Export & Import

တရုတ် မူဆယ်နယ်စပ်ဂိတ်ခြောက်ခုတွင် လူဝင်ထွက်ခွင့် ယာယီပိတ်လိုက်ပြီး ဂိတ်နှစ်ခုမှသော ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့်ပြုထား

တရုတ် မူဆယ်နယ်စပ်ဂိတ်ခြောက်ခုတွင် လူဝင်ထွက်ခွင့် ယာယီပိတ်လိုက်ပြီး ဂိတ်နှစ်ခုမှသော ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့်ပြုထား google

မူဆယ် ဧပြီ ၄ မူဆယ်ခရိုင်အတွင်းရှိ မြန်မာ-တရုတ် နယ်စပ်ဂိတ်ခြောက်ခုတွင် လူဝင်ထွက်ခွင့်ကို တရုတ်နိုင်ငံဘက်မှ ယာယီပိတ်လိုက်ပြီး ဂိတ်ခြောက်ခုရှိသည့်အနက် ဂိတ်နှစ်ခုမှသော ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ပြုထားကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယ ဥက္ကဋ္ဌ ဦးမင်းသိန်းက ဧပြီ ၃ ရက်တွင် ပြောကြားခဲ့ပါတယ်။

 

တရုတ်နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးအတွက် နယ်စပ်ဒေသ စီမံခန့်ခွဲရေးကို ကင်းကျပ်စွာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ နယ်စပ်ဒေသ၌ မလိုလားအပ်သော အဝင်အထွက်ကို တင်းကျပ်စွာ ထိန်းချုပ်ပြီး နယ်စပ်ဂိတ်နှင့် နယ်စပ် ဒေသခံများအတွက် ခရီးသည် အဝင်အထွက် လမ်းကြောင်းကိုပါ ဧပြီ ၁ ရက်မှစ၍ ယာယီပိတ်လိုက် ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

"ဧပြီ ၁ ရက်ကတည်းက လူဝင် လူထွက် စပိတ်လိုက်တယ်။ ဒါပေမယ့် ကုန်ကားတွေကိုတော့ မန့်ဝိန်းဂိတ်နဲ့ ကျိန်စန်းဂိတ်ကနေ ဝင်ထွက်ခွင့်ပြုထားတယ်။ ကားတစ်စီးကိုဒရိုင်ဘာတစ်ယောက်ပဲ သွားလို့ရတယ်၊ စပါယ်ယာတောင် လိုက်လို့မရဘူး၊ ကုန်သွယ်မှုတော့ လုပ်လို့ရပါတယ်၊ ဆန်တို့ ဆန်ကွဲတို့ ပဲမျိုးစုံတို့ကတော့ သွားတယ်။ အဝင်အထွက် ရှိပါတယ်"ဟု ဦးမင်းသိန်းက ပြောကြားချက်အရသိရပါတယ်။

 

“ တရုတ်နိုင်ငံအနေဖြင့် ဧပြီ ၁ ရက်မှစ၍ မူဆယ် ခရိုင်နှင့် ထိဆက်လျက်ရှိသော ဂိတ်ပေါက်များဖြစ်သည့် မန့်ဝိန်းဂိတ်၊ ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်၊ကျိန်စန်းကျော့ဂိတ်၊ ပန်ဆိုင်း(ကြူကုတ်)ဂိတ်နှင့် မန့်ဟီးရိုးဂိတ်တို့မှတစ်ဆင့် တရုတ်နိုင်ငံနှင့် မြန်မာ နိုင်ငံကြား လူဝင်လူထွက်ကို ခွင့်မပြုတော့ဘဲ ကုန်
တင်ယာဉ်များကိုလည်း မန့်ဝိန်းဂိတ်နှင့် ကျိန်စန်း ၊ ဂျော့ဂိတ် နှစ်ခုမှသာ အဝင်အထွက် ဆက်လက် ခွင့်ပြုထားခဲ့ပါတယ်။

 

ဂိတ်ခြောက်ခုအနက် နှစ်ခုသော ဖွင့်၍ ကုန်တင်ယာဉ်များ ဝင်ထွက်ခွင့်ပြုခြင်းကြောင့် ဧပြီ ၁ ရက်မှစ၍ ကုန်သွယ်မှု အခြေအနေမှာ ယခင် ၁၀၀ ရာခိုင် ၊ နှုန်း ရှိရာမှ ၂၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားပြီး ၇၅
ရာခိုင်နှုန်းခန့်သာရှိတော့ကြောင်း မူဆယ် ဆန်စပါး ကုန်စည်ဒိုင်မှတဆင့် သိခဲ့ရခြင်းဖြစ်ပါတယ်။

 

