Export & Import

မြန်မာ့ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရာတွင် တွေ့ကြုံရသော အခြေအနေများ

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားကုန်သွယ်မှုကဏ္ဍ တိုးတက်မြင့်မားရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်နေသလို နိုင်ငံတော်အစိုးရ ပိုင်းကလည်း ထဲထဲဝင်ဝင်ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိနေသည်။ လက်ရှိအစိုးရလက်ထက်၌ကုန်သွယ်ရေးကဏ္ဍများတွင် ယခင် ရှိရင်းစွဲနိုင်ငံများနှင့်ကုန်သွယ်ရေးတိုးမြှင့်မှု၊ အမယ်သစ် ပို့ကုန်များကို တိုးမြှင့်တင်ပို့မှု စသည်တို့အပြင် ကုန်သွယ်မှု နိုင်ငံသစ်များကို တိုးချဲ့ ရှာဖွေရင်း ကမ္ဘာ့ဈေးကွက်သို့လည်း မြန်မာ့ထွက်ကုန်များ ကျယ်ကျယ်ပြန့်ပြန့် တင်ပို့နိုင်ရေးအတွက် အခွင့်အလမ်းကောင်းများကို စဉ်ဆက်မပြတ် ရှိဖွေလျက်ရှိနေသည်။ ထွက်ကုန်တိုးမြှင့်ရေး ကြိုးပမ်းနေမှုနှင့်အတူ ခိုင်မာသည့် ဈေးကွက်တစ်ခုရရှိရေးကလည်း လွန်စွာမှအရေးကြီးပါသည်။ နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် စီးပွားရေးလုပ်ငန်းများ ပေါ်ထွက်လာအောင် ကြိုးပမ်းမှုရှိနေသည်။ သို့အတွက်ကြောင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို များစွာခေါ်ယူနိုင်ခဲ့ပြီး ဥရောပနိုင်ငံများ အပါအဝင် အမေရိကန်ကဲ့သို့ နိုင်ငံမျိုးကပင် မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှုများပြုလုပ်ရန် စိတ်ဝင်စားလာခဲ့ခြင်းဖြစ်သည်။

 

အလားတူ ကုန်သွယ်မှုကဏ္ဍတွင်လည်း ထုတ်ကုန်သစ်၊ အမယ်သစ်များကို ဈေးကွက်သစ် ရှာဖွေတင်ပို့နိုင်ခဲ့မှုများရှိခဲ့သည်။ မြန်မာ့ထွက်ကုန်များကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအပြင် ရေလမ်း မှလည်း တင်ပို့မှုများစွာရှိနေသည်။ ယခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက်အရ မတ်ပဲကိုတာ တိုးတက်တင်ပို့ခွင့်ရရှိထားသည်။ သို့အတွက်ကြောင့် မြန်မာ့ပဲစိုက်တောင်သူများအနေဖြင့် ဈေးကောင်း လည်း ရရှိမည်ဖြစ်ခြင်းကြောင့် အထိုက်အသင့် အဆင်ပြေမှုများရှိ လာမည်ဖြစ်ပါသည်။

 

သို့သော် မြန်မာ့ထွက်ကုန်များအတွက် ခိုင်မာသည့်ဈေးကွက် ပုံသေရရှိရန်မှာ ခက်ခဲမှုများလည်း ရှိနေပြန်သည်။ မြန်မာနိုင်ငံအနေ ဖြင့် အိန္ဒိယနိုင်ငံသို့ မတ်ပဲတင်ပို့ရေးကိုသာ တိုးမြှင့်ရရှိထားသော် လည်း တစ်ဖက်တွင် တရုတ်နိုင်ငံသို့ တင်ပို့နေသည့်ပို့ကုန်များအတွက် ခက်ခဲမှုများရှိလာခဲ့ရသည်။ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်း ရပ်စ်ရောဂါကြောင့် တရုတ်နိုင်ငံနှင့်အဓိက ကုန်သွယ်နေသည့် မူဆယ် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်နေရပြီး ကဏန်း၊ ငါး၊ ပုစွန်အပါအဝင် ရေထွက်ကုန်ပစ္စည်း တင်ပို့မှုများ ရပ်တန့်မှုရှိနေ ခြင်းကြောင့် ကဏန်းဖမ်းသူများနှင့်အဝယ်ဒိုင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောဆိုထား သည်။ ဖေဖော်ဝါရီ ၁၁ ရက်က မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၌ ပြုလုပ်သည့် သားငါးကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ တွင် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

