Export & Import

အနုတ်လက္ခဏာပြတဲ့အထိ ကျဆင်းသွားရတဲ့ အမေရိကန် ရေနံဈေးကွက်

အနုတ်လက္ခဏာပြတဲ့အထိ ကျဆင်းသွားရတဲ့ အမေရိကန် ရေနံဈေးကွက်

ဧပြီ ၂၀ ရက်မှာတော့ ရေနံဈေးကွက်မှာ မကြုံစဖူးထူးခြားတဲ့ဖြစ်ရပ် ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒါ ကတော့ ရေနံဈေးထိုးကျသွားခြင်းပါပဲ။ ဘယ်လောက်ထိအောင်တောင် ရေနံဈေးကျဆင်း သွားသလဲဆိုရင် တချို့သော ကုန်သည်တွေဟာ သူတို့သိုလှောင်ထားတဲ့ရေနံတွေကို ဝယ်ယူမယ့် ဖောက်သည်ဆီ ရေနံဝယ်ယူခ ပိုက်ဆံပြန်ပေးရမယ့် အခြေအနေမျိုးထိအောင် ရောက်သွားပါ တယ်။

သုညအောက်ထိ ထိုးဆင်းသွား

အမေရိကန်စံဈေးနှုန်း သတ်မှတ်ချက်အရတော့ ရေနံစည်တစ်စည်မှာ အမေရိကန်ဒေါ်လာ ၅ဝ အထိ ကျဆင်းသွားပြီး အဲဒီနောက်မှာတော့ သုညအောက်ထိကို ကျဆင်းသွားပါတယ်။ ဒါဟာ ရေနံဈေးကွက်မှာ ပထမ ဆုံးအကြိမ် အနုတ်လက္ခဏာပြသွားခြင်းပဲ ဖြစ်ပါတယ်။ ကိုဗစ် -၁၉ ကပ်ရောဂါဆိုးကြောင့် တစ်ကမ္ဘာလုံးက စက်ရုံအလုပ်ရုံတွေ ဖရိုဖရဲဖြစ်ကုန်ရပြီး ကမ္ဘာ့စီးပွားရေး ဟာလည်း ကျဆင်းလာရပါတယ်။ ရေနံဝယ်လိုအား ဆိုတာကလည်း မရှိသလောက် ဖြစ်သွားပါတယ်။

သိုလှောင်ထားစရာ နေရာမရှိ

မကြာသေးမီအချိန်ကပဲ ဆော်ဒီအာရေဗီးယား ဦးဆောင်တဲ့ ရေနံရောင်းချသူနိုင်ငံတွေအသင်းနဲ့ ရုရှားဦးဆောင်တဲ့ နိုင်ငံများကြား ရေနံလျှော့ချထုတ်လုပ်ဖို့ သဘောတူညီမှု ရရှိခဲ့ပေမယ့် ရေနံသိုလှောင်ထားစရာ နေရာကို မရှိဖြစ်နေပါတယ်။ တစ်နေ့မှာ ရေနံစည် ပေါင်းသန်း ၁၀ဝထွက်ရှိနေတဲ့အတွက် အဲဒီရေနံတွေကို သိုလှောင်ထားစရာနေရာ အခက်အခဲဖြစ်နေရ ပါတယ်။ အခုနှစ်အစောပိုင်းမှာတော့ ရေနံဈေးနှုန်းဟာ တစ်စည်မှာ ဒေါ်လာ ၆၀ ဈေးပေါက် ခဲ့ပေမယ့် ဧပြီ ၁၇ ရက်မှာတော့ ရေနံတစ်စည်လျှင် ဒေါ်လာ ၂၀ ပဲ ရှိပါတော့တယ်။ တဖြည်းဖြည်းနဲ့ ရေနံဈေးဟာ အနုတ်ပြလာပြီး ရေနံ တစ်စည်ဝယ်ယူမယ့်သူကို ဒေါ်လာ ၃၀ ပြန်ပေးရမယ့် အခြေအနေဖြစ်လာပါတယ်။ မေလအတွက် ကြိုတင်ရောင်းချထားတဲ့ ရေနံတွေ ဟာ ဧပြီ ၂၁ ရက်ဆိုရင် သတ်မှတ်ရက်ထက် ကျော်လွန်သွားပါပြီ။ ထားစရာနေရာ အခက်အခဲကြောင့် ဈေးနှုန်းဟာ အဆမတန် ကျဆင်း လာတာပါပဲ။

