Export & Import

အာရှနိုင်ငံများနှင် ရေငုပ်သင်္ဘော

မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံထံမှ တစ်ပတ်ရစ် ရေငုပ်သင်္ဘောတစ်စီး ဝယ်လိုက်ခြင်းဖြင့် အာရှနိုင်ငံတို့ရဲ့

ရေငုပ်သင်္ဘော ပိုင်ဆိုင်မှု စာရင်းထဲကို ဝင်ရောက်လိုက်တယ်။ အာရှမှ နိုင်ငံငယ်တွေမှာ ရေတပ်အင်အားက အရွယ်အစား ငယ်တဲ့အတွက် ရေငုပ်သင်္ဘောကို ဆောင်ထားကြရတယ်။

အာရှမှာ တရုတ်နဲ့ မြောက်ကိုးရီးယားတို့ဟာ ရေငုပ်သင်္ဘော အများဆုံး ထားရှိတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ တရုတ်မှာ စီးရေ ၇၆ စီး ရှိမယ်လို့ ခန့်မှန်းထားကြတယ်။ မြောက်ကိုရီးယားနိုင်ငံမှာတော့ စီးရေ ၇၁ စီး ရှိမယ် ခန့်မှန်းထားတယ်။ ပါကစ္စတန်၊ စင်ကာပူနဲ့ တောင်ကိုရီးယားတို့ဟာ နည်းပညာအဆင်မြင့်တဲ့ ရေငုပ်သင်္ဘောတွေ ထားရှိကြတယ်။ ပါကစ္စတန်မှာ ၈ စီး၊ စင်ကာပူမှာ ၄ စီး ရှိပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ၁၇ စီး ရှိတဲ့အပြင် ကိုယ်တိုင် ရေငုပ်သင်္ဘော ထုတ်လုပ်ပြီး ပြည်ပပို့ကုန်အဖြစ် တင်ပို့ဖို့ လုပ်ကိုင်လျက် ရှိပါတယ်။ အလားတူပင် ဂျပန်နိုင်ငံဟာလည်း ပြည်ပပို့ကုန်အဖြစ် ရေငုပ်သင်္ဘော တည်ဆောက်မှုကို စတင်လုပ်ကိုင်နေပါတယ်။ ပြည်တွင်းရေတပ်မှာတော့ ၁၉ စီး ထားရှိတယ်။

မြန်မာနိုင်ငံဟာ ရုရှားနိုင်ငံမှာ တည်ဆောက်ခဲ့တဲ့ ကီလိုအတန်းအစား တစ်ပတ်ရစ်ရေငုပ်သင်္ဘောတစ်စီးကို အိန္ဒိယထံမှ ဝယ်ယူခဲ့ပြီးတဲ့နောက်မှာ ရေငုပ်သင်္ဘောအသစ် နှစ်စီးကို ရုရှားထံမှ ဝယ်ယူမယ်လို့ သတင်း ထွက်ပေါ်တယ်။ ယခုလို ရေငုပ်သင်္ဘောကို ရေတပ်မှာ ဖြည့်တင်းတဲ့အတွက် အိမ်နီးချင်း ထိုင်းနိုင်ငံမှ စောင့်ကြည့်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့တယ်။ ထိုင်းနိုင်ငံမှာ လောလောဆယ် ရေငုပ်သင်္ဘော မရှိဘူး ဖြစ်နေတယ်။
ထိုင်းနိုင်ငံက ဂျပန်မှ ရေငုပ်သင်္ဘော လေးစီးကို ၁၉၃၀ ပြည့်လွန်နှစ်များမှာ ဝယ်ယူခဲ့ပြီး ၁၉၅၀ ပြည့်လွန်နှစ်များမှာ အငြိမ်းစား ပေးထားလိုက်ရလို့ လောလောဆယ်မှာ ရေငုပ်သင်္ဘော လက်ထဲ မရှိဘူး ဖြစ်နေတယ်။ တရုတ်နိုင်ငံမှ ရေငုပ်သင်္ဘော S26T Yuan Class တစ်စီးကို ဝယ်ယူဖို့ စီစဉ်ဆောင်ရွက်နေတယ်။ ပြီးရင် နောက်ထပ် တစ်စီး ထပ်ဝယ်ဖို့ အစီအစဉ် ရှိပါတယ်

