ပြည်ပမှ လုပ်ငန်းသုံးယာဉ်အုပ်စုနှင့် ယန္တရားအုပ်စုဝင် မော်တော်ယာဉ်များ တင်သွင်းခြင်းအတွက် လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များကို အောက်ပါအတိုင်းဖော်ပြပေးလိုက်ပါတယ်။
ပြည်ပမှ လုပ်ငန်းသုံးယာဉ်အုပ်စုနှင့် ယန္တရားအုပ်စုဝင် မော်တော်ယာဉ်များအား တင်သွင်းခွင့် လိုင်စင်လျှောက်ထားမှုများတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များအနေဖြင့် HS Code 8701 မှ 8705 အထိ အကျုံးဝင်သော လုပ်ငန်းသုံးယာဉ်များ တင်သွင်းရာတွင် အတိုင်းအတာ သတ်မှတ်ချက်မှာ Right Vehicle အတွက် OAL (အလျား)-12200 MM, OAW (အနံ)–2500 MM နှင့် OAH (အမြင့်) သာမန်ယာဉ်အတွက်–3.66 M, Container Carrier အတွက် 4.2 M အား သတ်မှတ်ထားကြောင်း၊ Articulated Vehicle (ခေါင်းတွဲ+ ချိတ်ဆွဲထားသည့် နောက်တွဲများ) ၏ စုစုပေါင်း အလျား OAL မှာ 16000 MM နှင့် GVW (Gross + Vehicle Weight) အား 48000 Kg သတ်မှတ်ထားပြီး၊ စုစုပေါင်း GVW မှာ 48000 Kg ထက်ကျော်လွန်ပါက လမ်းနှင့်တံတား ခံနိုင်ဝန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ သဘောထားမှတ်ချက်တောင်းခံရန်ဖြစ်ကြောင်း
လူစီးယာဉ်များနှင့် လုပ်ငန်းသုံးယာဉ်များ လျှောက်ထားရာတွင် တင်အား၊ ယောက်စီးပေါ်မူတည်၍ Micro Bus နှင့် Mini Bus ကွဲပြားသွားပြီး ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခနှင့် အခြားသော အခွန်အခများ များစွာကွာခြားသွားနိုင်သဖြင့် လိုင်စင်/ပါမစ်လျှောက်ထားစဉ်က ကြိုတင်၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ သဘောထားမှတ်ချက် တောင်းခံရန်လိုအပ်တယ်လို့ သိရှိရပါတယ်။
ယာဉ်၏ ဖွဲ့စည်းတည်ဆောက်မှုအပေါ်မူတည်၍ ရိုးရိုးလူစီး၊ Micro Bus ၊ Station Wagon ၊ Delivery Van စသည်ဖြင့် ပုံစံအမျိုးအစားကွဲလွဲနိုင်သဖြင့် လိုင်စင်၊ ပါမစ်လျှောက်ထားစဉ်ကတည်းက မူလထုတ်လုပ်သူ၏ Chassis Code, Model Code များအရ သတ်မှတ်မူလအမျိုးအစား (Original Ambulance, Original နိဗ္ဗာန်ယာဉ်, Original မီးသတ်ယာဉ်, Original Bowser) ကို သတ်မှတ်ဖော်ပြရန်ဖြစ်ကြောင်း။
