Export & Import

စီးပွားရေးလုပ်ငန်းများက ထိုင်း-မြန်မာနယ်စပ် ပြန်ဖွင့်ရန်တောင်းဆို

စီးပွားရေးလုပ်ငန်းများက ထိုင်း-မြန်မာနယ်စပ် ပြန်ဖွင့်ရန်တောင်းဆို bangkokpost.com

ထိုင်းနိုင်ငံ အလယ်ပိုင်းပြည်နယ် အောက်ပိုင်းရှိ စီးပွားရေးလုပ်ငန်းရှင်များက ထိုင်း-မြန်မာနိုင်ငံနယ်စပ်ရှိ Singkhon ဂိတ်

ပြန်လည်ဖွင့်လှစ်ရန် အစိုးရအား တောင်းဆိုလိုက်သည်။ ပိတ်ထားခြင်းသည် ပြည်နယ်၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် သက်ရောက်မှုရှိသည်ဟု ဆိုသည်။

Mu Dong ရွာသားများသည် မြန်မာနိုင်ငံတောင်ဘက်ပိုင်းရှိ မြိတ်မြို့မှ စားသုံးကုန်များကို ၀ ယ်ယူကြသည်ဟုပြည်နယ်ကုန်သည်ကြီးများအသင်း၏ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Nipon Suwannawa က တနင်္ဂနွေနေ့ကပြောကြားခဲ့သည်။

Singkhon ၌ ပိတ်ထားခြင်းကြောင့် မြိတ် မှ ရနောင်းသို့ ၌င်လယ်ထုတ်ကုန်များကို သယ်ယူပို့ဆောင်ရေးသည်နယ်စပ်မှ ဖြတ်သန်းသယ်ယူပါက လေးနာရီသာကြာမည့်အစား ရက်ပေါင်းများစွာကြာသည်ဟု သူကထပ်ပြောသည်။

အစိုးရအနေဖြင့် Prachuap Khi Khan စီးပွားရေး၏ အကျိုးစီးပွားအတွက် Singkhon ဖြတ်ပြီး ကုန်စည်များ သယ်ယူပို့ဆောင်ရေးအပေါ် အစိုးရ၏ ကန့်သတ်ချက်မား လျှော့ချပေးစေလိုကြောင်းကို ပုဂ္ဂလိကကဏ္ဍ ၏ ကိုယ်စားလှယ်အနေဖြင့် မစ္စတာနီပွန်က ပြောကြားခဲ့သည်။

မြိတ်ရှိ ခရီးသွားလုပ်ငန်းနှင့် ပင်လယ်အစားအစာလုပ်ငန်းလုပ်ကိုင်သူ Somkiat Aojimid က မြန်မာနိုင်ငံသည်ဇွန်လတွင် တနင်္သာရီမြစ်ကို ဖြတ်၍ (ထိုင်းနိုင်ငံရှိ Tranaosi မြစ်) တံတားအသစ်ကို ဖွင့်လှစ်ရန်စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။ ယခု တံတားသည် ၉၅ ရာခိုင်နှုန်း ပြီးစီးသွားပြီ ဖြစ်သည်။

တံတားသစ်သည် ထိုင်း - မြန်မာ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုအတွက် အလွန်အရေးပါသည်ဟု သူကပြောသည်။

bangkokpost

 

စီးပြားေရးလုပ္ငန္းမ်ားက ထိုင္း-ျမန္မာနယ္စပ္ ျပန္ဖြင့္ရန္ေတာင္းဆို

ထိုင္းႏိုင္ငံ အလယ္ပိုင္းျပည္နယ္ ေအာက္ပိုင္းရွိ စီးပြားေရးလုပ္ငန္းရွင္မ်ားက ထိုင္း-ျမန္မာႏိုင္ငံနယ္စပ္ရွိ Singkhon ဂိတ္ ျပန္လည္ဖြင့္လွစ္ရန္ အစိုးရအား ေတာင္းဆိုလိုက္သည္။ ပိတ္ထားျခင္းသည္ ျပည္နယ္၏ ကုန္သြယ္ေရးႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈအေပၚ သက္ေရာက္မႈရွိသည္ဟု ဆိုသည္။

Mu Dong ႐ြာသားမ်ားသည္ ျမန္မာႏိုင္ငံေတာင္ဘက္ပိုင္းရွိ ၿမိတ္ၿမိဳ႕မွ စားသုံးကုန္မ်ားကို ၀ ယ္ယူၾကသည္ဟုျပည္နယ္ကုန္သည္ႀကီးမ်ားအသင္း၏ဂုဏ္ထူးေဆာင္ဥကၠ႒ Nipon Suwannawa က တနဂၤေႏြေန႔ကေျပာၾကားခဲ့သည္။

Singkhon ၌ ပိတ္ထားျခင္းေၾကာင့္ ၿမိတ္ မွ ရေနာင္းသို႔ ၌င္လယ္ထုတ္ကုန္မ်ားကို သယ္ယူပို႔ေဆာင္ေရးသည္နယ္စပ္မွ ျဖတ္သန္းသယ္ယူပါက ေလးနာရီသာၾကာမည့္အစား ရက္ေပါင္းမ်ားစြာၾကာသည္ဟု သူကထပ္ေျပာသည္။

အစိုးရအေနျဖင့္ Prachuap Khi Khan စီးပြားေရး၏ အက်ိဳးစီးပြားအတြက္ Singkhon ျဖတ္ၿပီး ကုန္စည္မ်ား သယ္ယူပို႔ေဆာင္ေရးအေပၚ အစိုးရ၏ ကန႔္သတ္ခ်က္မား ေလွ်ာ့ခ်ေပးေစလိုေၾကာင္းကို ပုဂၢလိကက႑ ၏ ကိုယ္စားလွယ္အေနျဖင့္ မစၥတာနီပြန္က ေျပာၾကားခဲ့သည္။

ၿမိတ္ရွိ ခရီးသြားလုပ္ငန္းႏွင့္ ပင္လယ္အစားအစာလုပ္ငန္းလုပ္ကိုင္သူ Somkiat Aojimid က ျမန္မာႏိုင္ငံသည္ဇြန္လတြင္ တနသၤာရီျမစ္ကို ျဖတ္၍ (ထိုင္းႏိုင္ငံရွိ Tranaosi ျမစ္) တံတားအသစ္ကို ဖြင့္လွစ္ရန္စီစဥ္ထားေၾကာင္း ေျပာၾကားခဲ့သည္။ ယခု တံတားသည္ ၉၅ ရာခိုင္ႏႈန္း ၿပီးစီးသြားၿပီ ျဖစ္သည္။

တံတားသစ္သည္ ထိုင္း - ျမန္မာ နယ္စပ္ျဖတ္ေက်ာ္ကုန္သြယ္မႈအတြက္ အလြန္အေရးပါသည္ဟု သူကေျပာသည္။

bangkokpost

Read times
Rate this item
(0 votes)