ဘင်္ဂလားဒေ့ရှ်ကလည်း ရေငုပ်သင်္ဘော နှစ်စီးကို တရုတ်ထံမှ ဝယ်ယူခဲ့တာ သိပ်မကြာသေးဘူး။

အာရှဈေးကွက်ဟာ ရေငုပ်သင်္ဘော ပြည်ပတင်ပို့တဲ့ သင်္ဘောတည်ဆောက်သူတွေအတွက် ဈေးကွက်ကောင်းတစ်ခု ဖြစ်နေတယ်။ ကိုယ်တိုင် တည်ဆောက်ဖို့ဆိုတ မဖြစ်နိုင်တဲ့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်တို့လို နိုင်ငံတွေအဖို့ ပြည်ပမှသာ ဝယ်ယူကြရမှာ ဖြစ်ပါတယ်။ အာရှမှာ ရေငုပ်သင်္ဘောအင်အား တိုးချဲ့မှုဟာ လိုအပ်ချက် ဖြစ်နေတာမို့ အာရှနိုင်ငံတွေမှာ ရေငုပ်သင်္ဘောကို တည်ဆောက်ဖို့ လုပ်ကိုင်လျက် ရှိတာမှာ တိုင်ဝမ်နိုင်ငံလည်း အပါအဝင် ဖြစ်တယ်။ တိုင်ဝမ်မှာ ရေငုပ်သင်္ဘောတွေ ရှိထားပြီးသား ဖြစ်ပေမဲ့ သက်တမ်း ရင့်နေပြီး အမေရိကန်နိုင်ငံမှ ထုတ်လုပ်တဲ့ Hai Shih အတန်းအစား ရေငုပ်သင်္ဘော နှစ်စီးဟာ ကမ္ဘာပေါ်မှာ သက်တမ်းအရင့်ဆုံး နှစ်စီး ဖြစ်နေတယ်။ အစားထိုး လဲပစ်ဖို့ စီစဉ်ခဲ့ပေမဲ့ အကောင်အထည် မပေါ်ခဲ့ဘူး။ အခုတော့ ပြည်တွင်းမှာ တည်ဆောက်ထုတ်လုပ်ဖို့ အစီအစဉ်ကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ တရားဝင် ထုတ်ပြန်တဲ့စာရင်းအရ တိုင်ဝမ်မှာ ရေငုပ်သင်္ဘော လေးစီး ထားရှိပါတယ်။

စက်မှုထွန်းကားရေးမှာ လောဘကြီးတဲ့ ဗီယက်နမ်ကလည်း ပြည်တွင်းမှာ ရေငုပ်သင်္ဘောတစ်စီး တည်ဆောက်ဖို့ ရှိပါတယ်။ တန် ၁၀၀ အရွယ် အသေးစား ရေငုပ်သင်္ဘော ဖြစ်ပြီး လက်တွေ့ကျကျ ဖြစ်နိုင်တာကို တည်ဆောက်ဖို့ ရွေးချယ်ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်ပါတယ်။ ဗီယက်နမ်မှာ လောလောဆယ် ရေငုပ်သင်္ဘော ၈ စီးရှိပြီး မြောက်ကိုရီးယားမှာ တည်ဆောက်တဲ့ Yugo Class နှစ်စီးကို ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောတွေနဲ့ အစားထိုးဖို့ ခြေလှမ်းစတင်တာ ဖြစ်ပါတယ်။ အဲဒီ Yugo Class နှစ်စီးဟာ တန် ၁၅၀ အောက် အတန်းအစားဖြစ်လို့ မီနီရေငုပ်သင်္ဘောတွေ ဖြစ်ပါတယ်။ ဗီယက်နမ် ရေငုပ်သင်္ဘော အင်အားစုရဲ့ တောင့်တင်းမှုက အရွယ်ပိုကြီးတဲ့ Kilo Class ရေငုပ်သင်္ဘော ခြောက်စီးဖြစ်ပြီး ယင်းတို့ကို ရုရှားနိုင်ငံမှာ တည်ဆောက်ပါတယ်။