လက်ရှိတွင် ကုန်သွယ်မှုအတွက် ဖွင့်ထားသော မန့်ဝိန်းဂိတ်နှင့် ကျိန်စန်းလျော့ဂိတ်တို့မှ တစ်ရက် လျှင် ဖရဲနှင့် သခွားမွှေးကား အစီးရေ ၄၀၀ ခန့်နှင့် ဆန်၊ ဆန်ကွဲနှင့် ပဲမျိုးစုံ ကားအစီးရေ ၂၀၀ ကျော် တင်ပို့လျက်ရှိကြောင်း၊ နယ်စပ်ဂိတ်များတွင် လူဝင် လူထွက်များကို တင်းကျပ်စွာ ထိန်းချုပ်ထားသော
ကြောင့် တရုတ်ဝယ်လက်များနှင့် မြန်မာဘက်မှ ကုန်သည်များအနေဖြင့် ဖုန်းဖြင့်သာ ဆက်သွယ်၍ အရောင်းအဝယ်လုပ်နေရကြောင်း ဦးမင်းသိန်းထံမှ သိရပါတယ်။မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး တွင် နယ်စပ်ကုန်သွယ်ရေးစခန်း လေးခု ဖွင့်လှစ် ထားပြီး ယင်းတို့မှာ ရှမ်းပြည်နယ်တွင် မူဆယ်နှင့် ချင်းရွှေဟော်၊ ကချင်ပြည်နယ်တွင် ကန်ပိုက်တီးနှင့် လွယ်ဂျယ်တို့ဖြစ်ကာ မူဆယ် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းသည် ကုန်သွယ်မှုပမာဏ အများဆုံး ဖြစ်ကြောင်း သိရပါတယ်။

 

89597769_1658912260917480_4377376590149976064_n_1.png

 

<<<Zawgyi>>>

 

တရုတ္ မူဆယ္နယ္စပ္ဂိတ္ေျခာက္ခုတြင္ လူဝင္ထြက္ခြင့္ ယာယီပိတ္လိုက္ျပီး ဂိတ္ႏွစ္ခုမွေသာ ကုန္တင္ယာဥ္မ်ား ျဖတ္သန္းခြင့္ျပဳထား

 

မူဆယ္ ဧၿပီ ၄ မူဆယ္ခ႐ိုင္အတြင္းရွိ ျမန္မာ-တ႐ုတ္ နယ္စပ္ဂိတ္ေျခာက္ခုတြင္ လူဝင္ထြက္ခြင့္ကို တ႐ုတ္ႏိုင္ငံဘက္မွ ယာယီပိတ္လိုက္ၿပီး ဂိတ္ေျခာက္ခုရွိသည့္အနက္ ဂိတ္ႏွစ္ခုမွေသာ ကုန္တင္ယာဥ္မ်ား ျဖတ္သန္းခြင့္ ျပဳထားေၾကာင္း မူဆယ္ဆန္စပါးကုန္စည္ဒိုင္ ဒုတိယ ဥကၠ႒ ဦးမင္းသိန္းက ဧၿပီ ၃ ရက္တြင္ ေျပာၾကားခဲ့ပါတယ္။

 

တ႐ုတ္ႏိုင္ငံအေနျဖင့္ ကိုဗစ္-၁၉ ကာကြယ္ ထိန္းခ်ဳပ္ေရးအတြက္ နယ္စပ္ေဒသ စီမံခန႔္ခြဲေရးကို ကင္းက်ပ္စြာ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း၊ သို႔ျဖစ္၍ နယ္စပ္ေဒသ၌ မလိုလားအပ္ေသာ အဝင္အထြက္ကို တင္းက်ပ္စြာ ထိန္းခ်ဳပ္ၿပီး နယ္စပ္ဂိတ္ႏွင့္ နယ္စပ္ ေဒသခံမ်ားအတြက္ ခရီးသည္ အဝင္အထြက္ လမ္းေၾကာင္းကိုပါ ဧၿပီ ၁ ရက္မွစ၍ ယာယီပိတ္လိုက္ ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

 

"ဧၿပီ ၁ ရက္ကတည္းက လူဝင္ လူထြက္ စပိတ္လိုက္တယ္။ ဒါေပမယ့္ ကုန္ကားေတြကိုေတာ့ မန႔္ဝိန္းဂိတ္နဲ႔ က်ိန္စန္းဂိတ္ကေန ဝင္ထြက္ခြင့္ျပဳထားတယ္။ ကားတစ္စီးကိုဒ႐ိုင္ဘာတစ္ေယာက္ပဲ သြားလို႔ရတယ္၊ စပါယ္ယာေတာင္ လိုက္လို႔မရဘူး၊ ကုန္သြယ္မႈေတာ့ လုပ္လို႔ရပါတယ္၊ ဆန္တို႔ ဆန္ကြဲတို႔ ပဲမ်ိဳးစုံတို႔ကေတာ့ သြားတယ္။ အဝင္အထြက္ ရွိပါတယ္"ဟု ဦးမင္းသိန္းက ေျပာႀကားခ်က္အရသိရပါတယ္။

