Export & Import

တရားမဝင်ကုန်သွယ်မှုမှ ကုန်ပစ္စည်းတန်ဖိုး ကျပ် (၂၄) ဘီလီယံကျော် ဖမ်းဆီးရမိ

တရားမဝင်ကုန်သွယ်မှုမှ ကုန်ပစ္စည်းတန်ဖိုး ကျပ် (၂၄) ဘီလီယံကျော် ဖမ်းဆီးရမိ google

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များမှ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအထိ တရားမဝင်ကုန်သွယ်မှုမှ ကုန်ပစ္စည်းတန်ဖိုး ကျပ် ၂၄ ဘီလီယံကျော် ဖမ်းဆီးနိုင်ခဲ့ကြောင်း ဒုတိယသမ္မတဦးမြင့်ဆွေ၏ ပြောကြားချက်အရ သိရပါတယ်။

 

တရားမဝင်ကုန်သွယ်မှုတားဆီးရာတွင် ၁၆ လအတွင်း ဖမ်းဆီးရရှိမှုမှာ (၂၇၀၉) ကြိမ်ရှိခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေ ကျပ် (၂၄ ဒသမ ၁၆၂) ဘီလီယံရှိကြောင်း သိရပါတယ်။

 

မြန်မာနိုင်ငံတွင် တရားမဝင်ကုန်သွယ်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာတရားမဝင် ကုန်သွယ်မှုအခြေအနေ ညွှန်းကိန်းမြင့်တက်လာမှုနှင့်စပ်လျဉ်း၍ နိုင်ငံအဆင့်တွင် ဌာနအချင်းချင်းအကြား ပူးပေါင်းမှုမြှင့်တင်ရန်အတွက် “တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ” ကို ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း၊တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အညွှန်းကိန်းများအပေါ် အခြေခံပြီး “အစိုးရမူဝါဒဆိုင်ရာလုပ်ငန်းကော်မတီ” ၊ “ရောင်းလိုအားနှင့် ဝယ်လိုအားဆိုင်ရာ လုပ်ငန်းကော်မတီ” ၊ “ပွင့်လင်းမြင်သာမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ” နှင့် “အကောက်ခွန်လုပ်ငန်းဆိုင်ရာ လုပ်ငန်းကော်မတီ” တို့ကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများဖြင့် ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။

 

ထို့အပြင် တရားမဝင်ကုန်သွယ်မှုများ ထိရောက်စွာ တားဆီးထိန်းချုပ်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် “တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့” များကိုလည်း ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း ဆိုပါတယ်။မြန်မာနိုင်ငံ၏ တရားမဝင် ကုန်သွယ်ရေးမှာ တရားဝင်ကုန်သွယ်ရေးထက် တစ်ဆကျော် ပိုများကြောင်း ပြီးခဲ့သည့် ၂ နှစ်က ကောက်ယူခဲ့သော မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်စစ်တမ်းမှာ ဖော်ပြထားပါတယ်။

 

Traffic Police Stations ယာဉ်ထိန်းရုံး ၃၄ခုကိုရှာဖွေရန်နှိပ်ပါ

 

---Zawgyi---

 

တရားမဝင္ကုန္သြယ္မႈမွ ကုန္ပစၥည္းတန္ဖိုး က်ပ္ (၂၄) ဘီလီယံေက်ာ္ ဖမ္းဆီးရမိ

 

တရားမဝင္ကုန္သြယ္မႈ တိုက္ဖ်က္ေရးအထူးအဖြဲ႔မ်ားမွ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလမွ ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလအထိ တရားမဝင္ကုန္သြယ္မႈမွ ကုန္ပစၥည္းတန္ဖိုး က်ပ္ ၂၄ ဘီလီယံေက်ာ္ ဖမ္းဆီးႏုိင္ခဲ့ေၾကာင္း ဒုတိယသမၼတဦးျမင့္ေဆြ၏ ေျပာၾကားခ်က္အရ သိရပါတယ္။တရားမဝင္ကုန္သြယ္မႈတားဆီးရာတြင္ ၁၆ လအတြင္း ဖမ္းဆီးရရွိမႈမွာ (၂၇၀၉) ႀကိမ္ရွိခဲ့ၿပီး ခန႔္မွန္းတန္ဖိုးေငြ က်ပ္ (၂၄ ဒသမ ၁၆၂) ဘီလီယံရွိေၾကာင္း သိရပါတယ္။

 

ျမန္မာႏိုင္ငံတြင္ တရားမဝင္ကုန္သြယ္မႈမ်ားေၾကာင့္ ကမာၻလုံးဆိုင္ရာတရားမဝင္ ကုန္သြယ္မႈအေျခအေန ၫႊန္းကိန္းျမင့္တက္လာမႈႏွင့္စပ္လ်ဥ္း၍ ႏိုင္ငံအဆင့္တြင္ ဌာနအခ်င္းခ်င္းအၾကား ပူးေပါင္းမႈျမႇင့္တင္ရန္အတြက္ “တရားမဝင္ကုန္သြယ္မႈ တိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီ” ကို ဖြဲ႕စည္းခဲ့ၿပီး ျဖစ္ပါေၾကာင္း၊တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး အၫႊန္းကိန္းမ်ားအေပၚ အေျခခံၿပီး “အစိုးရမူဝါဒဆိုင္ရာလုပ္ငန္းေကာ္မတီ” ၊ “ေရာင္းလိုအားႏွင့္ ဝယ္လိုအားဆိုင္ရာ လုပ္ငန္းေကာ္မတီ” ၊ “ပြင့္လင္းျမင္သာမႈႏွင့္ ကုန္သြယ္ေရးဆိုင္ရာ လုပ္ငန္းေကာ္မတီ” ႏွင့္ “အေကာက္ခြန္လုပ္ငန္းဆိုင္ရာ လုပ္ငန္းေကာ္မတီ” တို႔ကိုလည္း သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားျဖင့္ ဖြဲ႕စည္းခဲ့ၿပီး ျဖစ္ပါေၾကာင္း ေျပာၾကားခဲ့ပါတယ္။

 

ထို႔အျပင္ တရားမဝင္ကုန္သြယ္မႈမ်ား ထိေရာက္စြာ တားဆီးထိန္းခ်ဳပ္ႏုိင္ေရး အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ရန္အတြက္ ေနျပည္ေတာ္ေကာင္စီ၊ တိုင္းေဒသႀကီး/ျပည္နယ္မ်ားတြင္ “တရားမဝင္ကုန္သြယ္မႈ တိုက္ဖ်က္ေရးအထူးအဖြဲ႕” မ်ားကိုလည္း ဖြဲ႕စည္းခဲ့ၿပီးျဖစ္ပါေၾကာင္း ဆုိပါတယ္။

 

ျမန္မာႏုိင္ငံ၏ တရားမဝင္ ကုန္သြယ္ေရးမွာ တရားဝင္ကုန္သြယ္ေရးထက္ တစ္ဆေက်ာ္ ပုိမ်ားေၾကာင္း ၿပီးခဲ့သည့္ ၂ နွစ္က ေကာက္ယူခဲ့ေသာ ျမန္မာႏုိင္ငံ ကုန္သည္စက္မႈအသင္းခ်ဳပ္စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။

 

Traffic Police Stations ယာဥ္ထိန္း႐ုံး ၃၄ခုကိုရွာေဖြရန္ႏွိပ္ပါ

 


Myanmar 
Logistics Guide

Read times
Rate this item
(0 votes)