 

"မူဆယ်နယ်စပ်ကုန်သွယ်ရေးကို ရောဂါကာကွယ်တဲ့အနေနဲ့ ပိတ်ထားတာကြောင့် အခု ကဏန်းမွေးမြူသူတွေ အခက်အခဲဖြစ်နေပါတယ်။ အထူးသဖြင့် အဲဒီကဏန်းတွေက တရုတ်ပြည်ကို သွားတာ များတယ်။ အခုအနေအထားက ကဏန်းဈေးကွက်ပျက်တော့အခက် အခဲလေးတွေရှိတယ်။ ဖမ်းရင်တော့ ဈေးကျမယ်။ ပြည်တွင်းဈေးကွက် ကလည်း ထင်သလောက် မစားဘူးဆိုတော့ ကဏန်းဖမ်းတဲ့သူတွေ အတွက်မကိုက်ဘူး။ နယ်စပ်ဂိတ်တွေ ဖွင့်လိုက်ရင်တော့ အဆင်ပြေ တယ်" ဟု ဦးဝင်းကြိုင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

 

မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှာ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အတွက် အဓိက နယ်စပ်ကုန်သွယ်ရေး တံခါးပေါက်ပင်ဖြစ်သည်။ အဆိုပါ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်သည့် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ရက်မှ စတင်ကာ တာဝန်ရှိသူများက ရောဂါကာကွယ်သည့်အနေဖြင့် ယာယီ ပိတ်ထားခဲ့သောကြောင့် လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရှိ ကဏန်းမွေးမြူသူများ အခက်အခဲဖြစ်ပေါ်နေရပြီး တရုတ်နှစ်ကူး တွင် ကဏန်းများအားပို၍တင်ပို့ရန် ရည်ရွယ်ပြီး စုဆောင်းထားသူများ အနေဖြင့်လည်း ဈေးကွက်ပျက်ကာ ဈေးနှုန်းကျဆင်းမှုနှင့် ကြုံတွေ့နေ ရကြောင်း ဦးဝင်းကြိုင်က ထပ်မံပြောဆိုခဲ့သည်။ ယခု ဖြစ်ပွားလျက်ရှိနေသည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မည်ကို ကမ္ဘာ့ပြည်သူများက စိုးရိမ်နေကြသလို မြန်မာတောင်သူများနှင့် ရေထွက်ကုန်လုပ်သားများ၏ ရွှေရောင်မျှော်လင့်ချက်များကိုလည်း ကိုရိုနာဗိုင်ရပ်စ်က ရိုက်ချိုးပစ်နိုင်ခဲ့သည်။ အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ရှိတွင် နယ်စပ်ကုန် သွယ်ရေးစခန်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့မည့် ပို့ကုန်များဖြစ် သည့် ကဏန်း၊ ငါး၊ ပုစွန်၊ ဆန်၊ ပြောင်းနှင့်သကြား စသည့် မြန်မာ့ ပို့ကုန်များမှာ ၁၀ဝ ရာခိုင်နှုန်းနီးပါး ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း သိရှိ ရပြီး ဖရဲနှင့် သခွားမွှေးတို့မှာမူ အနည်းငယ်သာ တင်ပို့မှုရှိနေကြောင်း မူဆယ်ကုန်စည်ဒိုင်မှထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။ ]]အခုက ငါး၊ ကဏန်းနဲ့ ပုစွန်တို့က အောက်ကလည်း တက် မလာတော့ဘူး။

 

Transportation Services သယ်ယူပို့ဆောင်ရေးလုပ်ငန်းပေါင်း ၇၉၀ ကိုရှာရန်နှိပ်ပါ

 