ရေနံမဝယ်လိုကြ

ဒါပေမယ့် အခုအချိန်မှာ ဘယ်သူမှ ရေနံမဝယ်ချင်ကြပါဘူး။ ဘာလို့လဲဆိုရင် ဒီရေနံတွေကို သိုလှောင် ထားစရာနေရာ မရှိလို့ပါပဲ။ ဇွန်လအတွက် ရေနံသဘောတူ စာချုပ်မှာတော့ ရေနံ တစ်စည်မှာ အမေရိကန် ဒေါ်လာ ၂၂ ဒေါ်လာ ဈေးရှိပါတယ်။ တကယ်လို့ မင်းသာ ရေနံ ထုတ်လုပ်သူ ဖြစ်မယ်ဆိုရင် အခုအချိန်မှာ ဈေးကွက်ပျောက်နေပါတယ်။ သိုလှောင်ထားစရာ နေရာရှိတယ်ဆိုရင်ကိုပဲ ကံကောင်းလှပါပြီလို့ သတင်းအချက်အလက် ထောက်ပံ့ရေး ကုမ္ပဏီ ဖြစ်တဲ့ HIS မှ ရေနံဈေးကွက် ဝန်ဆောင်ဒုတိယဥက္ကဋ္ဌ အာရွန်ဘရက်ဒီက ပြောပါတယ်။ ရေနံချက်စက်ရုံတွေကလည်း ရေနံကို ဓာတ်ဆီ၊ ဒီဇယ်နဲ့အခြားသော ထုတ်ကုန်တွေအဖြစ် ပြောင်းလဲ ထုတ်လုပ်မပေးလိုပါဘူး။ ဘာလို့လဲဆိုရင် လက်ရှိ အခြေအနေအရ တစ်ကမ္ဘာလုံးဟာ ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် လေကြောင်းခရီးစဉ်ပြေးဆွဲမှုတွေ ရပ်နားထားရပြီး အပြည်ပြည် ဆိုင်ရာ ကုန်သွယ်ရေးကလည်း သိသိသာသာ ကြီး ကျဆင်းနေတဲ့အတွက်ကြောင့် ရေနံချက် စက်ရုံတွေအနေနဲ့လတ်တလောမှာ ဘာမှ မလှုပ်ရှားချင်တာပါ။

အခြေအနေ ဆိုးရွားနေဆဲ

ရေနံလုပ်ငန်းအတွက် အကောင်းဘက်က ခံသာတာ တစ်ခုကတော့ ယနေ့အချိန်အထိ ရေနံ သိုလှောင်ကန်တွေ နေရာကျန်နေသေးတာပါပဲ။ ဇွန်လအတွက် ရေနံကြိုတင် ဝယ်ယူမှုဟာ ရေနံတစ်စည်မှာ အမေရိကန်ဒေါ်လာ ၂၀ ကျော် ဈေးပေါက်ပေမယ့် အန္တရာယ်များတဲ့ အခြေအနေမှာ ရှိနေတုန်းပါပဲ။ ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၃၀ ဒေါ်လာ ဈေးပေါက်ခဲ့ရင်တောင် အခြေအနေက ဆိုးရွားနေဆဲပါပဲ။ ဒီလိုအခြေအနေမှာ ရေနံတစ်စည်မှာ ဒေါ်လာ ၂၀ ဝန်းကျင်ကနေ ၁၀ ဒေါ်လာ ဝန်းကျင်ဆိုရင်တော့ လုံးဝကိုဆိုးရွားတဲ့ အခြေအနေ တစ်ခုပါပဲလို့ ရေနံသုတေသနကုမ္ပဏီဖြစ်တဲ့ Rystad Energy က အကြီးအကဲဖြစ်သူ အာတန်အာဘရာမို့က ပြောပါတယ်။

