Export & Import

ကိုဗစ်က ဗီယက်နမ် ထောက်ပံ့ရေးကွင်းဆက်ကို ချိုးဖျက်၊ Freight forwarder များ အခက်ကြုံ

ဗီယက်နမ်မှ ကုန်ပစ္စည်းပို့ဆောင်သူ Freight forwarder များသည် ကိုင်တွယ်ပေးရသည့်

ကုန်ပစ္စည်းပမာဏသည် Coronavirus မတိုင်မီကထက် ၇၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်ကို ကြုံရသည်။ သူတို့၏အဓိကဈေးကွက်များသည် လော့ဒေါင်းချထားသဖြင့် ပိတ်ဆို့ထားဆဲဖြစ်သည်။

ဟိုချီမင်းစီးတီး အခြေစိုက် ထောက်ပံ့ရေးကွင်းဆက်အတိုင်ပင်ခံ CEL ၏ အဆိုအရ ကမ္ဘာသည် စားသုံးသူ ဝယ်လိုအား အကျပ်အတည်းထဲသို့ ဝင်ရောက်နေပြီး ယင်းအကျပ်အတည်းသည် ထောက်ပံ့ရေးကွင်းဆက်များ၏ အပြောင်းအလဲများကို ထာဝရပြောင်းလဲမှု ဖြစ်သွားစေနိုင်သည်။

CEL ၏ စီမံခန့်ခွဲမှုမှ Julien Brun က“အမေရိကန်မှ စားသုံးသူတွေဟာ ရှူးဖိနပ်၊ ဖုန်း၊ အဝတ်အစား၊ ကား စတာတွေအတွက် အသုံးရိတ်တွေကို ချွေတာနေကြတယ်”
ဟု ပြောသည်။ “အဲဒီပစ္စည်းတွေထဲမှာ အများစုကို အာရှမှာထုတ်လုပ်ကြပြီး ဗီယက်နမ်မှာ ထုတ်လုပ်တာ အတာ်များများပါတယ်” ဟု သူက ပြောသည်။

Julien Brun က ပြောကြားရာတွင် တိုင်းပြည်၏ ပို့ကုန်တင်ပို့သူများသည် ဥရောပနှင့်အမေရိကန်မှ အမှာစာများ ဖျက်သိမ်းကြသည်ကို နေ့စဉ် ကြုံနေရသည်။ တင်ပို့သည့် ပမာဏ လျော့ကျလာနေသည်ကို Freight forwarder များ ကြုံနေရသည်။ ပထမသုံးလပတ်တွင် ဗီယက်နမ်၏ တင်ပို့မှုမှာ ၂၁ ရာခိုင်နှုန်းကျဆင်းမည်ဟု ခန့်မှန်းရသည်

တရုတ်နှင့်နယ်စပ် လော့ဒေါင်းပိတ်ဆို့မှုများကြောင့် နယ်စပ်ဖြတ်ကျော်ကုန်စည်ပို့ဆောင်ရေး နှောင့်နှေးမှုများအပြင် ကမ္ဘောဒီးယား နယ်စပ်တွင်လည်း လော့ဒေါင်းချထားသဖြင့် ကုန်သွယ်ရေး ရပ်ဆိုင်းနေသည်။ သို့ဖြစ်ရာ ဗီယက်နမ်ပြည်တွင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများတွင် ကုန်စည်လျော့ကျနေသည်။ ခရီးသည်တင်လေယာဉ်များဖြင့် ကုန်စည်တင်ပို့နေသည့် စီးကြောင်းသည်လည်း ခရီးသည်လေယာဉ်များ ရပ်ဆိုင်းထားကြရသဖြင့် စီးဆင်းမှု ရပ်တန့်နေသည်။