ဒီမှာရှိတဲ့ ဟာတွေက တချို့ကို လွှင့်ပစ်တဲ့ဟာ လွှင့် ပစ်လိုက်ရပြီ။ လက်ရှိအခြေအနေက အရောင်းအဝယ် လုံးဝရပ်သွား ပြီ။ အလုပ်သမားတွေလည်း မရှိတော့ဘူး။ တချို့ဆို အလုပ်မရှိလို့ ပြန်လာကြပြီ။ နောက်တစ်ခုက ဝူဟန်နဲ့ပတ်သက်လို့ ရောဂါ ဖြစ်လာ မှာကြောက်လို့ပြန်ကြတာများတယ်။ရွှေလီမှာဆိုမြန်မာအလုပ်သမား တွေအတော်နည်းသွားပြီ။ မူဆယ်မှာကတော့ ပုံမှန်တော့သွားလာကြ ပါတယ်}}ဟု မူဆယ်ကုန်စည်ဒိုင်မှ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးမင်းသိန်းက ပြောဆိုသည်။ လက်ရှိအချိန်တွင် မူဆယ်နယ်စပ်သို့ ကုန်တင်ကားများ ဝင်ရောက်မှုမှာ ယခင်ထက် နည်းပါးသွားပြီး တစ်ရက်လျှင် ကားအစီး ရေ ၁၄ စီးမှ အစီး ၂၀ ခန့်အထိသာ ဝင်ရောက်မှုရှိနေကြောင်း သိရ သည်။ ကုန်သွယ်မှုအခြေနေသည် ယခင်နှစ်ကာလတူထက် ၉၅ ရာခိုင်နှုန်းခန့် ဆုံးရှုံး၍ငါးရာခိုင်နှုန်းခန့်သာ ကျန်တော့ကြောင်းသိရသည်။

 

၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၈၂ သန်း၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅၀၂ သန်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၆၅၂ သန်းနှင့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၆၉၉ သန်းကျော်ရှိခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ တစ်နှစ်ထက်တစ်နှစ် ပြည်ပပို့ကုန်ဝင်ငွေ တိုးတက်ရရှိခဲ့ရာ ပြီးခဲ့သည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများသို့ မြန်မာ့ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှာ အမြင့်ဆုံး စံချိန်သို့ ရောက်ရှိခဲ့ ပြီး အမေရိကန်ဒေါ်လာ သန်း ၇၂၀ ကျော်အထိပင် ရှိခဲ့ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ ထိုကဲ့သို့ မြန်မာ့ ရေထွက်ကုန်များကို တင်ပို့နိုင်မှုတွင် တရုတ်နိုင်ငံသို့ ပမာဏ အများဆုံးတင်ပို့နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ မြန်မာ့ထွက်ကုန်များ၏ အဓိက ထွက်ပေါက် မှာ တရုတ်နိုင်ငံဖြစ်နေသည်။ အရှေ့တောင်အာရှနိုင်ငံများတွင် ထိုင်းနိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့မှာ ရေထွက်ကုန်ပစ္စည်း အများအပြား တင်ပို့လျက်ရှိရာ မြန်မာနိုင်ငံကလည်း ယင်းနိုင်ငံများနည်းတူ ပြည်ပသို့တင်ပို့နိုင်ရေး အတွက် ကြိုးပမ်းလျက်ရှိနေသည်။ ငါးလုပ်ငန်းရှင်များ ငွေကြေး အရင်းအနှီးရရှိနိုင်ရန်အတွက် အစိုးရအနေဖြင့်လည်း လုပ်ဆောင် ပေးလျက်ရှိကြောင်းသိရပြီး လုပ်ငန်းရှင်များဘက်ကလည်းမိမိလိုအပ် ချက်များကို ဖြည့်ဆည်းပြီး ပူးပေါင်းဆောင်ရွက်ကြရန်လည်း လိုအပ် မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ကဏန်းအပါအဝင် ရေထွက်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိပြီး ယင်းနောက် ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်ကိုလည်း တင်ပို့လျက်ရှိ ကြောင်း သိရသည်။

 

