Export & Import

ဗိုင်းရပ်စ်အခက်က လေကြောင်းလိုင်းအတွက်အမြတ်ကြီးစားဖို့ အချက်လေလား ……

ဗိုင်းရပ်စ်အခက်က လေကြောင်းလိုင်းအတွက်အမြတ်ကြီးစားဖို့ အချက်လေလား ……

ကုန်တင်လေကြောင်းလိုင်းအချို့အနေနဲ့ ကိုဗစ်ကာလမှာ ဆေးဝါးပစ္စည်းတွေသယ်ပို့မှုအတွက် ၂ ဆခန့် ပိုမိုတောင်းခံနေတာက အမြတ်ကြီးစားတွေပဲဖြစ်ပါတယ်လို့ ကုန်ပစ္စည်းတင်ပို့သူများက ရည်ညွှန်းပြော ဆိုလိုက်ပါတယ်။


နဂိုပုံမှန်မှာဆိုရင် လေကြောင်းလိုင်းဖြင့်ဆေးဝါးပစ္စည်းသယ်ပို့ပါက ၁ကီလိုဂရမ်ကို ၆ ဒေါ်လာမှ ၇ ဒေါ်လာ ထိသာပေးရသော်လည်း ယခုအခါတွင် ၁၃ ဒေါ်လာအထိပေးချေနေရပါတယ်။ ဒါကပုံမှန် ထက် ၂ဆအနေအထားဖြစ်ပြီး နေ့စဉ်နဲ့အမျှစျေးတက်နေတယ်လို့ သိရပါတယ်။ လေကြောင်းသယ်ယူပို့ ဆောင်ခသာမက ဆေးဝါးပစ္စည်းအတွက် အတင်အချခလည်း စျေးတက်သွားသလို တင်ပို့ရတဲ့ကြာချိန်က လည်း ၁၀ ရက်လောက်အထိရှိလာတယ်လို့ ကုန်ပစ္စည်းတင်ပို့သူတွေက ညည်းတွားလာကြပါတယ်။


ဒါတွေရဲ့အစကတော့ တရုတ်ပြည်ကလို့ဆိုရမှာဖြစ်ပြီး အနောက်နိုင်ငံတွေရဲ့ တရုတ်နိုင်ငံမှ တင်ပို့လာတဲ့ Mask ‌တွေကအရည်အသွေးမမီဘူးဆိုတာကနေ စတာပဲဖြစ်ပါတယ်။ တုံ့ပြန်ချက် အနေဖြင့် ယခုအခါ တရုတ်နိုင်ငံမှ တင်ပို့သူများ အနေဖြင့် ဆးဘက်ဆိုင်ရာစက်ပစ္စည်းထုတ်ကုန်မှတ်ပုံတင်လက်မှတ်ရှိရမှာ ဖြစ်တဲ့အပြင် တင်သွင်းနိုင်ငံ၏ အရည်အသွေးစံနှုန်းများနှင့် ကိုက်ညီကြောင်းကြေငြာချက် ပေးရမယ်လို့ ပြဋ္ဌာန်းလိုက်ပါတယ်။


တစ်ချို့ Mask ထုတ်စက်ရုံတွေမှာ တင်ပို့လိုင်စင်တွေမရှိပါဘူး။ တရုတ်နိုင်ငံကတင်ပို့သူတွေမှာဆိုရင်လည်း CE certification ရဖို့အတွက် ခက်ခဲနေတာကိုတွေ့ရပါတယ်။ ဒါကိုရဖို့အတွက် ၁နှစ်ကနေ ၃ နှစ်လောက်အထိကြာနိုင်ပါတယ်။ ဒါ့အပြင် တင်ပို့သူတွေအနေနဲ့ PPE တင်ပို့ခွင့်လိုင်စင်လိုပါတယ်။ ဒါကြောင့် Mask ထုတ်ရာကနေ အသုံးပြုသူတွေထံရောက်ဖို့အတွက် ကုမ္ပဏီ ၂ ခုကနေ ၃ ခုလောက်အထိပါဝင်ပတ်သက် နေပါတယ်။ တင်ပို့ရခက်လာတာနဲ့အမျှ အဆိုပါပစ္စည်းတွေကိုရွေ့ပြောင်းရတဲ့ စရိတ်ကပိုပိုများလာမှာပဲဖြစ်ပါတယ်။