Bus အုပ်စုဝင်ယာဉ်များ တင်သွင်းခွင့်လိုင်စင်လျှောက်ထားမှုတွင် မူလထုတ်လုပ်သူ၏ Catalouge, User’s Manual ဖော်ပြချက်အတိုင်း တင်အား၊ ယောက်စီးများကို ဖော်ပြလျှောက်ထားရန် လိုအပ်ကြောင်း၊ နောက်တွဲယာဉ် (Semi Trailer) များ တင်သွင်းခွင့်လိုင်စင် လျှောက်ထားမှုတွင်လည်း မူလထုတ်လုပ်သူ၏ Catalouge, User’s Manual နှင့် Certificate ဖော်ပြချက်အတိုင်း ဝင်ရိုးအရေအတွက်၊ အတိုင်းအတာများ ဖော်ပြလျှောက်ထားရန်လိုအပ်ကြောင်း၊
Moving Services ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု ၆၁ ခုကိုရှာဖွေရန်နှိပ်ပါ
Dangerous Goods သယ်ဆောင်ယာဉ်များ တင်သွင်းခွင့်လိုင်စင် လျှောက်ထားမှုတွင် အန္တရာယ်ကင်းစွာ သွားလာနိုင်မှု ရှိ/မရှိ Road Safety အတွက် မူလထုတ်လုပ်သူ၏ Inspection Certificate တင်ပြရမည်ဖြစ်ပြီး Catalouge, User’s Manual နှင့် Certificate တွင် ဖော်ပြချက်အတိုင်း ဝင်ရိုးအရေအတွက်၊ အတိုင်းအတာများ ဖော်ပြ၍ လျှောက်ထား ရန်လိုအပ်ကြောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းသတ်မှတ်ချက်များအား လုပ်ငန်းသုံးယာဉ်အုပ်စုနှင့် ယန္တရားအုပ်စုဝင်မော်တော်ယာဉ် တင်သွင်းသူများ သိရှိမှတ်သားနိုင်စေရေးအတွက် ကုန်သွယ်ရေးဦးစီးဌာနမှ ဖော်ပြထားပါတယ်။
<<<Zawgyi>>>
ျပည္ပမွ လုပ္ငန္းသုံးယာဥ္အုပ္စုႏွင့္ယႏၲရားအုပ္စုဝင္ ေမာ္ေတာ္ယာဥ္မ်ား တင္သြင္းျခင္းအတြက္ သတ္မွတ္ခ်က္မ်ား
ျပည္ပမွ လုပ္ငန္းသုံးယာဥ္အုပ္စုႏွင့္ ယႏၲရားအုပ္စုဝင္ ေမာ္ေတာ္ယာဥ္မ်ား တင္သြင္းျခင္းအတြက္ လုပ္ထုံးလုပ္နည္း သတ္မွတ္ခ်က္မ်ားကုိ ေအာက္ပါအတိုင္းေဖာ္ျပေပးလုိက္ပါတယ္။
ျပည္ပမွ လုပ္ငန္းသုံးယာဥ္အုပ္စုႏွင့္ ယႏၲရားအုပ္စုဝင္ ေမာ္ေတာ္ယာဥ္မ်ားအား တင္သြင္းခြင့္ လိုင္စင္ေလွ်ာက္ထားမႈမ်ားတြင္ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာန၏ လုပ္ထုံးလုပ္နည္း သတ္မွတ္ခ်က္မ်ားအေနျဖင့္ HS Code 8701 မွ 8705 အထိ အက်ဳံးဝင္ေသာ လုပ္ငန္းသုံးယာဥ္မ်ား တင္သြင္းရာတြင္ အတိုင္းအတာ သတ္မွတ္ခ်က္မွာ Right Vehicle အတြက္ OAL (အလ်ား)-12200 MM, OAW (အနံ)–2500 MM ႏွင့္ OAH (အျမင့္) သာမန္ယာဥ္အတြက္–3.66 M, Container Carrier အတြက္ 4.2 M အား သတ္မွတ္ထားေၾကာင္း၊ Articulated Vehicle (ေခါင္းတြဲ+ ခ်ိတ္ဆြဲထားသည့္ ေနာက္တြဲမ်ား) ၏ စုစုေပါင္း အလ်ား OAL မွာ 16000 MM ႏွင့္ GVW (Gross + Vehicle Weight) အား 48000 Kg သတ္မွတ္ထားၿပီး၊ စုစုေပါင္း GVW မွာ 48000 Kg ထက္ေက်ာ္လြန္ပါက လမ္းႏွင့္တံတား ခံႏိုင္ဝန္အတြက္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၏ သေဘာထားမွတ္ခ်က္ေတာင္းခံရန္ျဖစ္ေၾကာင္း