မြန်မာနိုင်ငံအနေဖြင့် ရေထွက်ကုန်များ တင်ပို့မှုတွင် အိမ်နီး ချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ခြောက်ဆမှ ရှစ်ဆခန့်အထိ နည်းပါး နေသေးကြောင်း သိရပါသည်။ အစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်း ပြီး မြန်မာ့ရေထွက်ကုန်ပစ္စည်းများ ပိုမိုတင်ပို့နိုင်ရေး ကြိုးပမ်းနေ ချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် တရုတ်နိုင်ငံသို့ တင်ပို့မှုလမ်း ကြောင်းက လုံးဝရပ်ဆိုင်းလုနီးပါးဖြစ်နေရသည်။ ထိုကဲ့သို့ အခြေအနေများကြောင့် ကဏန်းအပါ အဝင် မြန်မာ့ ရေထွက်ကုန်ပစ္စည်းများမှာများစွာ ထိခိုက်နစ်နာမှုများ ရှိလာခဲ့ရ သည်။ ပြည်တွင်းဖြုန်းအားကလည်း နည်းနေခြင်းကြောင့် နောက်ဆုံး တွင် ဥရောပနိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စုသို့ပါ ဈေးကွက် ချဲ့ထွင် ပိုမိုတင်ပို့နိုင်ရေးအ တွက် လုပ်ဆောင်ကြရမည်ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ တရုတ်နိုင်ငံက နယ်စပ်ကုန်သွယ်မှုကိုအကန့်အသတ် မရှိရပ်နားထားခြင်းကြောင့် လတ်တလောကာလတွင် မြန်မာ့ရေထွက် ကုန်ပစ္စည်းများနှင့်ပတ်သက်ပြီး ကြုံတွေ့နေရသည့် အခြေအနေများ ကို ကျော်လွှားနိုင်ရေးအတွက် စဉ်းစားအဖြေရှာကြရမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

 

<<<Zawgyi>>>

 

ျမန္မာ့ေရထြက္ကုန္ပစၥည္းမ်ား တင္ပို႔ရာတြင္ ေတြ႕ႀကဳံရေသာ အေျခအေနမ်ား

 

ျမန္မာႏိုင္ငံအေနျဖင့္ ႏိုင္ငံျခားကုန္သြယ္မႈက႑ တိုးတက္ျမင့္မားေရးအတြက္ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက အားသြန္ခြန္စိုက္ႀကိဳးပမ္းေဆာင္႐ြက္ေနသလို ႏိုင္ငံေတာ္အစိုးရ ပိုင္းကလည္း ထဲထဲဝင္ဝင္ပါဝင္ကူညီေဆာင္႐ြက္ေပးလ်က္ရွိေနသည္။ လက္ရွိအစိုးရလက္ထက္၌ကုန္သြယ္ေရးက႑မ်ားတြင္ ယခင္ ရွိရင္းစြဲႏိုင္ငံမ်ားႏွင့္ကုန္သြယ္ေရးတိုးျမႇင့္မႈ၊ အမယ္သစ္ ပို႔ကုန္မ်ားကို တိုးျမႇင့္တင္ပို႔မႈ စသည္တို႔အျပင္ ကုန္သြယ္မႈ ႏိုင္ငံသစ္မ်ားကို တိုးခ်ဲ႕ ရွာေဖြရင္း ကမာၻ႔ေဈးကြက္သို႔လည္း ျမန္မာ့ထြက္ကုန္မ်ား က်ယ္က်ယ္ျပန္႔ျပန္႔ တင္ပို႔ႏိုင္ေရးအတြက္ အခြင့္အလမ္းေကာင္းမ်ားကို စဥ္ဆက္မျပတ္ ရွိေဖြလ်က္ရွိေနသည္။ ထြက္ကုန္တိုးျမႇင့္ေရး ႀကိဳးပမ္းေနမႈႏွင့္အတူ ခိုင္မာသည့္ ေဈးကြက္တစ္ခုရရွိေရးကလည္း လြန္စြာမွအေရးႀကီးပါသည္။ ႏိုင္ငံေတာ္ ၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ႏိုင္ငံတကာ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို ဖိတ္ေခၚၿပီး တာဝန္ယူမႈ၊ တာဝန္ခံမႈရွိသည့္ စီးပြားေရးလုပ္ငန္းမ်ား ေပၚထြက္လာေအာင္ ႀကိဳးပမ္းမႈရွိေနသည္။ သို႔အတြက္ေၾကာင့္ ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္တြင္ ျမန္မာႏိုင္ငံအေနျဖင့္ ျပည္ပ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို မ်ားစြာေခၚယူႏိုင္ခဲ့ၿပီး ဥေရာပႏိုင္ငံမ်ား အပါအဝင္ အေမရိကန္ကဲ့သို႔ ႏိုင္ငံမ်ိဳးကပင္ ျမန္မာႏိုင္ငံတြင္ ရင္းႏွီး ျမႇဳပ္ႏွံမႈမ်ားျပဳလုပ္ရန္ စိတ္ဝင္စားလာခဲ့ျခင္းျဖစ္သည္။