နောက်ထပ်ပြဿနာတစ်ခုကတော့ တရုတ်စျေးကွက်မှာ Mask တွေကပိုလျှံနေတာပါ။ တစ်ဆင့်ပြန်လည်ရောင်း ချဖို့လည်းခက်ပါတယ်။ ဒါတွေက ၁၀တန်ကိုမှ ဒေါ်လာ ၁၀,၀၀၀ လောက်ပဲပေးရပါတယ်။ ဒါပေမယ့် အသုံးပြု တဲ့သူတွေ (အများအားဖြင့် အစိုးတွေထံ)ကိုရောက်တဲ့အခါမှာ ၁၀တန်အတွက် ဒေါ်လာ ၁၂၀,၀၀၀ လောက်အထိ ပေးချေနေရခြင်းဖြစ်တယ်လို့ တင်ပို့သူတစ်ဦးကဆိုခဲ့ပါတယ်။


ယခုလိုစျေးတောင်းရကောင်းလာတာကြောင့် အချို့သောလေကြောင်းလိုင်းတွေမှာတော့ ခရီးသည်တင်လေ ယာဉ်တွေကို ကုန်တင်လေယာဉ်အဖြစ်အသွင်ပြောင်းလုပ်ဆောင်ဖို့ အသင့်လုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။ ခရီးစဉ် မပြေးဆွဲရတာကြောင့် ရပ်နားထားရတဲ လေယာဉ်တွေကို ဝင်ငွေရပေါက်ရလမ်း ရှာကြရတာ ဖြစ်ပါတယ်။

စင်းလုံးငှားလေယာဉ်ဖြင့် တင်ပို့မယ်ဆိုရင်တော့ တစ်စီးစာ တန်ချိန် ၄၀ မှ ၅၀ အထိ တစ်စုတစ်စည်းတည်း တင်ပို့နိုင်ဖို့ လိုပြီး တန်ဆာခက တစ်ကီလိုကို အမေရိကန်ဒေါ်လာ၆ မှ ၇ အတွင်း ကျသင့်မှာ ဖြစ်ပါတယ်။

89597769_1658912260917480_4377376590149976064_n_1.png

Zawgyi


ဗိုင္းရပ္စ္အခက္က ေလေၾကာင္းလိုင္းအတြက္အျမတ္ႀကီးစားဖို႔ အခ်က္ေလလား ……

ကုန္တင္ေလေၾကာင္းလိုင္းအခ်ိဳ႕အေနနဲ႔ ကိုဗစ္ကာလမွာ ေဆးဝါးပစၥည္းေတြသယ္ပို႔မႈအတြက္ ၂ ဆခန႔္ ပိုမိုေတာင္းခံေနတာက အျမတ္ႀကီးစားေတြပဲျဖစ္ပါတယ္လို႔ ကုန္ပစၥည္းတင္ပို႔သူမ်ားက ရည္ၫႊန္းေျပာ ဆိုလိုက္ပါတယ္။


နဂိုပုံမွန္မွာဆိုရင္ ေလေၾကာင္းလိုင္းျဖင့္ေဆးဝါးပစၥည္းသယ္ပို႔ပါက ၁ကီလိုဂရမ္ကို ၆ ေဒၚလာမွ ၇ ေဒၚလာ ထိသာေပးရေသာ္လည္း ယခုအခါတြင္ ၁၃ ေဒၚလာအထိေပးေခ်ေနရပါတယ္။ ဒါကပုံမွန္ ထက္ ၂ဆအေနအထားျဖစ္ၿပီး ေန႔စဥ္နဲ႔အမွ်ေစ်းတက္ေနတယ္လို႔ သိရပါတယ္။ ေလေၾကာင္းသယ္ယူပို႔ ေဆာင္ခသာမက ေဆးဝါးပစၥည္းအတြက္ အတင္အခ်ခလည္း ေစ်းတက္သြားသလို တင္ပို႔ရတဲ့ၾကာခ်ိန္က လည္း ၁၀ ရက္ေလာက္အထိရွိလာတယ္လို႔ ကုန္ပစၥည္းတင္ပို႔သူေတြက ညည္းတြားလာၾကပါတယ္။


ဒါေတြရဲ႕အစကေတာ့ တ႐ုတ္ျပည္ကလို႔ဆိုရမွာျဖစ္ၿပီး အေနာက္ႏိုင္ငံေတြရဲ႕ တ႐ုတ္ႏိုင္ငံမွ တင္ပို႔လာတဲ့ Mask ‌ေတြကအရည္အေသြးမမီဘူးဆိုတာကေန စတာပဲျဖစ္ပါတယ္။ တုံ႔ျပန္ခ်က္ အေနျဖင့္ ယခုအခါ တ႐ုတ္ႏိုင္ငံမွ တင္ပို႔သူမ်ား အေနျဖင့္ ဆးဘက္ဆိုင္ရာစက္ပစၥည္းထုတ္ကုန္မွတ္ပုံတင္လက္မွတ္ရွိရမွာ ျဖစ္တဲ့အျပင္ တင္သြင္းႏိုင္ငံ၏ အရည္အေသြးစံႏႈန္းမ်ားႏွင့္ ကိုက္ညီေၾကာင္းေၾကျငာခ်က္ ေပးရမယ္လို႔ ျပ႒ာန္းလိုက္ပါတယ္။


