မလေးရှားမှ Petronas က ပထမဆုံးအကြိမ်အဖြစ် သဘာဝဓာတ်ငွေ့ရည် liquefied natural gas (LNG) ကို
မြန်မာနိုင်ငံသို့ ပေးပို့သည်။
Petronas LNG Ltd, သည် မလေးရှားမှ နိုင်ငံပိုင်လုပ်ငန်းဖြစ်ပြီး LNG ကို ရန်ကုန်မြို့သို့ အရောင်းအဝယ် သဘောတူညီချက်အရ မေလ တွင် တစ်ကြိမ်၊ ဇွန်လ တွင် တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်ပေးပို့ရန် အစီအစဉ် ရှိထားသည်။ ထို့အတွက် ဖက်စပ်ကုမ္ပဏီဖြစ်သော CNTIC VPower နှင့် သဘောတူလက်မှတ်ရေးထိုးထားသည်။
မလေးရှားနိုင်ငံ အရှေ့ခြမ်း ဆာရာဝပ်ရှိ ဘင်တူးလူးတွင် တည်ရှိသော Petronas LNG complex မှ free-on-board (FOB) ဖြင့် LNG စုစုပေါင်း ၁၉၀ ၀၀၀ ကုဗပေးကို တင်ဆောင်သည်။
" LNG နှစ်ကြိမ်ကို CNTIC VPower ထံ အောင်မြင်စွာ ပေးပို့ခဲ့ပြီးပါပြီ။ အရှေ့တောင်အာရှ ဒေသ LNG လိုအပ်မှု ကြီးထွားလာတဲ့ခေတ်အသစ်ကို ထင်ဟပ်ပြသပါတယ်" ဟု Petronas ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ LNG ကို ပိုသန့်ရှင်းတဲ့ စွမ်းအင်ပုံစံတစ်ခုအဖြစ် ကျင့်သုံးတာမှာ မြန်မာဟာ နောက်ဆုံးထွက်ပေါ်တဲ့ နိုင်ငံဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။
မြန်မာနိုင်ငံရဲ့ ကြီးထွားလာနေတဲ့ ဓာတ်ငွေ့လုပ်ငန်းကဏ္ဍမှာ ခြေကုပ်တစ်ခု ထူထောင်ဖို့အတွက် CNTIC VPower ထံ နောက်ထပ် ပေးပို့မှုများ လုပ်ဆောင်လျက်ရှိတယ်လို့ Petronas က ဆိုပါတယ်။
CNTIC VPower သည် တရုတ်နိုင်ငံမှ နိုင်ငံပိုင်လုပ်ငန်းတစ်ခုဖြစ်ပြီး engineering, procurement and construction (EPC) လုပ်ကိုင်သော China National Technical Import and Export Corporation (CNTIC) နှင့် ဟောင်ကောင် အခြေစိုက် ပါဝါဖြန့်ဖြူးရေး လုပ်ကိုင်သော VPower Group International Holdings တို့ ဖက်စပ်ထူထောင်ထားသော လုပ်ငန်း ဖြစ်သည်။
အဆိုပါ လုပ်ငန်းစုသည် ပြီးခဲ့သည့်နှစ်က ရန်ကုန်နှင့် ရခိုင်ပြည်နယ်တို့တွင် LNG-to-power စီမံကိန်း သုံးခုကို လုပ်ကိုင်ခွင့် ရရှိခဲ့ကြသည်။ ဓာတ်အားပမာဏ စုစုပေါင်း ၉၀၀ မဂ္ဂဝပ် ထုတ်လုပ်ရန် တင်ဒါ အောင်ခဲ့သည်။
ထိုစီမံကိန်းများသည် ယခုနှစ်တွင် စတင်ရန် မျှော်မှန်းထားပြီး မြန်မာနိုင်ငံတွင် ၁၅ မှ ၁၇ ရာခိုင်နှုန်းအထိ နှစ်စဉ် ကြီးထွားနေသော လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အထိုက်အလျောက်ဖြည့်ဆည်းမည် ဖြစ်သည်။
ယခုနှစ် နွေရာသီ ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းရန် အစိုးရက ဓာတ်အားစက်ရုံများကို မြန်မြန်ဆန်ဆန် အတည်ပြုပေးခဲ့သည်။
ရန်ကုန်မြစ်တွင် LNG လက်ခံရယူမည့် ဆိပ်ခံတစ်ခုကို မကြာသေးချင်က တည်ဆောက်ပြီးစီးခဲ့သည်။ ရေပေါ်သိုလှောင်ကန်နှင့် ကုန်းပေါ်တွင် အရည်မှ အငွေ့သို့ ပြောင်းလဲပေးသည့် စက်ရုံကိုလည်း တည်ဆောက်ပြီးစီးခဲ့သည်။