 

အလားတူ ကုန္သြယ္မႈက႑တြင္လည္း ထုတ္ကုန္သစ္၊ အမယ္သစ္မ်ားကို ေဈးကြက္သစ္ ရွာေဖြတင္ပို႔ႏိုင္ခဲ့မႈမ်ားရွိခဲ့သည္။ ျမန္မာ့ထြက္ကုန္မ်ားကို နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းအျပင္ ေရလမ္း မွလည္း တင္ပို႔မႈမ်ားစြာရွိေနသည္။ ယခုႏွစ္တြင္ အိႏၵိယႏိုင္ငံ၏ ပဲလိုအပ္ခ်က္အရ မတ္ပဲကိုတာ တိုးတက္တင္ပို႔ခြင့္ရရွိထားသည္။ သို႔အတြက္ေၾကာင့္ ျမန္မာ့ပဲစိုက္ေတာင္သူမ်ားအေနျဖင့္ ေဈးေကာင္း လည္း ရရွိမည္ျဖစ္ျခင္းေၾကာင့္ အထိုက္အသင့္ အဆင္ေျပမႈမ်ားရွိ လာမည္ျဖစ္ပါသည္။

 

သို႔ေသာ္ ျမန္မာ့ထြက္ကုန္မ်ားအတြက္ ခိုင္မာသည့္ေဈးကြက္ ပုံေသရရွိရန္မွာ ခက္ခဲမႈမ်ားလည္း ရွိေနျပန္သည္။ ျမန္မာႏိုင္ငံအေန ျဖင့္ အိႏၵိယႏိုင္ငံသို႔ မတ္ပဲတင္ပို႔ေရးကိုသာ တိုးျမႇင့္ရရွိထားေသာ္ လည္း တစ္ဖက္တြင္ တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔ေနသည့္ပို႔ကုန္မ်ားအတြက္ ခက္ခဲမႈမ်ားရွိလာခဲ့ရသည္။ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕တြင္ စတင္ျဖစ္ပြားခဲ့သည့္ ကို႐ိုနာဗိုင္း ရပ္စ္ေရာဂါေၾကာင့္ တ႐ုတ္ႏိုင္ငံႏွင့္အဓိက ကုန္သြယ္ေနသည့္ မူဆယ္ နယ္စပ္ကုန္သြယ္ေရး ရပ္ဆိုင္းလုနီးပါးျဖစ္ေနရၿပီး ကဏန္း၊ ငါး၊ ပုစြန္အပါအဝင္ ေရထြက္ကုန္ပစၥည္း တင္ပို႔မႈမ်ား ရပ္တန္႔မႈရွိေန ျခင္းေၾကာင့္ ကဏန္းဖမ္းသူမ်ားႏွင့္အဝယ္ဒိုင္မ်ား အခက္အခဲ ႀကဳံေတြ႕ေနရေၾကာင္း ျမန္မာႏိုင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္ အေထြေထြ အတြင္းေရးမႉး ဦးဝင္းႀကိဳင္က ေျပာဆိုထား သည္။ ေဖေဖာ္ဝါရီ ၁၁ ရက္က ျမန္မာႏိုင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္၌ ျပဳလုပ္သည့္ သားငါးက႑ဆိုင္ရာ လုပ္ငန္းရွင္မ်ား ပုံမွန္ေတြ႕ဆုံပြဲ တြင္ ျမန္မာႏိုင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္ အေထြေထြအတြင္းေရးမႉး ဦးဝင္းႀကိဳင္က ယင္းသို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

 