တစ္ခ်ိဳ႕ Mask ထုတ္စက္႐ုံေတြမွာ တင္ပို႔လိုင္စင္ေတြမရွိပါဘူး။ တ႐ုတ္ႏိုင္ငံကတင္ပို႔သူေတြမွာဆိုရင္လည္း CE certification ရဖို႔အတြက္ ခက္ခဲေနတာကိုေတြ႕ရပါတယ္။ ဒါကိုရဖို႔အတြက္ ၁ႏွစ္ကေန ၃ ႏွစ္ေလာက္အထိၾကာႏိုင္ပါတယ္။ ဒါ့အျပင္ တင္ပို႔သူေတြအေနနဲ႔ PPE တင္ပို႔ခြင့္လိုင္စင္လိုပါတယ္။ ဒါေၾကာင့္ Mask ထုတ္ရာကေန အသုံးျပဳသူေတြထံေရာက္ဖို႔အတြက္ ကုမၸဏီ ၂ ခုကေန ၃ ခုေလာက္အထိပါဝင္ပတ္သက္ ေနပါတယ္။ တင္ပို႔ရခက္လာတာနဲ႔အမွ် အဆိုပါပစၥည္းေတြကိုေ႐ြ႕ေျပာင္းရတဲ့ စရိတ္ကပိုပိုမ်ားလာမွာပဲျဖစ္ပါတယ္။


ေနာက္ထပ္ျပႆနာတစ္ခုကေတာ့ တ႐ုတ္ေစ်းကြက္မွာ Mask ေတြကပိုလွ်ံေနတာပါ။ တစ္ဆင့္ျပန္လည္ေရာင္း ခ်ဖို႔လည္းခက္ပါတယ္။ ဒါေတြက ၁၀တန္ကိုမွ ေဒၚလာ ၁၀,၀၀၀ ေလာက္ပဲေပးရပါတယ္။ ဒါေပမယ့္ အသုံးျပဳ တဲ့သူေတြ (အမ်ားအားျဖင့္ အစိုးေတြထံ)ကိုေရာက္တဲ့အခါမွာ ၁၀တန္အတြက္ ေဒၚလာ ၁၂၀,၀၀၀ ေလာက္အထိ ေပးေခ်ေနရျခင္းျဖစ္တယ္လို႔ တင္ပို႔သူတစ္ဦးကဆိုခဲ့ပါတယ္။


ယခုလိုေစ်းေတာင္းရေကာင္းလာတာေၾကာင့္ အခ်ိဳ႕ေသာေလေၾကာင္းလိုင္းေတြမွာေတာ့ ခရီးသည္တင္ေလ ယာဥ္ေတြကို ကုန္တင္ေလယာဥ္အျဖစ္အသြင္ေျပာင္းလုပ္ေဆာင္ဖို႔ အသင့္လုပ္ေဆာင္ေနၾကတာကို ေတြ႕ရပါတယ္။ ခရီးစဥ္ မေျပးဆြဲရတာေၾကာင့္ ရပ္နားထားရတဲ ေလယာဥ္ေတြကို ဝင္ေငြရေပါက္ရလမ္း ရွာၾကရတာ ျဖစ္ပါတယ္။

 

စင္းလုံးငွားေလယာဥ္ျဖင့္ တင္ပို႔မယ္ဆိုရင္ေတာ့ တစ္စီးစာ တန္ခ်ိန္ ၄၀ မွ ၅၀ အထိ တစ္စုတစ္စည္းတည္း တင္ပို႔ႏိုင္ဖို႔ လိုၿပီး တန္ဆာခက တစ္ကီလိုကို အေမရိကန္ေဒၚလာ၆ မွ ၇ အတြင္း က်သင့္မွာ ျဖစ္ပါတယ္။

Source - theloadstar.com

Transportation Services သယ်ယူပို့ဆောင်ရေးလုပ်ငန်းပေါင်း ၇၉၀ ကိုရှာရန်နှိပ်ပါ

Read times
Rate this item
(0 votes)