ရေငုပ်သင်္ဘော ပြည်တွင်းတည်ဆောက်ရေးလမ်းစဉ်ကို စလုံးရေစ စတင်လျှောက်လှမ်းတာ တိုင်ဝမ်နဲ့ ဗီယက်နမ်အပြင် အင်ဒိုနီးရှားလည်း ပါဝင်နေတယ်။ လောလောဆယ်မှာတော့ ပြည်ပမှ တင်သွင်းတဲ့ ရေငုပ်သင်္ဘော ၅ စီး ရှိပါတယ်။

ဖီလစ်ပိုင်ရေတပ်က ရေငုပ်သင်္ဘော တည်ဆောက်ဖို့ လုပ်ကိုင်နေခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ အကောင်အထည် မပေါ်သေးဘူး။ အခု နောက်ဆုံး တင်ပြတဲ့ အစီအစဉ်မှာ ပြင်သစ် တည်ဆောက်တဲ့ ရေငုပ်သင်္ဘောဒီဇိုင်းကို သုံးမယ်လို့ ဆိုထားပါတယ်။

 

zawgyi

အာရွႏိုင္ငံမ်ားႏွင္ ေရငုပ္သေဘၤာ

ျမန္မာႏိုင္ငံက အိႏၵိယႏိုင္ငံထံမွ တစ္ပတ္ရစ္ ေရငုပ္သေဘၤာတစ္စီး ဝယ္လိုက္ျခင္းျဖင့္ အာရွႏိုင္ငံတို႔ရဲ႕ ေရငုပ္သေဘၤာ ပိုင္ဆိုင္မႈ စာရင္းထဲကို ဝင္ေရာက္လိုက္တယ္။ အာရွမွ ႏိုင္ငံငယ္ေတြမွာ ေရတပ္အင္အားက အ႐ြယ္အစား ငယ္တဲ့အတြက္ ေရငုပ္သေဘၤာကို ေဆာင္ထားၾကရတယ္။

အာရွမွာ တ႐ုတ္နဲ႔ ေျမာက္ကိုးရီးယားတို႔ဟာ ေရငုပ္သေဘၤာ အမ်ားဆုံး ထားရွိတဲ့ ႏိုင္ငံေတြ ျဖစ္ပါတယ္။ တ႐ုတ္မွာ စီးေရ ၇၆ စီး ရွိမယ္လို႔ ခန႔္မွန္းထားၾကတယ္။ ေျမာက္ကိုရီးယားႏိုင္ငံမွာေတာ့ စီးေရ ၇၁ စီး ရွိမယ္ ခန႔္မွန္းထားတယ္။ ပါကစၥတန္၊ စင္ကာပူနဲ႔ ေတာင္ကိုရီးယားတို႔ဟာ နည္းပညာအဆင္ျမင့္တဲ့ ေရငုပ္သေဘၤာေတြ ထားရွိၾကတယ္။ ပါကစၥတန္မွာ ၈ စီး၊ စင္ကာပူမွာ ၄ စီး ရွိပါတယ္။
ေတာင္ကိုရီးယားႏိုင္ငံမွာ ၁၇ စီး ရွိတဲ့အျပင္ ကိုယ္တိုင္ ေရငုပ္သေဘၤာ ထုတ္လုပ္ၿပီး ျပည္ပပို႔ကုန္အျဖစ္ တင္ပို႔ဖို႔ လုပ္ကိုင္လ်က္ ရွိပါတယ္။ အလားတူပင္ ဂ်ပန္ႏိုင္ငံဟာလည္း ျပည္ပပို႔ကုန္အျဖစ္ ေရငုပ္သေဘၤာ တည္ေဆာက္မႈကို စတင္လုပ္ကိုင္ေနပါတယ္။ ျပည္တြင္းေရတပ္မွာေတာ့ ၁၉ စီး ထားရွိတယ္။

