Export & Import

ဘဏ္ဍာနှစ် ပထမသုံးလတာအတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၉၇၅၂ သန်းကျော်ရရှိ

ဘဏ္ဍာနှစ် ပထမသုံးလတာအတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၉၇၅၂ သန်းကျော်ရရှိ google

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၏ ဒီဇင်ဘာလအတွက် ဗဟိုစာရင်းအင်းအဖွဲ့ မှ ထုတ်ပြန်သည့် ပို့ကုန်၊ သွင်းကုန်အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများနှင့် စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၃၃၂၄ ဒသမ ၅၃) သန်းအထိ ကုန်သွယ်နိုင်ခဲ့ကြောင်းနှင့် ပထမသုံးလတာအတွင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၉၇၅၂ ဒသမ ၄၀) သန်းရှိခဲ့ကြောင်း သိရသည်။ဒီဇင်ဘာလအတွင်း ပုံမှန်ပို့ကုန်များတင်ပို့ရာတွင် အမေရိကန်ဒေါ်လာ (၈၇၀ ဒသမ ၇၂) သန်းရှိခဲ့ပြီး နယ်စပ်ပို့ကုန်များတင်ပို့ရာတွင် အမေရိကန် ဒေါ်လာ (၅၆၁ ဒသမ ၁၇) သန်းအထိ တင်ပို့နိုင်ခဲ့သဖြင့် တစ်လတာအတွင်း စုစုပေါင်းပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၁၄၃၁ ဒသမ ၈၉) သန်းအထိ တင်ပို့ထားနိုင်ခဲ့သည်ကို သိရှိရသည်။

 

ပုံမှန်သွင်းကုန်များ တင်သွင်းရာတွင်လည်း အမေရိကန်ဒေါ်လာ (၁၆၀၁ ဒသမ ဝ၅) သန်းရှိခဲ့ပြီး နယ်စပ်မှတစ်ဆင့် တင်သွင်းသည့် သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၂၉၁ ဒသမ ၅၉) သန်းရှိခဲ့သဖြင့် တစ်လတာအတွင်း စုစုပေါင်း သွင်းကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁၈၉၂ ဒသမ ၆၄) သန်းအထိ ရှိခဲ့သည်ဟု ပို့ကုန်၊ သွင်းကုန် အစီရင်ခံစာအရ သိရှိရသည်။ယခုထုတ်ပြန်ထားသည့် ဒီဇင်ဘာလအတွက် ပို့ကုန်သွင်းကုန်အစီရင်ခံစာ အရ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၃၃၂၄ ဒသမ ၅၃) သန်းဖြစ်သော်လည်း စုစုပေါင်း ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ (၄၆၀ ဒသမ ၇၅) သန်းဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၂၇၂၂ ဒသမ ၃၀) သန်းရှိခဲ့ပြီး နယ်စပ်သို့ တင်ပို့သည့် ပို့ကုန်များတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၂၀၃၉ ဒသမ ၈၄) သန်း ရှိခဲ့သည်။ စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၄၇၆၂ ဒသမ ၁၄) သန်းရှိခဲ့သည်။

 

ပုံမှန်သွင်းကုန်တန်ဖိုးများမှာမူ အမေရိကန်ဒေါ်လာ (၄၁၇၂ ဒသမ ၉၃) သန်းရှိပြီး နယ်စပ်မှ သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၈၁၇ ဒသမ ၃၃) သန်းရှိခဲ့သည့်အတွက် စုစုပေါင်း သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၄၉၉၀ ဒသမ ၂၆) သန်းရှိခဲ့ကြောင်း သိရှိရသည်။ပထမသုံးလတာအတွင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၉၇၅၂ ဒသမ ၄၀) သန်းရှိခဲ့သဖြင့် ကုန်သွယ်မှုလိုငွေပမာဏမှာ အမေရိကန်ဒေါ်လာ (၂၂၈ ဒသမ ၁၂) သန်း ဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် ပို့ကုန်၊ သွင်းကုန်အခြေအနေအစီရင်ခံစာတွင် ဖော်ပြထားသည်။