လက်ရှိဗီယက်နမ်မှ ကုန်တင်လေယာဉ်များဖြင့် တင်ပို့ရောင်းချနေရသည်မှာ ပီပီအီး၊ ဆာဂျစ်ကယ်မတ်စ် အစရှိသော ဆေးဘက်ဆိုင်ရာပစ္စည်းများသည် အများစု ဖြစ်သည်။ အခြားကုန်စည်များ လေကြောင်းဖြင့် တင်ပို့ရန်အတွက် လေယာဉ်တန်ဆာခများ မြင့်တက်နေသဖြင့် international forwarder များ အခက်ကြုံနေကြသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါသည် ဇန်နဝါရီလ၌ Wuhan တွင်စတင်သောအခါ အကျပ်အတည်းသည ်ထောက်ပံ့ရေးကွင်းဆက်၏ရှုထောင့်မှကြည့်လျှင် တရုတ်၏သီးခြားပြဿနာဟုသာ ရှုမြင်ခဲ့ကြသည်။ သို့သော် တရုတ်နိုင်ငံမှ ပစ္စည်းများ ရယူပြီး ထုတ်လုပ်မှု ပြုရသော ကုန်ထုတ်လုပ်ငန်းများသည် ပစ္စည်းပြတ်လပ်သဖြင့် လုပ်ငန်းများ ရပ်ထားကြရသည်။
နိုင်ငံတကာလုပ်ငန်းများအနေဖြင့် ယခုကိုဗစ် အတွေ့အကြုံမှ သင်ခန်းစာရယူပြီး ဒေသခံလုပ်ငန်းများထံမှ ကုန်ကြမ်းများ ရယူနိုင်မည့် နည်းလမ်းများကို ကြံဆလုပ်ကိုင်ကြဖွယ်ရာ ရှိနေသည်။ ထိုသို့ဆိုပါက ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍအနေဖြင့် ဝေးဝေးလံလံ သယ်ပို့ရခြင်း လျော့ကျသွားမည်ဖြစ်သည်။ ထိုအပြောင်းအလဲသည် international forwarder များအပါအဝင် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ တစ်ရပ်လုံးအပေါ် ထိခိုက်လိမ့်မည် ဖြစ်သည်။ ထို့ပြင် ပြည်ပပို့ကုန် အပြီးအပိုင်း ဆုံးရှုံးသည် အဖြစ်ကို ကြုံရမည် ဖြစ်သည်ဟု Julien Brun က သုံးသပ်ပြသည်။

 ZAWGYI

ကိုဗစ္က ဗီယက္နမ္ ေထာက္ပံ့ေရးကြင္းဆက္ကို ခ်ိဳးဖ်က္၊ Freight forwarder မ်ာ; အခက္ၾကံဳ

ဗီယက္နမ္မွ ကုန္ပစၥည္းပို႔ေဆာင္သူ Freight forwarder မ်ားသည္ ကိုင္တြယ္ေပးရသည့္ ကုန္ပစၥည္းပမာဏသည္ Coronavirus မတိုင္မီကထက္ ၇၀ ရာခိုင္ႏႈန္းအထိ က်ဆင္းသြားသည္ကို ၾကံဳရသည္။ သူတို႔၏အဓိကေစ်းကြက္မ်ားသည္ ေလာ့ေဒါင္းခ်ထားသျဖင့္ ပိတ္ဆို႔ထားဆဲျဖစ္သည္။

ဟိုခ်ီမင္းစီးတီး အေျခစိုက္ ေထာက္ပံ့ေရးကြင္းဆက္အတိုင္ပင္ခံ CEL ၏ အဆိုအရ ကမာၻသည္ စားသုံးသူ ဝယ္လိုအား အက်ပ္အတည္းထဲသို႔ ၀င္ေရာက္ေနၿပီး ယင္းအက်ပ္အတည္းသည္ ေထာက္ပံ့ေရးကြင္းဆက္မ်ား၏ အေျပာင္းအလဲမ်ားကို ထာဝရေျပာင္းလဲမႈ ျဖစ္သြားေစႏိုင္သည္။

CEL ၏ စီမံခန႔္ခြဲမႈမွ Julien Brun က“အေမရိကန္မွ စားသုံးသူေတြဟာ ရွဴးဖိနပ္၊ ဖုန္း၊ အဝတ္အစား၊ ကား စတာေတြအတြက္ အသုံးရိတ္ေတြကို ေခၽြတာေနၾကတယ္”
ဟု ေျပာသည္။ “အဲဒီပစၥည္းေတြထဲမွာ အမ်ားစုကို အာရွမွာထုတ္လုပ္ၾကၿပီး ဗီယက္နမ္မွာ ထုတ္လုပ္တာ အတာ္မ်ားမ်ားပါတယ္” ဟု သူက ေျပာသည္။

Julien Brun က ေျပာၾကားရာတြင္ တိုင္းျပည္၏ ပို႔ကုန္တင္ပို႔သူမ်ားသည္ ဥေရာပႏွင့္အေမရိကန္မွ အမွာစာမ်ား ဖ်က္သိမ္းၾကသည္ကို ေန႔စဥ္ ၾကံဳေနရသည္။ တင္ပို႔သည့္ ပမာဏ ေလ်ာ့က်လာေနသည္ကို Freight forwarder မ်ား ၾကံဳေနရသည္။ ပထမသုံးလပတ္တြင္ ဗီယက္နမ္၏ တင္ပို႔မႈမွာ ၂၁ ရာခိုင္ႏႈန္းက်ဆင္းမည္ဟု ခန႔္မွန္းရသည္