ဒေဝါလီခံရမယ့် အနေအထား

ရေနံကုမ္ပဏီအများစုဟာ ရေနံဈေးကောင်းတဲ့အချိန် တုန်းကတောင် အကြွေးတွေအများကြီး ရှိနေတဲ့အနေအထားပါ။ အခုလို သမိုင်းဝင်ကြုံတောင့်ကြုံခဲ ဈေးကျဆင်းတဲ့ အခြေအနေ မှာတော့ သူတို့ဆက်လက်ရှင်သန်နိုင်ဖို့ အခက်တွေ့တော့မှာပါ။ ရေနံဈေးဟာ တစ်စည်မှာ ဒေါ်လာ ၂၀ ဝန်းကျင်ဆိုရင် ၂၀၂၁ နှစ်ကုန်ပိုင်းရောက်ရင်တော့ အမေ ရိကန် ရေနံရှာဖွေရေးနဲ့ ထုတ်လုပ်ရေးကုမ္ပဏီပေါင်း ၅၃၃ ခုဟာ ဒေဝါလီခံရမယ့် အနေအထားဖြစ်နေပါတယ်လို့ Rystad Energy ကပြောပါတယ်။ တကယ်လို့များ ၁၀ ဒေါ်လာ ဝန်းကျင်ဆိုရင်တော့ ရေနံကုမ္ပဏီပေါင်း ၁၁၀၀ ဒေဝါလီ ခံရမယ့် အနေအထားရှိတယ်လို့ ဆက်ပြောပါတယ်။

အချိန်ယူရဦးမယ်

မေလရောက်တဲ့အထိတောင် ရေနံထုတ်လုပ်မှုပြန်စ ဖို့မဖြစ်နိုင်ပါဘူး။ ဂျက်လေယာဉ်တွေ၊ ကားတွေ၊ စက်ရုံတွေဟာလည်း ကိုဗစ်-၁၉ ကြောင့် ဘာမှဆက်လုပ်လို့မရဘဲ ရပ်နားထား ရပါတယ်။ နောက်ပြီး အနာဂတ်မှာ ချုပ်ဆိုထား တဲ့ စာချုပ်တွေကြောင့် ရေနံဈေးဟာ အကျဘက်ကို ပိုပြီးဦးတည်သွားရပါတယ်။ အခုရေနံထုတ်လုပ်သူတွေ အာရုံ စိုက်နေတာ ကလည်း ဇွန်လအတွက် ဈေးကွက်ကိုပဲ ဖြစ်ပါတယ်။ လေယာဉ်တွေ အားလုံးမြေပြင်မှာ ရပ်နားထားရပြီး အပန်းဖြေဖို့အတွက်နဲ့ အလုပ်သွားဖို့အတွက် ကားအသုံးပြုမှုဟာလည်း မရှိသလောက် နည်းပါးနေတာဖြစ်လို့ ရေနံဈေးထိုးကျရတာဟာ အံ့ဩဖွယ်ရာတော့ မကောင်းလှပါဘူး။ တကယ်လို့ စီးပွားရေးတွေ ပြန်လည်စတင်ဖို့ ခွင့်ပြုလိုက်ရင်တောင် မျှော်လင့်ထားတာထက်ပိုပြီး အချိန်ယူရဦးမှာပါပဲ။

ကယ်တင်ဖို့ မစွမ်းသာ

ဆော်ဒီအာရေဗျနဲ့ ရုရှားတို့ကြား ရေနံဈေးတိုက်ပွဲကြောင့်လည်း ရေနံဈေးစတင်ကျဆင်းခဲ့တဲ့ အချက်ထဲမှာ ပါဝင်ပါတယ်။ ဆော်ဒီဦးဆောင်တဲ့ အိုပက်အဖွဲ့နဲ့ ရုရှားဦးဆောင်တဲ့ ရေနံ ထုတ်လုပ်သူနိုင်ငံများကြား သမိုင်းဝင် ရေနံလျှော့ချထုတ်လုပ်ဖို့ သဘောတူညီချက်ရခဲ့ပေမယ့် ဝယ်လိုအား အဆမတန် လျော့ကျနေတဲ့ ရေနံဈေးကွက်ကို ကယ်တင်ဖို့ မစွမ်းသာခဲ့ပါဘူး။ အာရှမှာတော့ တိုကျိုမှာ ၁ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းပြီး ဟောင်ကောင်၊ ဆစ်ဒနီ၊ ဆိုးလ်နဲ့ မနီလာတို့မှာတော့ ၁ ရာခိုင်နှုန်းအောက်ကိုပဲ ကျဆင်းနေပါတယ်။ လူပေါင်း ၂ ဒသမ ၅ သန်းကို ရောဂါ ကူးစက်ခံခဲ့ရပြီး လူပေါင်း ၁၇၀၀၀ဝ ကို သေဆုံးစေခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဆိုး ကြောင့် ရေနံဈေးကို ပိုမိုကျဆင်းစေခဲ့ပါတယ်။ ဒီကပ်ရောဂါဆိုးကြောင့် အချို့ သောနိုင်ငံတွေ ပုံမှန်အခြေအနေပြန်ရောက်ဖို့ အချိန်ယူ ရပါဦးမယ်။