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကုန်သွယ်မှုများတွင်မူ ပို့ကုန် အမေရိကန်ဒေါ်လာ (၁၆ ဒသမ ၉၁၉) ဘီလီယံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ (၁၈ ဒသမ ဝ၅၉) ဘီလီယံနှင့် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၃၄ ဒသမ ၉၇၉) ဘီလီယံရှိခဲ့သည်။မြန်မာနိုင်ငံသည် စီးပွားရေးရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျယ်ပြန့်သည့် ပို့ကုန်ဈေးကွက်နှင့် ခိုင်မာသည့် ပို့ကုန်ဈေးကွက်များ တိုးတက်ရရှိစေရန် ရေတို၊ ရေရှည်စီမံကိန်းများ ချမှတ်ကာ ကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက် နှစ်လတ်ဖွံ့ဖြိုးရေး အစီအစဉ် (Medium Term Programme-MTP)နှင့် အမျိုးသားပို့ကုန်မဟာဗျူဟာကို ဆောင်ရွက်လျက်ရှိပြီး နိုင်ငံ၏ပို့ကုန် ဦးဆောင်သည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုပုံစံ (Export-led Growth) ဖြင့် ဆောင်ရွက်နေကြောင်းလည်း သိရသည်။

 

Car & Truck Rentals ကားနှင့်ကုန်တင်ကားအငှားဝန်ဆောင်မှု ၉၅၉ခုကိုရှာဖွေရန်နှိပ်ပါ

 

<<<Zawgyi>>>

 

ဘ႑ာႏွစ္ ပထမသုံးလတာအတြင္း ကုန္သြယ္မႈပမာဏ အေမရိကန္ေဒၚလာ ၉၇၅၂ သန္းေက်ာ္ရရွိ

 

၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္၏ ဒီဇင္ဘာလအတြက္ ဗဟိုစာရင္းအင္းအဖြဲ႕ မွ ထုတ္ျပန္သည့္ ပို႔ကုန္၊ သြင္းကုန္အစီရင္ခံစာအရ ျမန္မာႏိုင္ငံသည္ ျပည္ပႏိုင္ငံမ်ားႏွင့္ စုစုေပါင္း ကုန္သြယ္မႈပမာဏ အေမရိကန္ေဒၚလာ (၃၃၂၄ ဒသမ ၅၃) သန္းအထိ ကုန္သြယ္ႏိုင္ခဲ့ေၾကာင္းႏွင့္ ပထမသုံးလတာအတြင္း ကုန္သြယ္မႈပမာဏမွာ အေမရိကန္ေဒၚလာ (၉၇၅၂ ဒသမ ၄၀) သန္းရွိခဲ့ေၾကာင္း သိရသည္။ဒီဇင္ဘာလအတြင္း ပုံမွန္ပို႔ကုန္မ်ားတင္ပို႔ရာတြင္ အေမရိကန္ေဒၚလာ (၈၇၀ ဒသမ ၇၂) သန္းရွိခဲ့ၿပီး နယ္စပ္ပို႔ကုန္မ်ားတင္ပို႔ရာတြင္ အေမရိကန္ ေဒၚလာ (၅၆၁ ဒသမ ၁၇) သန္းအထိ တင္ပို႔ႏိုင္ခဲ့သျဖင့္ တစ္လတာအတြင္း စုစုေပါင္းပို႔ကုန္တန္ဖိုး အေမရိကန္ေဒၚလာ (၁၄၃၁ ဒသမ ၈၉) သန္းအထိ တင္ပို႔ထားႏိုင္ခဲ့သည္ကို သိရွိရသည္။

 

ပုံမွန္သြင္းကုန္မ်ား တင္သြင္းရာတြင္လည္း အေမရိကန္ေဒၚလာ (၁၆၀၁ ဒသမ ဝ၅) သန္းရွိခဲ့ၿပီး နယ္စပ္မွတစ္ဆင့္ တင္သြင္းသည့္ သြင္းကုန္တန္ဖိုးမွာ အေမရိကန္ေဒၚလာ (၂၉၁ ဒသမ ၅၉) သန္းရွိခဲ့သျဖင့္ တစ္လတာအတြင္း စုစုေပါင္း သြင္းကုန္ တန္ဖိုးမွာ အေမရိကန္ေဒၚလာ (၁၈၉၂ ဒသမ ၆၄) သန္းအထိ ရွိခဲ့သည္ဟု ပို႔ကုန္၊ သြင္းကုန္ အစီရင္ခံစာအရ သိရွိရသည္။ယခုထုတ္ျပန္ထားသည့္ ဒီဇင္ဘာလအတြက္ ပို႔ကုန္သြင္းကုန္အစီရင္ခံစာ အရ စုစုေပါင္းကုန္သြယ္မႈပမာဏမွာ အေမရိကန္ေဒၚလာ (၃၃၂၄ ဒသမ ၅၃) သန္းျဖစ္ေသာ္လည္း စုစုေပါင္း ကုန္သြယ္မႈလိုေငြမွာ အေမရိကန္ေဒၚလာ (၄၆၀ ဒသမ ၇၅) သန္းျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