တ႐ုတ္ႏွင့္နယ္စပ္ ေလာ့ေဒါင္းပိတ္ဆို႔မႈမ်ားေၾကာင့္ နယ္စပ္ျဖတ္ေက်ာ္ကုန္စည္ပို႔ေဆာင္ေရး ေႏွာင့္ေႏွးမႈမ်ားအျပင္ ကေမာၻဒီးယား နယ္စပ္တြင္လည္း ေလာ့ေဒါင္းခ်ထားသျဖင့္ ကုန္သြယ္ေရး ရပ္ဆိုင္းေနသည္။ သို႔ျဖစ္ရာ ဗီယက္နမ္ျပည္တြင္း ကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္းမ်ားတြင္ ကုန္စည္ေလ်ာ့က်ေနသည္။ ခရီးသည္တင္ေလယာဥ္မ်ားျဖင့္ ကုန္စည္တင္ပို႔ေနသည့္ စီးေၾကာင္းသည္လည္း ခရီးသည္ေလယာဥ္မ်ား ရပ္ဆိုင္းထားၾကရသျဖင့္ စီးဆင္းမႈ ရပ္တန္႔ေနသည္။

လက္ရွိဗီယက္နမ္မွ ကုန္တင္ေလယာဥ္မ်ားျဖင့္ တင္ပို႔ေရာင္းခ်ေနရသည္မွာ ပီပီအီး၊ ဆာဂ်စ္ကယ္မတ္စ္ အစရွိေသာ ေဆးဘက္ဆိုင္ရာပစၥည္းမ်ားသည္ အမ်ားစု ျဖစ္သည္။ အျခားကုန္စည္မ်ား ေလေၾကာင္းျဖင့္ တင္ပို႔ရန္အတြက္ ေလယာဥ္တန္ဆာခမ်ား ျမင့္တက္ေနသျဖင့္ international forwarder မ်ား အခက္ၾကံဳေနၾကသည္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါသည္ ဇန္နဝါရီလ၌ Wuhan တြင္စတင္ေသာအခါ အက်ပ္အတည္းသည ္ေထာက္ပံ့ေရးကြင္းဆက္၏ရႈေထာင့္မွၾကည့္လွ်င္ တ႐ုတ္၏သီးျခားျပႆနာဟုသာ ရႈျမင္ခဲ့ၾကသည္။ သို႔ေသာ္ တ႐ုတ္ႏိုင္ငံမွ ပစၥည္းမ်ား ရယူၿပီး ထုတ္လုပ္မႈ ျပဳရေသာ ကုန္ထုတ္လုပ္ငန္းမ်ားသည္ ပစၥည္းျပတ္လပ္သျဖင့္ လုပ္ငန္းမ်ား ရပ္ထားၾကရသည္။
ႏိုင္ငံတကာလုပ္ငန္းမ်ားအေနျဖင့္ ယခုကိုဗစ္ အေတြ႕အၾကံဳမွ သင္ခန္းစာရယူၿပီး ေဒသခံလုပ္ငန္းမ်ားထံမွ ကုန္ၾကမ္းမ်ား ရယူႏိုင္မည့္ နည္းလမ္းမ်ားကို ၾကံဆလုပ္ကိုင္ၾကဖြယ္ရာ ရွိေနသည္။ ထိုသို႔ဆိုပါက ေထာက္ပံ့ပို႔ေဆာင္ေရးက႑အေနျဖင့္ ေ၀းေ၀းလံလံ သယ္ပို႔ရျခင္း ေလ်ာ့က်သြားမည္ျဖစ္သည္။ ထိုအေျပာင္းအလဲသည္ international forwarder မ်ားအပါအ၀င္ ေထာက္ပံ့ပို႔ေဆာင္ေရးက႑ တစ္ရပ္လုံးအေပၚ ထိခိုက္လိမ့္မည္ ျဖစ္သည္။ ထို႔ျပင္ ျပည္ပပို႔ကုန္ အၿပီးအပိုင္း ဆုံးရႈံးသည္ အျဖစ္ကို ၾကံဳရမည္ ျဖစ္သည္ဟု Julien Brun က သုံးသပ္ျပသည္။

 

Read times
Rate this item
(0 votes)