မေလးရွားမွ Petronas က ျမန္မာသို႔ LNG ေပးပို႔မႈ စတင္
မေလးရွားမွ Petronas က ပထမဆုံးအႀကိမ္အျဖစ္ သဘာဝဓာတ္ေငြ႕ရည္ liquefied natural gas (LNG) ကို ျမန္မာႏိုင္ငံသို႔ ေပးပို႔သည္။
Petronas LNG Ltd, သည္ မေလးရွားမွ ႏိုင္ငံပိုင္လုပ္ငန္းျဖစ္ၿပီး LNG ကို ရန္ကုန္ၿမိဳ႕သို႔ အေရာင္းအဝယ္ သေဘာတူညီခ်က္အရ ေမလ တြင္ တစ္ႀကိမ္၊ ဇြန္လ တြင္ တစ္ႀကိမ္ စုစုေပါင္းႏွစ္ႀကိမ္ေပးပို႔ရန္ အစီအစဥ္ ရွိထားသည္။ ထို႔အတြက္ ဖက္စပ္ကုမၸဏီျဖစ္ေသာ CNTIC VPower ႏွင့္ သေဘာတူလက္မွတ္ေရးထိုးထားသည္။
မေလးရွားႏိုင္ငံ အေရွ႕ျခမ္း ဆာရာဝပ္ရွိ ဘင္တူးလူးတြင္ တည္ရွိေသာ Petronas LNG complex မွ free-on-board (FOB) ျဖင့္ LNG စုစုေပါင္း ၁၉၀ ၀၀၀ ကုဗေပးကို တင္ေဆာင္သည္။
" LNG ႏွစ္ႀကိမ္ကို CNTIC VPower ထံ ေအာင္ျမင္စြာ ေပးပို႔ခဲ့ၿပီးပါၿပီ။ အေရွ႕ေတာင္အာရွ ေဒသ LNG လိုအပ္မႈ ႀကီးထြားလာတဲ့ေခတ္အသစ္ကို ထင္ဟပ္ျပသပါတယ္" ဟု Petronas ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ LNG ကို ပိုသန႔္ရွင္းတဲ့ စြမ္းအင္ပုံစံတစ္ခုအျဖစ္ က်င့္သုံးတာမွာ ျမန္မာဟာ ေနာက္ဆုံးထြက္ေပၚတဲ့ ႏိုင္ငံျဖစ္ေၾကာင္းလည္း ၎က ေျပာၾကားသည္။
ျမန္မာႏိုင္ငံရဲ႕ ႀကီးထြားလာေနတဲ့ ဓာတ္ေငြ႕လုပ္ငန္းက႑မွာ ေျခကုပ္တစ္ခု ထူေထာင္ဖို႔အတြက္ CNTIC VPower ထံ ေနာက္ထပ္ ေပးပို႔မႈမ်ား လုပ္ေဆာင္လ်က္ရွိတယ္လို႔ Petronas က ဆိုပါတယ္။
CNTIC VPower သည္ တ႐ုတ္ႏိုင္ငံမွ ႏိုင္ငံပိုင္လုပ္ငန္းတစ္ခုျဖစ္ၿပီး engineering, procurement and construction (EPC) လုပ္ကိုင္ေသာ China National Technical Import and Export Corporation (CNTIC) ႏွင့္ ေဟာင္ေကာင္ အေျခစိုက္ ပါဝါျဖန႔္ျဖဴးေရး လုပ္ကိုင္ေသာ VPower Group International Holdings တို႔ ဖက္စပ္ထူေထာင္ထားေသာ လုပ္ငန္း ျဖစ္သည္။
အဆိုပါ လုပ္ငန္းစုသည္ ၿပီးခဲ့သည့္ႏွစ္က ရန္ကုန္ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ LNG-to-power စီမံကိန္း သုံးခုကို လုပ္ကိုင္ခြင့္ ရရွိခဲ့ၾကသည္။ ဓာတ္အားပမာဏ စုစုေပါင္း ၉၀၀ မဂၢဝပ္ ထုတ္လုပ္ရန္ တင္ဒါ ေအာင္ခဲ့သည္။
ထိုစီမံကိန္းမ်ားသည္ ယခုႏွစ္တြင္ စတင္ရန္ ေမွ်ာ္မွန္းထားၿပီး ျမန္မာႏိုင္ငံတြင္ ၁၅ မွ ၁၇ ရာခိုင္ႏႈန္းအထိ ႏွစ္စဥ္ ႀကီးထြားေနေသာ လွ်ပ္စစ္ဓာတ္အား လိုအပ္ခ်က္ကို အထိုက္အေလ်ာက္ျဖည့္ဆည္းမည္ ျဖစ္သည္။
ယခုႏွစ္ ေႏြရာသီ ဓာတ္အားလိုအပ္ခ်က္ကို ျဖည့္ဆည္းရန္ အစိုးရက ဓာတ္အားစက္႐ုံမ်ားကို ျမန္ျမန္ဆန္ဆန္ အတည္ျပဳေပးခဲ့သည္။
ရန္ကုန္ျမစ္တြင္ LNG လက္ခံရယူမည့္ ဆိပ္ခံတစ္ခုကို မၾကာေသးခ်င္က တည္ေဆာက္ၿပီးစီးခဲ့သည္။ ေရေပၚသိုေလွာင္ကန္ႏွင့္ ကုန္းေပၚတြင္ အရည္မွ အေငြ႕သို႔ ေျပာင္းလဲေပးသည့္ စက္႐ုံကိုလည္း တည္ေဆာက္ၿပီးစီးခဲ့သည္။