Export & Import

ဧရာမ ရေနံစိမ်းတင် သင်္ဘော ၁၁ ၇ စီး တရုတ်ပြည်သို့ ဦးတည်ခုတ်မောင်း

ရေနံစည် ၂ သန်း တင်ပို့နိုင်သည့် အလွန်ကြီးမားသော ရေနံစိမ်းသယ်ယူပို့ဆောင်ရေးရေယာဉ်

(VLCC- very large crude carrier) စီးရေ ၁၁၇ စီးသည် မေလအလယ်မှ သြဂုတ်လလယ်အတွင်း တရုတ်နိုင်ငံရှိ ဆိပ်ကမ်းများသို့ ဦးတည်ခုတ်မောင်းလျက် ရှိသည်ဟု Bloomberg သတင်းတွင် ဖော်ပြထားသည်။

ကမ္ဘာ့အကြီးဆုံး ရေနံတင်ပို့မှုတွင် ၀ ယ်လိုအားပြန်ရှိလာခဲ့ပြီး တရုတ်နိုင်ငံသည် နှစ်အနည်းငယ်အတွင်း စျေးအသက်သာဆုံးရေနံစိမ်းကို အခွင့်ကောင်းယူနေပြီး ကမ္ဘာ့အကြီးဆုံးရေနံတင်သွင်းမှုကို ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ ဧရာမ ရေနံစိမ်းတင် သင်္ဘောကြီးများဖြင် သယ်ဆောင်သည့် ရေနံစိမ်းများသည် လာမည့် သုံးလအတွက် တရုတ်ပြည်သို့ ရေနံစိမ်း စုစုပေါင်း အနည်းဆုံးစည်ပေါင်းသန်း ၂၃၀ ရောက်ရှိမည် ဖြစ်သည်ဟု တွက်ချက်ခန့်မှန်းထားသည်။

သင်္ဘောများပေါ် တင်ဆောင်လာသည့် ရေနံစိမ်းများသည် ယခုထက် ဈေးသက်သာသော ဧပြီလတွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံမှ ရေနံသန့်စင်စက်ရုံ လုပ်ငန်းများသည် ပြီးခဲ့သည် ဧပြီလကတည်းက ရေနံဈေး ထိုးကျနေစဉ် ရေနံစိမ်း အမြောက်အမြား ဝယ်ယူခဲ့ကြသည်။
တရုတ်နိုင်ငံ၏ရေနံစိမ်း တင်သွင်းမှုသည် ဧပြီလတွင် ၉ . ၈၄ သန်း bpd ( တစ်ရက်အတွက် စည်စုစုပေါင်း)အထိ မြင့်တက်ခဲ့ပြီ ပြည်တွင်းမှာ လောင်စာဆီလိုအပ်မှု ပြန်လည်မြင့်တက်လာခြင်းနှင့်ဒေသဆိုင်ရာရေနံသန့်စင်စက်ရုံများသည် ရေနံစိမ်းသန့်စင်ချက်လုပ်မှုကို တိုးမြင့်လာခဲ့သည်။

zaegyi

ဧရာမ ေရနံစိမ္းတင္ သေဘၤာ ၁၁ ၇ စီး တ႐ုတ္ျပည္သို႔ ဦးတည္ခုတ္ေမာင္း

ေရနံစည္ ၂ သန္း တင္ပို႔ႏိုင္သည့္ အလြန္ႀကီးမားေသာ ေရနံစိမ္းသယ္ယူပို႔ေဆာင္ေရးေရယာဥ္
(VLCC- very large crude carrier) စီးေရ ၁၁၇ စီးသည္ ေမလအလယ္မွ ၾသဂုတ္လလယ္အတြင္း တ႐ုတ္ႏိုင္ငံရွိ ဆိပ္ကမ္းမ်ားသို႔ ဦးတည္ခုတ္ေမာင္းလ်က္ ရွိသည္ဟု Bloomberg သတင္းတြင္ ေဖာ္ျပထားသည္။

ကမာၻ႔အႀကီးဆုံး ေရနံတင္ပို႔မႈတြင္ ၀ ယ္လိုအားျပန္ရွိလာခဲ့ၿပီး တ႐ုတ္ႏိုင္ငံသည္ ႏွစ္အနည္းငယ္အတြင္း ေစ်းအသက္သာဆုံးေရနံစိမ္းကို အခြင့္ေကာင္းယူေနၿပီး ကမာၻ႔အႀကီးဆုံးေရနံတင္သြင္းမႈကို ေဆာင္႐ြက္လိုက္ျခင္း ျဖစ္သည္။

အဆိုပါ ဧရာမ ေရနံစိမ္းတင္ သေဘၤာႀကီးမ်ားျဖင္ သယ္ေဆာင္သည့္ ေရနံစိမ္းမ်ားသည္ လာမည့္ သုံးလအတြက္ တ႐ုတ္ျပည္သို႔ ေရနံစိမ္း စုစုေပါင္း အနည္းဆုံးစည္ေပါင္းသန္း ၂၃၀ ေရာက္ရွိမည္ ျဖစ္သည္ဟု တြက္ခ်က္ခန႔္မွန္းထားသည္။

သေဘၤာမ်ားေပၚ တင္ေဆာင္လာသည့္ ေရနံစိမ္းမ်ားသည္ ယခုထက္ ေဈးသက္သာေသာ ဧၿပီလတြင္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။ တ႐ုတ္ႏိုင္ငံမွ ေရနံသန႔္စင္စက္႐ုံ လုပ္ငန္းမ်ားသည္ ၿပီးခဲ့သည္ ဧၿပီလကတည္းက ေရနံေဈး ထိုးက်ေနစဥ္ ေရနံစိမ္း အေျမာက္အျမား ဝယ္ယူခဲ့ၾကသည္။
တ႐ုတ္ႏိုင္ငံ၏ေရနံစိမ္း တင္သြင္းမႈသည္ ဧၿပီလတြင္ ၉ . ၈၄ သန္း bpd ( တစ္ရက္အတြက္ စည္စုစုေပါင္း)အထိ ျမင့္တက္ခဲ့ၿပီ ျပည္တြင္းမွာ ေလာင္စာဆီလိုအပ္မႈ ျပန္လည္ျမင့္တက္လာျခင္းႏွင့္ေဒသဆိုင္ရာေရနံသန႔္စင္စက္႐ုံမ်ားသည္ ေရနံစိမ္းသန္႔စင္ခ်က္လုပ္မႈကို တိုးျမင့္လာခဲ့သည္။

 

Read times
Rate this item
(3 votes)