"မူဆယ္နယ္စပ္ကုန္သြယ္ေရးကို ေရာဂါကာကြယ္တဲ့အေနနဲ႔ ပိတ္ထားတာေၾကာင့္ အခု ကဏန္းေမြးျမဴသူေတြ အခက္အခဲျဖစ္ေနပါတယ္။ အထူးသျဖင့္ အဲဒီကဏန္းေတြက တ႐ုတ္ျပည္ကို သြားတာ မ်ားတယ္။ အခုအေနအထားက ကဏန္းေဈးကြက္ပ်က္ေတာ့အခက္ အခဲေလးေတြရွိတယ္။ ဖမ္းရင္ေတာ့ ေဈးက်မယ္။ ျပည္တြင္းေဈးကြက္ ကလည္း ထင္သေလာက္ မစားဘူးဆိုေတာ့ ကဏန္းဖမ္းတဲ့သူေတြ အတြက္မကိုက္ဘူး။ နယ္စပ္ဂိတ္ေတြ ဖြင့္လိုက္ရင္ေတာ့ အဆင္ေျပ တယ္" ဟု ဦးဝင္းႀကိဳင္က ေျပာဆိုခဲ့ျခင္းျဖစ္သည္။

 

မူဆယ္ (၁၀၅)မိုင္ ကုန္သြယ္ေရးဇုန္မွာ ျမန္မာႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံတို႔အတြက္ အဓိက နယ္စပ္ကုန္သြယ္ေရး တံခါးေပါက္ပင္ျဖစ္သည္။ အဆိုပါ ျမန္မာ-တ႐ုတ္နယ္စပ္ကုန္သြယ္ေရးဇုန္ျဖစ္သည့္ မူဆယ္(၁၀၅)မိုင္ ကုန္သြယ္ေရးဇုန္ကို ၿပီးခဲ့သည့္ ဇန္နဝါရီ ၂၂ရက္မွ စတင္ကာ တာဝန္ရွိသူမ်ားက ေရာဂါကာကြယ္သည့္အေနျဖင့္ ယာယီ ပိတ္ထားခဲ့ေသာေၾကာင့္ လက္ရွိတြင္ ဧရာဝတီတိုင္းေဒသႀကီးအတြင္း ရွိ ကဏန္းေမြးျမဴသူမ်ား အခက္အခဲျဖစ္ေပၚေနရၿပီး တ႐ုတ္ႏွစ္ကူး တြင္ ကဏန္းမ်ားအားပို၍တင္ပို႔ရန္ ရည္႐ြယ္ၿပီး စုေဆာင္းထားသူမ်ား အေနျဖင့္လည္း ေဈးကြက္ပ်က္ကာ ေဈးႏႈန္းက်ဆင္းမႈႏွင့္ ႀကဳံေတြ႕ေန ရေၾကာင္း ဦးဝင္းႀကိဳင္က ထပ္မံေျပာဆိုခဲ့သည္။ ယခု ျဖစ္ပြားလ်က္ရွိေနသည့္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မည္ကို ကမာၻ႔ျပည္သူမ်ားက စိုးရိမ္ေနၾကသလို ျမန္မာေတာင္သူမ်ားႏွင့္ ေရထြက္ကုန္လုပ္သားမ်ား၏ ေ႐ႊေရာင္ေမွ်ာ္လင့္ခ်က္မ်ားကိုလည္း ကို႐ိုနာဗိုင္ရပ္စ္က ႐ိုက္ခ်ိဳးပစ္ႏိုင္ခဲ့သည္။ အဆိုပါ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လက္ရွိတြင္ နယ္စပ္ကုန္ သြယ္ေရးစခန္းမွတစ္ဆင့္ တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔မည့္ ပို႔ကုန္မ်ားျဖစ္ သည့္ ကဏန္း၊ ငါး၊ ပုစြန္၊ ဆန္၊ ေျပာင္းႏွင့္သၾကား စသည့္ ျမန္မာ့ ပို႔ကုန္မ်ားမွာ ၁၀ဝ ရာခိုင္ႏႈန္းနီးပါး ရပ္ဆိုင္းသြားၿပီျဖစ္ေၾကာင္း သိရွိ ရၿပီး ဖရဲႏွင့္ သခြားေမႊးတို႔မွာမူ အနည္းငယ္သာ တင္ပို႔မႈရွိေနေၾကာင္း မူဆယ္ကုန္စည္ဒိုင္မွထြက္ေပၚလာသည့္သတင္းမ်ားအရ သိရသည္။ ]]အခုက ငါး၊ ကဏန္းနဲ႔ ပုစြန္တို႔က ေအာက္ကလည္း တက္ မလာေတာ့ဘူး။

 