ငွေကြေးဈေးကွက်

ငွေကြေးဈေးကွက်မှာ ကြည့်မယ်ဆိုရင်လည်း ဒေါ်လာတန်ဖိုးကျဆင်းရသလို၊ တောင်ကိုရီးယား ဝမ်၊ ဩစတြေးလျနဲ့ နယူးဇီလန် ဒေါ်လာ၊ ရုရှား ရူဘယ် တန်ဖိုးဟာလည်း ၁ ရာခိုင်နှုန်းကျော် ကျဆင်းရပါတယ်။

ဘယ်အချိန်မှာ စီးပွားရေးပြန်စမလဲ

အခုအချိန်မှာ အားလုံးစိတ်ဝင်စားနေကြတာကတော့ ဘယ်အချိန်လောက်မှာ စီးပွားရေး လုပ်ငန်းတွေ ပြန်စနိုင်မလဲဆိုတာပါပဲ။ ဥရောပမှာ ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှု ဆိုးဆိုး ရွားရွားခံစားရပေမယ့် ဂျာမနီနဲ့နော်ဝေတို့မှာ တော့ ပိတ်ထားတဲ့ အချို့စီးပွားရေးလုပ်ငန်းတွေကို ပြန်ဖွင့်ခွင့် ပေးပါတော့မယ်။ ဂျာမနီမှာ ဈေးဆိုင်အချို့ကို ပြန်ဖွင့်ခွင့်ပေးခဲ့ပြီး နော်ဝေမှာတော့ နေ့ကလေးထိန်း ကျောင်းတွေကို ပြန်ဖွင့်ခွင့်ပေးခဲ့ပါတယ်။ လက်ရှိ ကမ္ဘာပေါ်မှာရှိတဲ့ အစိုးရတွေ အငြင်းပွားနေရတာကတော့ ဘယ်အချိန်မှာ ပိတ်ဆို့ကန့်သတ်မှုတွေကို ပြန်လည် ဖယ်ရှား ပေးမလဲဆိုတာပါပဲ။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူပေါင်း ၄ ဒသမ ၅ ဘီလီယံဟာ နေအိမ် အတွင်းမှာပဲ နေနေရပါတယ်။ ကမ္ဘာ့စီးပွားရေးကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။ ရေနံဈေးကွက် ယိုင်လဲခြင်းနဲ့အတူ အခြားသော စီးပွားရေးလုပ်ငန်းတွေ ဟာလည်း ကိုဗစ်-၁၉ အလွန် ကာလတွေမှာ ရုန်းကန် ရမှာကတော့ အသေအချာပါပဲ။

 

89597769_1658912260917480_4377376590149976064_n_1.png

Zawgyi


အႏုတ္လကၡဏာျပတဲ့အထိ က်ဆင္းသြားရတဲ့ အေမရိကန္ ေရနံေဈးကြက္


ဧၿပီ ၂၀ ရက္မွာေတာ့ ေရနံေဈးကြက္မွာ မႀကဳံစဖူးထူးျခားတဲ့ျဖစ္ရပ္ ျဖစ္ေပၚခဲ့ပါတယ္။ အဲဒါ ကေတာ့ ေရနံေဈးထိုးက်သြားျခင္းပါပဲ။ ဘယ္ေလာက္ထိေအာင္ေတာင္ ေရနံေဈးက်ဆင္း သြားသလဲဆိုရင္ တခ်ိဳ႕ေသာ ကုန္သည္ေတြဟာ သူတို႔သိုေလွာင္ထားတဲ့ေရနံေတြကို ဝယ္ယူမယ့္ ေဖာက္သည္ဆီ ေရနံဝယ္ယူခ ပိုက္ဆံျပန္ေပးရမယ့္ အေျခအေနမ်ိဳးထိေအာင္ ေရာက္သြားပါ တယ္။