ျမန္မာႏိုင္ငံဟာ ႐ုရွားႏိုင္ငံမွာ တည္ေဆာက္ခဲ့တဲ့ ကီလိုအတန္းအစား တစ္ပတ္ရစ္ေရငုပ္သေဘၤာတစ္စီးကို အိႏၵိယထံမွ ဝယ္ယူခဲ့ၿပီးတဲ့ေနာက္မွာ ေရငုပ္သေဘၤာအသစ္ ႏွစ္စီးကို ႐ုရွားထံမွ ဝယ္ယူမယ္လို႔ သတင္း ထြက္ေပၚတယ္။ ယခုလို ေရငုပ္သေဘၤာကို ေရတပ္မွာ ျဖည့္တင္းတဲ့အတြက္ အိမ္နီးခ်င္း ထိုင္းႏိုင္ငံမွ ေစာင့္ၾကည့္သြားမွာျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့တယ္။ ထိုင္းႏိုင္ငံမွာ ေလာေလာဆယ္ ေရငုပ္သေဘၤာ မရွိဘူး ျဖစ္ေနတယ္။
ထိုင္းႏိုင္ငံက ဂ်ပန္မွ ေရငုပ္သေဘၤာ ေလးစီးကို ၁၉၃၀ ျပည့္လြန္ႏွစ္မ်ားမွာ ဝယ္ယူခဲ့ၿပီး ၁၉၅၀ ျပည့္လြန္ႏွစ္မ်ားမွာ အၿငိမ္းစား ေပးထားလိုက္ရလို႔ ေလာေလာဆယ္မွာ ေရငုပ္သေဘၤာ လက္ထဲ မရွိဘူး ျဖစ္ေနတယ္။ တ႐ုတ္ႏိုင္ငံမွ ေရငုပ္သေဘၤာ S26T Yuan Class တစ္စီးကို ဝယ္ယူဖို႔ စီစဥ္ေဆာင္႐ြက္ေနတယ္။ ၿပီးရင္ ေနာက္ထပ္ တစ္စီး ထပ္ဝယ္ဖို႔ အစီအစဥ္ ရွိပါတယ္

ဘဂၤလားေဒ့ရွ္ကလည္း ေရငုပ္သေဘၤာ ႏွစ္စီးကို တ႐ုတ္ထံမွ ဝယ္ယူခဲ့တာ သိပ္မၾကာေသးဘူး။

အာရွေဈးကြက္ဟာ ေရငုပ္သေဘၤာ ျပည္ပတင္ပို႔တဲ့ သေဘၤာတည္ေဆာက္သူေတြအတြက္ ေဈးကြက္ေကာင္းတစ္ခု ျဖစ္ေနတယ္။ ကိုယ္တိုင္ တည္ေဆာက္ဖို႔ဆိုတ မျဖစ္ႏိုင္တဲ့ ျမန္မာ၊ ဘဂၤလားေဒ့ရွ္တို႔လို ႏိုင္ငံေတြအဖို႔ ျပည္ပမွသာ ဝယ္ယူၾကရမွာ ျဖစ္ပါတယ္။ အာရွမွာ ေရငုပ္သေဘၤာအင္အား တိုးခ်ဲ႕မႈဟာ လိုအပ္ခ်က္ ျဖစ္ေနတာမို႔ အာရွႏိုင္ငံေတြမွာ ေရငုပ္သေဘၤာကို တည္ေဆာက္ဖို႔ လုပ္ကိုင္လ်က္ ရွိတာမွာ တိုင္ဝမ္ႏိုင္ငံလည္း အပါအဝင္ ျဖစ္တယ္။ တိုင္ဝမ္မွာ ေရငုပ္သေဘၤာေတြ ရွိထားၿပီးသား ျဖစ္ေပမဲ့ သက္တမ္း ရင့္ေနၿပီး အေမရိကန္ႏိုင္ငံမွ ထုတ္လုပ္တဲ့ Hai Shih အတန္းအစား ေရငုပ္သေဘၤာ ႏွစ္စီးဟာ ကမာၻေပၚမွာ သက္တမ္းအရင့္ဆုံး ႏွစ္စီး ျဖစ္ေနတယ္။ အစားထိုး လဲပစ္ဖို႔ စီစဥ္ခဲ့ေပမဲ့ အေကာင္အထည္ မေပၚခဲ့ဘူး။ အခုေတာ့ ျပည္တြင္းမွာ တည္ေဆာက္ထုတ္လုပ္ဖို႔ အစီအစဥ္ကို ေဆာင္႐ြက္ေနတာ ျဖစ္ပါတယ္။ တရားဝင္ ထုတ္ျပန္တဲ့စာရင္းအရ တိုင္ဝမ္မွာ ေရငုပ္သေဘၤာ ေလးစီး ထားရွိပါတယ္။