 

ထို႔ျပင္ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ ေအာက္တိုဘာလမွ ဒီဇင္ဘာလအထိ ျမန္မာႏိုင္ငံ၏ ပုံမွန္ပို႔ကုန္တန္ဖိုးမွာ အေမရိကန္ေဒၚလာ (၂၇၂၂ ဒသမ ၃၀) သန္းရွိခဲ့ၿပီး နယ္စပ္သို႔ တင္ပို႔သည့္ ပို႔ကုန္မ်ားတန္ဖိုးမွာ အေမရိကန္ေဒၚလာ (၂၀၃၉ ဒသမ ၈၄) သန္း ရွိခဲ့သည္။ စုစုေပါင္း ပို႔ကုန္တန္ဖိုးမွာ အေမရိကန္ေဒၚလာ (၄၇၆၂ ဒသမ ၁၄) သန္းရွိခဲ့သည္။

 

ပုံမွန္သြင္းကုန္တန္ဖိုးမ်ားမွာမူ အေမရိကန္ေဒၚလာ (၄၁၇၂ ဒသမ ၉၃) သန္းရွိၿပီး နယ္စပ္မွ သြင္းကုန္တန္ဖိုးမွာ အေမရိကန္ေဒၚလာ (၈၁၇ ဒသမ ၃၃) သန္းရွိခဲ့သည့္အတြက္ စုစုေပါင္း သြင္းကုန္တန္ဖိုးမွာ အေမရိကန္ေဒၚလာ (၄၉၉၀ ဒသမ ၂၆) သန္းရွိခဲ့ေၾကာင္း သိရွိရသည္။ပထမသုံးလတာအတြင္း ကုန္သြယ္မႈပမာဏမွာ အေမရိကန္ေဒၚလာ (၉၇၅၂ ဒသမ ၄၀) သန္းရွိခဲ့သျဖင့္ ကုန္သြယ္မႈလိုေငြပမာဏမွာ အေမရိကန္ေဒၚလာ (၂၂၈ ဒသမ ၁၂) သန္း ျဖစ္ေပၚခဲ့ေၾကာင္း ဗဟိုစာရင္းအင္းအဖြဲ႕မွ ထုတ္ျပန္သည့္ ပို႔ကုန္၊ သြင္းကုန္အေျခအေနအစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

 

၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ကုန္သြယ္မႈမ်ားတြင္မူ ပို႔ကုန္ အေမရိကန္ေဒၚလာ (၁၆ ဒသမ ၉၁၉) ဘီလီယံ၊ သြင္းကုန္ အေမရိကန္ေဒၚလာ (၁၈ ဒသမ ဝ၅၉) ဘီလီယံႏွင့္ ကုန္သြယ္မႈပမာဏမွာ အေမရိကန္ေဒၚလာ (၃၄ ဒသမ ၉၇၉) ဘီလီယံရွိခဲ့သည္။ျမန္မာႏိုင္ငံသည္ စီးပြားေရးေရရွည္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ က်ယ္ျပန႔္သည့္ ပို႔ကုန္ေဈးကြက္ႏွင့္ ခိုင္မာသည့္ ပို႔ကုန္ေဈးကြက္မ်ား တိုးတက္ရရွိေစရန္ ေရတို၊ ေရရွည္စီမံကိန္းမ်ား ခ်မွတ္ကာ ကုန္သြယ္မႈဖြံ႕ၿဖိဳးေရးအတြက္ ႏွစ္လတ္ဖြံ႕ၿဖိဳးေရး အစီအစဥ္ (Medium Term Programme-MTP)ႏွင့္ အမ်ိဳးသားပို႔ကုန္မဟာဗ်ဴဟာကို ေဆာင္႐ြက္လ်က္ရွိၿပီး ႏိုင္ငံ၏ပို႔ကုန္ ဦးေဆာင္သည့္ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈပုံစံ (Export-led Growth) ျဖင့္ ေဆာင္႐ြက္ေနေၾကာင္းလည္း သိရသည္။

Car & Truck Rentals ကားႏွင့္ကုန္တင္ကားအငွားဝန္ေဆာင္မႈ ၉၅၉ခုကိုရွာေဖြရန္ႏွိပ္ပါ

 

Myanmar Logistics Guide

 

 
Read times
Rate this item
(1 Vote)