သုညေအာက္ထိ ထိုးဆင္းသြား

အေမရိကန္စံေဈးႏႈန္း သတ္မွတ္ခ်က္အရေတာ့ ေရနံစည္တစ္စည္မွာ အေမရိကန္ေဒၚလာ ၅ဝ အထိ က်ဆင္းသြားၿပီး အဲဒီေနာက္မွာေတာ့ သုညေအာက္ထိကို က်ဆင္းသြားပါတယ္။ ဒါဟာ ေရနံေဈးကြက္မွာ ပထမ ဆုံးအႀကိမ္ အႏုတ္လကၡဏာျပသြားျခင္းပဲ ျဖစ္ပါတယ္။ ကိုဗစ္ -၁၉ ကပ္ေရာဂါဆိုးေၾကာင့္ တစ္ကမာၻလုံးက စက္႐ုံအလုပ္႐ုံေတြ ဖ႐ိုဖရဲျဖစ္ကုန္ရၿပီး ကမာၻ႔စီးပြားေရး ဟာလည္း က်ဆင္းလာရပါတယ္။ ေရနံဝယ္လိုအား ဆိုတာကလည္း မရွိသေလာက္ ျဖစ္သြားပါတယ္။

သိုေလွာင္ထားစရာ ေနရာမရွိ

မၾကာေသးမီအခ်ိန္ကပဲ ေဆာ္ဒီအာေရဗီးယား ဦးေဆာင္တဲ့ ေရနံေရာင္းခ်သူႏိုင္ငံေတြအသင္းနဲ႔ ႐ုရွားဦးေဆာင္တဲ့ ႏိုင္ငံမ်ားၾကား ေရနံေလွ်ာ့ခ်ထုတ္လုပ္ဖို႔ သေဘာတူညီမႈ ရရွိခဲ့ေပမယ့္ ေရနံသိုေလွာင္ထားစရာ ေနရာကို မရွိျဖစ္ေနပါတယ္။ တစ္ေန႔မွာ ေရနံစည္ ေပါင္းသန္း ၁၀ဝထြက္ရွိေနတဲ့အတြက္ အဲဒီေရနံေတြကို သိုေလွာင္ထားစရာေနရာ အခက္အခဲျဖစ္ေနရ ပါတယ္။ အခုႏွစ္အေစာပိုင္းမွာေတာ့ ေရနံေဈးႏႈန္းဟာ တစ္စည္မွာ ေဒၚလာ ၆၀ ေဈးေပါက္ ခဲ့ေပမယ့္ ဧၿပီ ၁၇ ရက္မွာေတာ့ ေရနံတစ္စည္လွ်င္ ေဒၚလာ ၂၀ ပဲ ရွိပါေတာ့တယ္။ တျဖည္းျဖည္းနဲ႔ ေရနံေဈးဟာ အႏုတ္ျပလာၿပီး ေရနံ တစ္စည္ဝယ္ယူမယ့္သူကို ေဒၚလာ ၃၀ ျပန္ေပးရမယ့္ အေျခအေနျဖစ္လာပါတယ္။ ေမလအတြက္ ႀကိဳတင္ေရာင္းခ်ထားတဲ့ ေရနံေတြ ဟာ ဧၿပီ ၂၁ ရက္ဆိုရင္ သတ္မွတ္ရက္ထက္ ေက်ာ္လြန္သြားပါၿပီ။ ထားစရာေနရာ အခက္အခဲေၾကာင့္ ေဈးႏႈန္းဟာ အဆမတန္ က်ဆင္း လာတာပါပဲ။

