Export & Import

သွင်းကုန် HS line ပေါင်း ၁၉၆ လိုင်းထပ်မံတိုးမြှင့်ထုတ်ပေးသွားမည်

သွင်းကုန် HS line ပေါင်း ၁၉၆ လိုင်းထပ်မံတိုးမြှင့်ထုတ်ပေးသွားမည် Google

သွင်းကုန် HS line ပေါင်း ၁၉၆ လိုင်းထပ်မံတိုးမြှင့်ထုတ်ပေးသွားမည်

အွန်လိုင်းစနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်ထုတ်ပေးလျက်ရှိရာ သွင်းကုန် HS line (၁၉၆) လိုင်းအား ထပ်မံတိုးမြှင့် ထုတ်ပေးသွားမည်

COVID-19 အရေးပေါ်ကာလအတွင်း ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန်အတွက် ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် (၁-၄-၂၀၂၀) ရက်နေ့မှစတင်၍ ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်များအား အွန်လိုင်းစနစ်ဖြင့် ထုတ်ပေးဆောင်ရွက်လျက်ရှိရာ ပထမအကြိမ်အဖြစ် ပို့ကုန် HS Line (၇၃) လိုင်း၊ သွင်းကုန် HS Line (၉၁) လိုင်း လျှောက်ထားခွင့် ပြုခဲ့ပြီး ဒုတိယအကြိမ်အဖြစ် သွင်းကုန် HS Line (၄၅၅) လိုင်းထပ်မံတိုးမြှင့်၍ ခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။

ဆက်လက်၍ အွန်လိုင်းစနစ်ဖြင့် လိုင်စင်လျောက်ထားမှုများ ပိုမို အဆင်ပြေစေရန် တတိယအကြိမ်အဖြစ် သွင်းကုန် HS Line ( ၁၉၆ ) လိုင်းအား (၂၃-၄-၂၀၂၀) ရက်နေ့မှစတင်၍ ထပ်မံထည့်သွင်းတိုးမြှင့် ထုတ်ပေးသွားမည် ဖြစ်ပါသည်။

 

89597769_1658912260917480_4377376590149976064_n_1.png

Zawgyi

 






Read times
Rate this item
(0 votes)