ဒီမွာရွိတဲ့ ဟာေတြက တခ်ိဳ႕ကို လႊင့္ပစ္တဲ့ဟာ လႊင့္ ပစ္လိုက္ရၿပီ။ လက္ရွိအေျခအေနက အေရာင္းအဝယ္ လုံးဝရပ္သြား ၿပီ။ အလုပ္သမားေတြလည္း မရွိေတာ့ဘူး။ တခ်ိဳ႕ဆို အလုပ္မရွိလို႔ ျပန္လာၾကၿပီ။ ေနာက္တစ္ခုက ဝူဟန္နဲ႔ပတ္သက္လို႔ ေရာဂါ ျဖစ္လာ မွာေၾကာက္လို႔ျပန္ၾကတာမ်ားတယ္။ေ႐ႊလီမွာဆိုျမန္မာအလုပ္သမား ေတြအေတာ္နည္းသြားၿပီ။ မူဆယ္မွာကေတာ့ ပုံမွန္ေတာ့သြားလာၾက ပါတယ္}}ဟု မူဆယ္ကုန္စည္ဒိုင္မွ ဒုတိယဥကၠ႒ျဖစ္သူ ဦးမင္းသိန္းက ေျပာဆိုသည္။ လက္ရွိအခ်ိန္တြင္ မူဆယ္နယ္စပ္သို႔ ကုန္တင္ကားမ်ား ဝင္ေရာက္မႈမွာ ယခင္ထက္ နည္းပါးသြားၿပီး တစ္ရက္လွ်င္ ကားအစီး ေရ ၁၄ စီးမွ အစီး ၂၀ ခန္႔အထိသာ ဝင္ေရာက္မႈရွိေနေၾကာင္း သိရ သည္။ ကုန္သြယ္မႈအေျခေနသည္ ယခင္ႏွစ္ကာလတူထက္ ၉၅ ရာခိုင္ႏႈန္းခန္႔ ဆုံးရႈံး၍ငါးရာခိုင္ႏႈန္းခန္႔သာ က်န္ေတာ့ေၾကာင္းသိရသည္။

 

၂၀၁၄-၁၅ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၄၈၂ သန္း၊ ၂၀၁၅-၁၆ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၅၀၂ သန္း၊ ၂၀၁၆-၁၇ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၆၅၂ သန္းႏွင့္ ၂၀၁၇-၁၈ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၆၉၉ သန္းေက်ာ္ရွိခဲ့ေၾကာင္း သိရသည္။ ထိုကဲ့သို႔ တစ္ႏွစ္ထက္တစ္ႏွစ္ ျပည္ပပို႔ကုန္ဝင္ေငြ တိုးတက္ရရွိခဲ့ရာ ၿပီးခဲ့သည့္ ၂၀၁၈-၁၉ ဘ႑ာႏွစ္တြင္ ျပည္ပႏိုင္ငံမ်ားသို႔ ျမန္မာ့ေရထြက္ကုန္ပစၥည္းတင္ပို႔မႈမွာ အျမင့္ဆုံး စံခ်ိန္သို႔ ေရာက္ရွိခဲ့ ၿပီး အေမရိကန္ေဒၚလာ သန္း ၇၂၀ ေက်ာ္အထိပင္ ရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံငါးလုပ္ငန္းဦးစီးဌာနထံမွ သိရသည္။ ထိုကဲ့သို႔ ျမန္မာ့ ေရထြက္ကုန္မ်ားကို တင္ပို႔ႏိုင္မႈတြင္ တ႐ုတ္ႏိုင္ငံသို႔ ပမာဏ အမ်ားဆုံးတင္ပို႔ႏိုင္ခဲ့ျခင္းလည္း ျဖစ္သည္။ ျမန္မာ့ထြက္ကုန္မ်ား၏ အဓိက ထြက္ေပါက္ မွာ တ႐ုတ္ႏိုင္ငံျဖစ္ေနသည္။ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားတြင္ ထိုင္းႏိုင္ငံႏွင့္ ဗီယက္နမ္ ႏိုင္ငံတို႔မွာ ေရထြက္ကုန္ပစၥည္း အမ်ားအျပား တင္ပို႔လ်က္ရွိရာ ျမန္မာႏိုင္ငံကလည္း ယင္းႏိုင္ငံမ်ားနည္းတူ ျပည္ပသို႔တင္ပို႔ႏိုင္ေရး အတြက္ ႀကိဳးပမ္းလ်က္ရွိေနသည္။