ေရနံမဝယ္လိုၾက

ဒါေပမယ့္ အခုအခ်ိန္မွာ ဘယ္သူမွ ေရနံမဝယ္ခ်င္ၾကပါဘူး။ ဘာလို႔လဲဆိုရင္ ဒီေရနံေတြကို သိုေလွာင္ ထားစရာေနရာ မရွိလို႔ပါပဲ။ ဇြန္လအတြက္ ေရနံသေဘာတူ စာခ်ဳပ္မွာေတာ့ ေရနံ တစ္စည္မွာ အေမရိကန္ ေဒၚလာ ၂၂ ေဒၚလာ ေဈးရွိပါတယ္။ တကယ္လို႔ မင္းသာ ေရနံ ထုတ္လုပ္သူ ျဖစ္မယ္ဆိုရင္ အခုအခ်ိန္မွာ ေဈးကြက္ေပ်ာက္ေနပါတယ္။ သိုေလွာင္ထားစရာ ေနရာရွိတယ္ဆိုရင္ကိုပဲ ကံေကာင္းလွပါၿပီလို႔ သတင္းအခ်က္အလက္ ေထာက္ပံ့ေရး ကုမၸဏီ ျဖစ္တဲ့ HIS မွ ေရနံေဈးကြက္ ဝန္ေဆာင္ဒုတိယဥကၠ႒ အာ႐ြန္ဘရက္ဒီက ေျပာပါတယ္။ ေရနံခ်က္စက္႐ုံေတြကလည္း ေရနံကို ဓာတ္ဆီ၊ ဒီဇယ္နဲ႔အျခားေသာ ထုတ္ကုန္ေတြအျဖစ္ ေျပာင္းလဲ ထုတ္လုပ္မေပးလိုပါဘူး။ ဘာလို႔လဲဆိုရင္ လက္ရွိ အေျခအေနအရ တစ္ကမာၻလုံးဟာ ကိုဗစ္ - ၁၉ ကပ္ေရာဂါေၾကာင့္ ေလေၾကာင္းခရီးစဥ္ေျပးဆြဲမႈေတြ ရပ္နားထားရၿပီး အျပည္ျပည္ ဆိုင္ရာ ကုန္သြယ္ေရးကလည္း သိသိသာသာ ႀကီး က်ဆင္းေနတဲ့အတြက္ေၾကာင့္ ေရနံခ်က္ စက္႐ုံေတြအေနနဲ႔လတ္တေလာမွာ ဘာမွ မလႈပ္ရွားခ်င္တာပါ။

အေျခအေန ဆိုး႐ြားေနဆဲ

ေရနံလုပ္ငန္းအတြက္ အေကာင္းဘက္က ခံသာတာ တစ္ခုကေတာ့ ယေန႔အခ်ိန္အထိ ေရနံ သိုေလွာင္ကန္ေတြ ေနရာက်န္ေနေသးတာပါပဲ။ ဇြန္လအတြက္ ေရနံႀကိဳတင္ ဝယ္ယူမႈဟာ ေရနံတစ္စည္မွာ အေမရိကန္ေဒၚလာ ၂၀ ေက်ာ္ ေဈးေပါက္ေပမယ့္ အႏၲရာယ္မ်ားတဲ့ အေျခအေနမွာ ရွိေနတုန္းပါပဲ။ ေရနံတစ္စည္လွ်င္ အေမရိကန္ေဒၚလာ ၃၀ ေဒၚလာ ေဈးေပါက္ခဲ့ရင္ေတာင္ အေျခအေနက ဆိုး႐ြားေနဆဲပါပဲ။ ဒီလိုအေျခအေနမွာ ေရနံတစ္စည္မွာ ေဒၚလာ ၂၀ ဝန္းက်င္ကေန ၁၀ ေဒၚလာ ဝန္းက်င္ဆိုရင္ေတာ့ လုံးဝကိုဆိုး႐ြားတဲ့ အေျခအေန တစ္ခုပါပဲလို႔ ေရနံသုေတသနကုမၸဏီျဖစ္တဲ့ Rystad Energy က အႀကီးအကဲျဖစ္သူ အာတန္အာဘရာမို႔က ေျပာပါတယ္။