စက္မႈထြန္းကားေရးမွာ ေလာဘႀကီးတဲ့ ဗီယက္နမ္ကလည္း ျပည္တြင္းမွာ ေရငုပ္သေဘၤာတစ္စီး တည္ေဆာက္ဖို႔ ရွိပါတယ္။ တန္ ၁၀၀ အ႐ြယ္ အေသးစား ေရငုပ္သေဘၤာ ျဖစ္ၿပီး လက္ေတြ႕က်က် ျဖစ္ႏိုင္တာကို တည္ေဆာက္ဖို႔ ေ႐ြးခ်ယ္ဆုံးျဖတ္ခဲ့တာ ျဖစ္ႏိုင္ပါတယ္။ ဗီယက္နမ္မွာ ေလာေလာဆယ္ ေရငုပ္သေဘၤာ ၈ စီးရွိၿပီး ေျမာက္ကိုရီးယားမွာ တည္ေဆာက္တဲ့ Yugo Class ႏွစ္စီးကို ျပည္တြင္းျဖစ္ ေရငုပ္သေဘၤာေတြနဲ႔ အစားထိုးဖို႔ ေျခလွမ္းစတင္တာ ျဖစ္ပါတယ္။ အဲဒီ Yugo Class ႏွစ္စီးဟာ တန္ ၁၅၀ ေအာက္ အတန္းအစားျဖစ္လို႔ မီနီေရငုပ္သေဘၤာေတြ ျဖစ္ပါတယ္။ ဗီယက္နမ္ ေရငုပ္သေဘၤာ အင္အားစုရဲ႕ ေတာင့္တင္းမႈက အ႐ြယ္ပိုႀကီးတဲ့ Kilo Class ေရငုပ္သေဘၤာ ေျခာက္စီးျဖစ္ၿပီး ယင္းတို႔ကို ႐ုရွားႏိုင္ငံမွာ တည္ေဆာက္ပါတယ္။

ေရငုပ္သေဘၤာ ျပည္တြင္းတည္ေဆာက္ေရးလမ္းစဥ္ကို စလုံးေရစ စတင္ေလွ်ာက္လွမ္းတာ တိုင္ဝမ္နဲ႔ ဗီယက္နမ္အျပင္ အင္ဒိုနီးရွားလည္း ပါဝင္ေနတယ္။ ေလာေလာဆယ္မွာေတာ့ ျပည္ပမွ တင္သြင္းတဲ့ ေရငုပ္သေဘၤာ ၅ စီး ရွိပါတယ္။

ဖီလစ္ပိုင္ေရတပ္က ေရငုပ္သေဘၤာ တည္ေဆာက္ဖို႔ လုပ္ကိုင္ေနခဲ့တာ ၾကာပါၿပီ။ ဒါေပမဲ့ အေကာင္အထည္ မေပၚေသးဘူး။ အခု ေနာက္ဆုံး တင္ျပတဲ့ အစီအစဥ္မွာ ျပင္သစ္ တည္ေဆာက္တဲ့ ေရငုပ္သေဘၤာဒီဇိုင္းကို သုံးမယ္လို႔ ဆိုထားပါတယ္။

 

 

Read times
Rate this item
(0 votes)