 

“ တ႐ုတ္ႏိုင္ငံအေနျဖင့္ ဧၿပီ ၁ ရက္မွစ၍ မူဆယ္ ခ႐ိုင္ႏွင့္ ထိဆက္လ်က္ရွိေသာ ဂိတ္ေပါက္မ်ားျဖစ္သည့္ မန႔္ဝိန္းဂိတ္၊ ဆင္ျဖဴဂိတ္၊ နန္းေတာ္ဂိတ္၊က်ိန္စန္းေက်ာ့ဂိတ္၊ ပန္ဆိုင္း(ၾကဴကုတ္)ဂိတ္ႏွင့္ မန႔္ဟီး႐ိုးဂိတ္တို႔မွတစ္ဆင့္ တ႐ုတ္ႏိုင္ငံႏွင့္ ျမန္မာ ႏိုင္ငံၾကား လူဝင္လူထြက္ကို ခြင့္မျပဳေတာ့ဘဲ ကုန္တင္ယာဥ္မ်ားကိုလည္း မန႔္ဝိန္းဂိတ္ႏွင့္ က်ိန္စန္း ၊ ေဂ်ာ့ဂိတ္ ႏွစ္ခုမွသာ အဝင္အထြက္ ဆက္လက္ ခြင့္ျပဳထားခဲ့ပါတယ္။

 

ဂိတ္ေျခာက္ခုအနက္ ႏွစ္ခုေသာ ဖြင့္၍ ကုန္တင္ယာဥ္မ်ား ဝင္ထြက္ခြင့္ျပဳျခင္းေၾကာင့္ ဧၿပီ ၁ ရက္မွစ၍ ကုန္သြယ္မႈ အေျခအေနမွာ ယခင္ ၁၀၀ ရာခိုင္ ၊ ႏႈန္း ရွိရာမွ ၂၅ ရာခိုင္ႏႈန္းခန႔္ က်ဆင္းသြားၿပီး ၇၅ရာခိုင္ႏႈန္းခန႔္သာရွိေတာ့ေၾကာင္း မူဆယ္ ဆန္စပါး ကုန္စည္ဒိုင္မွတဆင့္ သိခဲ့ရျခင္းျဖစ္ပါတယ္။

 

လက္ရွိတြင္ ကုန္သြယ္မႈအတြက္ ဖြင့္ထားေသာ မန႔္ဝိန္းဂိတ္ႏွင့္ က်ိန္စန္းေလ်ာ့ဂိတ္တို႔မွ တစ္ရက္ လွ်င္ ဖရဲႏွင့္ သခြားေမႊးကား အစီးေရ ၄၀၀ ခန႔္ႏွင့္ ဆန္၊ ဆန္ကြဲႏွင့္ ပဲမ်ိဳးစုံ ကားအစီးေရ ၂၀၀ ေက်ာ္ တင္ပို႔လ်က္ရွိေၾကာင္း၊ နယ္စပ္ဂိတ္မ်ားတြင္ လူဝင္ လူထြက္မ်ားကို တင္းက်ပ္စြာ ထိန္းခ်ဳပ္ထားေသာေၾကာင့္ တ႐ုတ္ဝယ္လက္မ်ားႏွင့္ ျမန္မာဘက္မွ ကုန္သည္မ်ားအေနျဖင့္ ဖုန္းျဖင့္သာ ဆက္သြယ္၍ အေရာင္းအဝယ္လုပ္ေနရေၾကာင္း ဦးမင္းသိန္းထံမွ သိရပါတယ္။

 

ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံ နယ္စပ္ကုန္သြယ္ေရး တြင္ နယ္စပ္ကုန္သြယ္ေရးစခန္း ေလးခု ဖြင့္လွစ္ ထားၿပီး ယင္းတို႔မွာ ရွမ္းျပည္နယ္တြင္ မူဆယ္ႏွင့္ ခ်င္းေ႐ႊေဟာ္၊ ကခ်င္ျပည္နယ္တြင္ ကန္ပိုက္တီးႏွင့္ လြယ္ဂ်ယ္တို႔ျဖစ္ကာ မူဆယ္ နယ္စပ္ကုန္သြယ္မႈ လမ္းေၾကာင္းသည္ ကုန္သြယ္မႈပမာဏ အမ်ားဆုံး ျဖစ္ေၾကာင္း သိရပါတယ္။

 

ၿငိမ္းၿငိမ္း

 

Read times
Rate this item
(0 votes)