ေဒဝါလီခံရမယ့္ အေနအထား

ေရနံကုမၸဏီအမ်ားစုဟာ ေရနံေဈးေကာင္းတဲ့အခ်ိန္ တုန္းကေတာင္ အေႂကြးေတြအမ်ားႀကီး ရွိေနတဲ့အေနအထားပါ။ အခုလို သမိုင္းဝင္ႀကဳံေတာင့္ႀကဳံခဲ ေဈးက်ဆင္းတဲ့ အေျခအေန မွာေတာ့ သူတို႔ဆက္လက္ရွင္သန္ႏိုင္ဖို႔ အခက္ေတြ႕ေတာ့မွာပါ။ ေရနံေဈးဟာ တစ္စည္မွာ ေဒၚလာ ၂၀ ဝန္းက်င္ဆိုရင္ ၂၀၂၁ ႏွစ္ကုန္ပိုင္းေရာက္ရင္ေတာ့ အေမ ရိကန္ ေရနံရွာေဖြေရးနဲ႔ ထုတ္လုပ္ေရးကုမၸဏီေပါင္း ၅၃၃ ခုဟာ ေဒဝါလီခံရမယ့္ အေနအထားျဖစ္ေနပါတယ္လို႔ Rystad Energy ကေျပာပါတယ္။ တကယ္လို႔မ်ား ၁၀ ေဒၚလာ ဝန္းက်င္ဆိုရင္ေတာ့ ေရနံကုမၸဏီေပါင္း ၁၁၀၀ ေဒဝါလီ ခံရမယ့္ အေနအထားရွိတယ္လို႔ ဆက္ေျပာပါတယ္။

အခ်ိန္ယူရဦးမယ္

ေမလေရာက္တဲ့အထိေတာင္ ေရနံထုတ္လုပ္မႈျပန္စ ဖို႔မျဖစ္ႏိုင္ပါဘူး။ ဂ်က္ေလယာဥ္ေတြ၊ ကားေတြ၊ စက္႐ုံေတြဟာလည္း ကိုဗစ္-၁၉ ေၾကာင့္ ဘာမွဆက္လုပ္လို႔မရဘဲ ရပ္နားထား ရပါတယ္။ ေနာက္ၿပီး အနာဂတ္မွာ ခ်ဳပ္ဆိုထား တဲ့ စာခ်ဳပ္ေတြေၾကာင့္ ေရနံေဈးဟာ အက်ဘက္ကို ပိုၿပီးဦးတည္သြားရပါတယ္။ အခုေရနံထုတ္လုပ္သူေတြ အာ႐ုံ စိုက္ေနတာ ကလည္း ဇြန္လအတြက္ ေဈးကြက္ကိုပဲ ျဖစ္ပါတယ္။ ေလယာဥ္ေတြ အားလုံးေျမျပင္မွာ ရပ္နားထားရၿပီး အပန္းေျဖဖို႔အတြက္နဲ႔ အလုပ္သြားဖို႔အတြက္ ကားအသုံးျပဳမႈဟာလည္း မရွိသေလာက္ နည္းပါးေနတာျဖစ္လို႔ ေရနံေဈးထိုးက်ရတာဟာ အံ့ဩဖြယ္ရာေတာ့ မေကာင္းလွပါဘူး။ တကယ္လို႔ စီးပြားေရးေတြ ျပန္လည္စတင္ဖို႔ ခြင့္ျပဳလိုက္ရင္ေတာင္ ေမွ်ာ္လင့္ထားတာထက္ပိုၿပီး အခ်ိန္ယူရဦးမွာပါပဲ။

