Export & Import

တာချီလိတ်-မယ်ဆိုင်နယ်စပ်တွင် တစ်နေ့ ကုန်တင်ယာဉ် ၆ စီးသာ ဝင်ထွက်ခွင့်ပြုမည်

တာချီလိတ်-မယ်ဆိုင်နယ်စပ်တွင် နှစ်နိုင်ငံအကြား ကုန်တင်ယာဥ် (၆)စီးသာ အပြန်အလှန် ဝင်ထွက်သွားလာခွင့်ပြုမည်လို့ သိရပါတယ်။

 

မြန်မာနိုင်ငံဖက်တွင် ယခုသီတင်းပတ်အတွင်း COVID -19 ဓါတ်ခွဲလူနာကူးစက်မှု အရေအတွက်များပြားလာမှုကြောင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ တာချီလိတ်- မယ်ဆိုင် အမှတ် ( ၂ ) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ဝင်ထွက်သွားလာသည့် ​မြန်မာ ကုန်တင်ယာဥ်များကို စက်တင်ဘာလ (၁၅)ရက်နေ့တွင် ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။

 

မြန်မာဖက်ကလည်း အဆိုပါ ကန့်သတ်မှုများကြောင့် ယနေ့မွန်းလွဲ ပိုင်းတွင် နှစ်ဖက်ညှိနှိုင်းဆွေးနွေးခဲ့ရာ နှစ်နိုင်ငံအကြား ကုန်တင်ယာဥ် (၆) စီးသာ အပြန်အလှန် ဝင်ထွက်သွားလာခွင့်ပြုမည်ဖြစ်ကြောင်းသိရှိရသည်။

 

ယင်းကန့်သတ်မှုများကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာလာနိုင်၍ ကုန်စည်များအဝင်နည်းလာနိုင်သည်ဖြစ်သည့်အပြင် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ ချင်းလိုင်းခရိုင်မှ စည်းကမ်းချက်များကိုလည်း ထုတ်ပြန်ထားရှိသည်။

 

ကုန်တင်ယာဉ်မောင်းများကို လွယ်ကူစွာ စီစစ်နိုင်ရန်အတွက် ယာဉ်မောင်းမည့်သူများအား ဝင်ခွင့်ကဒ်များ ထုတ်ပေးထားမည့်အပြင် စည်းကမ်းချက်များ ချိုးဖောက်ပါက ထိရောက်စွာအရေးယူသွားပါမည်ဖြစ်ကြောင်း၊ ထောင်ဒဏ် တစ် နှစ်(သို့)ဒဏ်ငွေ ဘတ်တစ်သိန်းထိ ပေးဆောင်ရမည်ဖြစ်ကြောင်းသိရှိရသည်။

 

ကုန်သည်စက်မှုအသင်းချုပ်

Read times
Rate this item
(1 Vote)