လူစီးယာဥ္မ်ားႏွင့္ လုပ္ငန္းသုံးယာဥ္မ်ား ေလွ်ာက္ထားရာတြင္ တင္အား၊ ေယာက္စီးေပၚမူတည္၍ Micro Bus ႏွင့္ Mini Bus ကြဲျပားသြားၿပီး ျပည္ပတင္သြင္းယာဥ္မွတ္ပုံတင္ခႏွင့္ အျခားေသာ အခြန္အခမ်ား မ်ားစြာကြာျခားသြားႏိုင္သျဖင့္ လိုင္စင္/ပါမစ္ေလွ်ာက္ထားစဥ္က ႀကိဳတင္၍ ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနသို႔ သေဘာထားမွတ္ခ်က္ ေတာင္းခံရန္လိုအပ္တယ္လို႔ သိရွိရပါတယ္။
ယာဥ္၏ ဖြဲ႕စည္းတည္ေဆာက္မႈအေပၚမူတည္၍ ႐ိုး႐ိုးလူစီး၊ Micro Bus ၊ Station Wagon ၊ Delivery Van စသည္ျဖင့္ ပုံစံအမ်ိဳးအစားကြဲလြဲႏိုင္သျဖင့္ လိုင္စင္၊ ပါမစ္ေလွ်ာက္ထားစဥ္ကတည္းက မူလထုတ္လုပ္သူ၏ Chassis Code, Model Code မ်ားအရ သတ္မွတ္မူလအမ်ိဳးအစား (Original Ambulance, Original နိဗၺာန္ယာဥ္, Original မီးသတ္ယာဥ္, Original Bowser) ကို သတ္မွတ္ေဖာ္ျပရန္ျဖစ္ေၾကာင္း။
Moving Services ကုန္ပစၥည္းသယ္ယူပို႔ေဆာင္ေရး၀န္ေဆာင္မႈ ၆၁ ခုကုိရွာေဖြရန္ႏိွပ္ပါ
Bus အုပ္စုဝင္ယာဥ္မ်ား တင္သြင္းခြင့္လိုင္စင္ေလွ်ာက္ထားမႈတြင္ မူလထုတ္လုပ္သူ၏ Catalouge, User’s Manual ေဖာ္ျပခ်က္အတိုင္း တင္အား၊ ေယာက္စီးမ်ားကို ေဖာ္ျပေလွ်ာက္ထားရန္ လိုအပ္ေၾကာင္း၊ ေနာက္တြဲယာဥ္ (Semi Trailer) မ်ား တင္သြင္းခြင့္လိုင္စင္ ေလွ်ာက္ထားမႈတြင္လည္း မူလထုတ္လုပ္သူ၏ Catalouge, User’s Manual ႏွင့္ Certificate ေဖာ္ျပခ်က္အတိုင္း ဝင္႐ိုးအေရအတြက္၊ အတိုင္းအတာမ်ား ေဖာ္ျပေလွ်ာက္ထားရန္လိုအပ္ေၾကာင္း၊
Dangerous Goods သယ္ေဆာင္ယာဥ္မ်ား တင္သြင္းခြင့္လိုင္စင္ ေလွ်ာက္ထားမႈတြင္ အႏၲရာယ္ကင္းစြာ သြားလာႏိုင္မႈ ရွိ/မရွိ Road Safety အတြက္ မူလထုတ္လုပ္သူ၏ Inspection Certificate တင္ျပရမည္ျဖစ္ၿပီး Catalouge, User’s Manual ႏွင့္ Certificate တြင္ ေဖာ္ျပခ်က္အတိုင္း ဝင္႐ိုးအေရအတြက္၊ အတိုင္းအတာမ်ား ေဖာ္ျပ၍ ေလွ်ာက္ထား ရန္လိုအပ္ေၾကာင္း၊ ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန၏ လုပ္ထုံးလုပ္နည္းသတ္မွတ္ခ်က္မ်ားအား လုပ္ငန္းသုံးယာဥ္အုပ္စုႏွင့္ ယႏၲရားအုပ္စုဝင္ေမာ္ေတာ္ယာဥ္ တင္သြင္းသူမ်ား သိရွိမွတ္သားႏိုင္ေစေရးအတြက္ ကုန္သြယ္ေရးဦးစီးဌာနမွ ေဖာ္ျပထားပါတယ္။