ကယ္တင္ဖို႔ မစြမ္းသာ

ေဆာ္ဒီအာေရဗ်နဲ႔ ႐ုရွားတို႔ၾကား ေရနံေဈးတိုက္ပြဲေၾကာင့္လည္း ေရနံေဈးစတင္က်ဆင္းခဲ့တဲ့ အခ်က္ထဲမွာ ပါဝင္ပါတယ္။ ေဆာ္ဒီဦးေဆာင္တဲ့ အိုပက္အဖြဲ႕နဲ႔ ႐ုရွားဦးေဆာင္တဲ့ ေရနံ ထုတ္လုပ္သူႏိုင္ငံမ်ားၾကား သမိုင္းဝင္ ေရနံေလွ်ာ့ခ်ထုတ္လုပ္ဖို႔ သေဘာတူညီခ်က္ရခဲ့ေပမယ့္ ဝယ္လိုအား အဆမတန္ ေလ်ာ့က်ေနတဲ့ ေရနံေဈးကြက္ကို ကယ္တင္ဖို႔ မစြမ္းသာခဲ့ပါဘူး။ အာရွမွာေတာ့ တိုက်ိဳမွာ ၁ ဒသမ ၆ ရာခိုင္ႏႈန္းက်ဆင္းၿပီး ေဟာင္ေကာင္၊ ဆစ္ဒနီ၊ ဆိုးလ္နဲ႔ မနီလာတို႔မွာေတာ့ ၁ ရာခိုင္ႏႈန္းေအာက္ကိုပဲ က်ဆင္းေနပါတယ္။ လူေပါင္း ၂ ဒသမ ၅ သန္းကို ေရာဂါ ကူးစက္ခံခဲ့ရၿပီး လူေပါင္း ၁၇၀၀၀ဝ ကို ေသဆုံးေစခဲ့တဲ့ ကိုဗစ္-၁၉ ကပ္ေရာဂါဆိုး ေၾကာင့္ ေရနံေဈးကို ပိုမိုက်ဆင္းေစခဲ့ပါတယ္။ ဒီကပ္ေရာဂါဆိုးေၾကာင့္ အခ်ိဳ႕ ေသာႏိုင္ငံေတြ ပုံမွန္အေျခအေနျပန္ေရာက္ဖို႔ အခ်ိန္ယူ ရပါဦးမယ္။

ေငြေၾကးေဈးကြက္

ေငြေၾကးေဈးကြက္မွာ ၾကည့္မယ္ဆိုရင္လည္း ေဒၚလာတန္ဖိုးက်ဆင္းရသလို၊ ေတာင္ကိုရီးယား ဝမ္၊ ဩစေၾတးလ်နဲ႔ နယူးဇီလန္ ေဒၚလာ၊ ႐ုရွား ႐ူဘယ္ တန္ဖိုးဟာလည္း ၁ ရာခိုင္ႏႈန္းေက်ာ္ က်ဆင္းရပါတယ္။

ဘယ္အခ်ိန္မွာ စီးပြားေရးျပန္စမလဲ

အခုအခ်ိန္မွာ အားလုံးစိတ္ဝင္စားေနၾကတာကေတာ့ ဘယ္အခ်ိန္ေလာက္မွာ စီးပြားေရး လုပ္ငန္းေတြ ျပန္စႏိုင္မလဲဆိုတာပါပဲ။ ဥေရာပမွာ ကိုဗစ္-၁၉ ေၾကာင့္ ထိခိုက္မႈ ဆိုးဆိုး ႐ြား႐ြားခံစားရေပမယ့္ ဂ်ာမနီနဲ႔ေနာ္ေဝတို႔မွာ ေတာ့ ပိတ္ထားတဲ့ အခ်ိဳ႕စီးပြားေရးလုပ္ငန္းေတြကို ျပန္ဖြင့္ခြင့္ ေပးပါေတာ့မယ္။ ဂ်ာမနီမွာ ေဈးဆိုင္အခ်ိဳ႕ကို ျပန္ဖြင့္ခြင့္ေပးခဲ့ၿပီး ေနာ္ေဝမွာေတာ့ ေန႔ကေလးထိန္း ေက်ာင္းေတြကို ျပန္ဖြင့္ခြင့္ေပးခဲ့ပါတယ္။ လက္ရွိ ကမာၻေပၚမွာရွိတဲ့ အစိုးရေတြ အျငင္းပြားေနရတာကေတာ့ ဘယ္အခ်ိန္မွာ ပိတ္ဆို႔ကန႔္သတ္မႈေတြကို ျပန္လည္ ဖယ္ရွား ေပးမလဲဆိုတာပါပဲ။ ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ လူေပါင္း ၄ ဒသမ ၅ ဘီလီယံဟာ ေနအိမ္ အတြင္းမွာပဲ ေနေနရပါတယ္။ ကမာၻ႔စီးပြားေရးကိုလည္း ဆိုးဆိုး႐ြား႐ြား ထိခိုက္ေစပါတယ္။ ေရနံေဈးကြက္ ယိုင္လဲျခင္းနဲ႔အတူ အျခားေသာ စီးပြားေရးလုပ္ငန္းေတြ ဟာလည္း ကိုဗစ္-၁၉ အလြန္ ကာလေတြမွာ ႐ုန္းကန္ ရမွာကေတာ့ အေသအခ်ာပါပဲ။

Source MOI

Read times
Rate this item
(1 Vote)