႏိုင္ငံသုိ႔ ေဒၚလာဘီလီယံ (၂၀) ခန္႔တန္ဖိုးရွိ အစိတ္အပိုင္းမ်ား တင္ပို႔ေရာင္းခ်ခဲ့ေၾကာင္း သိရပါတယ္။

 

လက္ရွိအခ်ိန္မွာ တ႐ုတ္ႏုိင္ငံရွိ ကားတပ္ဆင္သည့္ စက္႐ံုအမ်ားစုကုိ ပိတ္ထားၿပီး ၎တုိ႔၏ ျပည္တြင္းေစ်းကြက္အတြက္ ထုတ္လုပ္ေပးရန္သာ ရွိေနပါတယ္။ Volkswagen က တ႐ုတ္ရွိ ၎တို႔၏ ကားစက္႐ံုမ်ားကို ခရီးသြားလာခြင့္ ကန္႔သတ္ခ်က္မ်ားႏွင့္ အစိတ္အပိုင္းမ်ားျပတ္လပ္ျခင္းတုိ႔ေၾကာင့္ ေခတၱပိတ္ထားမွာျဖစ္ေၾကာင္း ေၾကျငာခဲ့ပါတယ္။General Motors ကလည္း အစိတ္အပိုင္းမ်ား အဆင့္သင့္မရွိျခင္းေၾကာင့္ တ႐ုတ္နုိင္ငံရွိ ၎၏စက္႐ံုမ်ားကို ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔အထိ ျပန္လည္လည္ပတ္ဦးမွာမဟုတ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

 

Hyundai ကလည္း ေတာင္ကိုရီးယားရွိ ၎၏ စက္႐ံုမ်ားကို ပိတ္ထားလုိက္ျခင္းမွာ ေရာဂါပ်ံ႕ႏွံသြားျခင္းေၾကာင့္မဟုတ္ဘဲ တ႐ုတ္မွ အစိတ္အပိုင္းမ်ား မရ၍ စက္႐ံုကို ဆက္လက္မလည္ပတ္ႏုိင္ေတာ့တာေၾကာင့္ ျဖစ္ပါတယ္။တ႐ုတ္ႏုိင္ငံမွ ကားအစိတ္ပိုင္းမ်ား ျပတ္လပ္မႈေၾကာင့္ Nissan က ဂ်ပန္ႏုိင္ငံ Kyushu ရွိ ၎၏ ကားစက္႐ံုမွ ထုတ္လုပ္မႈကုိ အခ်ိန္ညွိယူေနရၿပီး ျပင္သစ္ေမာ္ေတာ္ကားထုတ္လုပ္ေရးကလည္း ၎တုိ႔၏ ေတာင္ကုိရီးယား ဘူဆန္ရွိ စက္႐ံုတစ္ခုကို ထုတ္လုပ္မႈမ်ား ဆုိင္းငံ့ထားရေၾကာင္း ေျပာၾကားထားပါတယ္။

 

တျခားကားထုတ္လုပ္ေရးလုပ္ငန္းမ်ားကလည္း တ႐ုတ္ႏုိင္ငံရဲ႕ အေျခအေနကို အနီးကပ္ေစာင့္ၾကည့္ေနရၿပီး ကမ႓ာလံုးဆုိင္ရာ ကားထုတ္လုပ္မႈေတြအေပၚ ဘယ္လုိအက်ိဳးသက္ေရာက္မႈရွိေစမယ္ဆုိတာကို ေျပာဖုိ႔ေစာလြန္းပါေၾကာင္း ေျပာၾကားထားပါတယ္။

 

Moving Services ကုန္ပစၥည္းသယ္ယူပို႔ေဆာင္ေရး၀န္ေဆာင္မႈ ၆၁ ခုကုိရွာေဖြရန္ႏိွပ္ပါ

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)