Export & Import

မြန်မာနိုင်ငံတွင် နိုင်ငံခြားကုန်သွယ်မှု မနှစ်ကထက် ဒေါ်လာ သန်း ၂၀၀၀ ကျော် မြင့်တက်

မြန်မာနိုင်ငံတွင် ကိုဗစ်ကာလတွင် ပြည်တွင်းကုန်စည် ပို့ဆောင်ရေးစနစ် ပြတ်တောက်နိုင်ရန် မရှိစေရန် ဆောင်ရွက်လျက်ရှိနေပြီး ကုန်စည်များ ပို့ဆောင်ရာတွင်လည်း မြို့အဝင်လမ်းများ နှင့် ကုန်စည် လဲလှယ်ခြင်းများ ပြုလုပ်သည့် နေရာများတွင် ကျန်းမာရေး စစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိသည်။

 

ကိုဗစ်ကာလအတွင် ကုန်စည်စီးဆင်မှု အနည်းငယ် နှေးကွေးမှု ရှိသော်လည်း ကုန်စည်စီးဆင်မှု ပြတ်တောက်မှုနိုင်ခြေမရှိဘူးလို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထံမှ သိရသည်။

 

၂၀၁၉ - ၂၀၂၀ စက်တင်ဘာလ လလယ်အထိ မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ပမာဏသည် ပို့ကုန်နှင့် သွင်းကုန်တန်ဖိုးငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ကျပ်သန်းပေါင်း (၃၅၀၀၀)ကျော် ရရှိခဲ့ပြီး

 

မနှစ်က ကာလတူနှင့် နှိုင်းယှဉ်ပါက ကျပ်သန်းပေါင်း (၂၀၀၀) ကျော် ကုန်သွယ်မှုပမာဏ ပိုမိုမြင့်တက်လာတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထံမှ သိရသည်။

 

By Aung Win (Myanmar Logistics Guide)

Ref: MRTV

Read times
Rate this item
(0 votes)