 

ငါးလုပ္ငန္းရွင္မ်ား ေငြေၾကး အရင္းအႏွီးရရွိႏိုင္ရန္အတြက္ အစိုးရအေနျဖင့္လည္း လုပ္ေဆာင္ ေပးလ်က္ရွိေၾကာင္းသိရၿပီး လုပ္ငန္းရွင္မ်ားဘက္ကလည္းမိမိလိုအပ္ ခ်က္မ်ားကို ျဖည့္ဆည္းၿပီး ပူးေပါင္းေဆာင္႐ြက္ၾကရန္လည္း လိုအပ္ မည္ျဖစ္ပါသည္။ ျမန္မာႏိုင္ငံမွ ကဏန္းအပါအဝင္ ေရထြက္ကုန္ပစၥည္းမ်ားကို တ႐ုတ္ႏိုင္ငံသို႔ အဓိကတင္ပို႔လ်က္ရွိၿပီး ယင္းေနာက္ ထိုင္းႏိုင္ငံႏွင့္ ဂ်ပန္ႏိုင္ငံအပါအဝင္ ႏိုင္ငံေပါင္း ၄၀ ေက်ာ္ကိုလည္း တင္ပို႔လ်က္ရွိ ေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံအေနျဖင့္ ေရထြက္ကုန္မ်ား တင္ပို႔မႈတြင္ အိမ္နီး ခ်င္းႏိုင္ငံမ်ားႏွင့္ ႏႈိင္းယွဥ္ပါက ေျခာက္ဆမွ ရွစ္ဆခန္႔အထိ နည္းပါး ေနေသးေၾကာင္း သိရပါသည္။ အစိုးရ၊ စီးပြားေရးႏွင့္ ကူးသန္းေရာင္း ဝယ္ေရး ဝန္ႀကီးဌာနႏွင့္ ျမန္မာႏိုင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္တို႔ ပူးေပါင္း ၿပီး ျမန္မာ့ေရထြက္ကုန္ပစၥည္းမ်ား ပိုမိုတင္ပို႔ႏိုင္ေရး ႀကိဳးပမ္းေန ခ်ိန္တြင္ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါေၾကာင့္ တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔မႈလမ္း ေၾကာင္းက လုံးဝရပ္ဆိုင္းလုနီးပါးျဖစ္ေနရသည္။

 

ထိုကဲ့သို႔ အေျခအေနမ်ားေၾကာင့္ ကဏန္းအပါ အဝင္ ျမန္မာ့ ေရထြက္ကုန္ပစၥည္းမ်ားမွာမ်ားစြာ ထိခိုက္နစ္နာမႈမ်ား ရွိလာခဲ့ရ သည္။ ျပည္တြင္းျဖဳန္းအားကလည္း နည္းေနျခင္းေၾကာင့္ ေနာက္ဆုံး တြင္ ဥေရာပႏိုင္ငံမ်ားႏွင့္ အေမရိကန္ျပည္ေထာင္စုသို႔ပါ ေဈးကြက္ ခ်ဲ႕ထြင္ ပိုမိုတင္ပို႔ႏိုင္ေရးအ တြက္ လုပ္ေဆာင္ၾကရမည္ျဖစ္ပါသည္။ မည္သို႔ပင္ဆိုေစ တ႐ုတ္ႏိုင္ငံက နယ္စပ္ကုန္သြယ္မႈကိုအကန္႔အသတ္ မရွိရပ္နားထားျခင္းေၾကာင့္ လတ္တေလာကာလတြင္ ျမန္မာ့ေရထြက္ ကုန္ပစၥည္းမ်ားႏွင့္ပတ္သက္ၿပီး ႀကဳံေတြ႕ေနရသည့္ အေျခအေနမ်ား ကို ေက်ာ္လႊားႏိုင္ေရးအတြက္ စဥ္းစားအေျဖရွာၾကရမည္ျဖစ္ေၾကာင္း ေရးသားတင္ျပလိုက္ရပါသည္။

 

Transportation Services သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေပါင္း ၇၉၀ ကိုရွာရန္ႏိွပ္ပါ

 

Myanmar Logistics Guide

 
Read times
Rate this item
(0 votes)