Taxpayer Indentification Number(TINNUMBER)ဖြင့် အစားထိုးပြီးနောက် ပြောင်းလဲလုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ
အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲ၏ ကြေညာချက်အမှတ် (၀၁၆ /၂၀၂၀)
ရက်စွဲ။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၇ ရက်
ကြေညာလွှာတင်သွင်းသူ (MACCS Declarant) များ သိရှိနိုင်ပါရန်
၁။ အကောက်ခွန်ဌာန၏ MACCS စနစ်မှ ထုတ်ပေးသော Importer / Exporter Code (၁၃) လုံးနေရာတွင် Taxpayer Identification Number (TIN Number) ဖြင့် အစားထိုး ပြောင်းလဲ ခြင်းလုပ်ငန်း( Data Migration ) ကို ၂၇-၉-၂၀၂၀ ရက်နေ့ နံနက် (၀၇:၀၀) နာရီအချိန်တွင် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။
၂။ ထိုသို့ ဆောင်ရွက်ရာတွင် ၂၇-၉-၂၀၂၀ ရက်နေ့မတိုင်မီ Release order / Allowed Shipment Notification များ ထွက်ရှိပြီးသော ကြေညာလွှာများ၏ Importer / Exporter Code များသည် မူလ I/E Code (အဟောင်း) နံပါတ်ဖြင့်သာ စနစ်အတွင်း ကျန်ရှိနေမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ Amended Declaration နှင့် Import Declaration (Ex-Bond) ၂ မျိုးတွင် ပြင်ဆင်တင်သွင်းမှု ပြုလုပ်ပါက အပိုဒ် ၃ ပါ လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်ပေးရပါမည်။
၃။ ၂၇-၉-၂၀၂၀ ရက်နေ့နှင့် နောက်ပိုင်းတွင် အောက်ဖော်ပြပါအတိုင်း လိုက်နာဆောင်ရွက်ပေး ကြပါရန်
(က) Amended Declaration ဆောင်ရွက်ရာတွင် DLIO2 Service ကို အသုံးပြု၍ မူလကြေညာလွှာအား စနစ်အတွင်းမှ ပြန်လည်ခေါ်ယူပြီး AMB / AMA Service ဆောင်ရွက် ချိန်တွင် AMA Screen ရှိDeclarant Codeနေရာ၌ မူလ T/ E Code အစား TIN No. Format ဖြင့် I/E Code အသစ်ကို အစားထိုးပြောင်းလဲဖြည့်သွင်းပေးရမည် ဖြစ်ပါသည်။ (အစားထိုးပြင်ဆင်ခြင်းမပြုပါက Error Code -E0015 ဖြစ်ပေါ်မည်။)
(ခ) Import Declaration (Into-Bond)ဖြင့် Release Order Notification ရရှိထားပြီးသော ကုန်ပစ္စည်းများအား ပြည်တွင်းစားသုံးရန်အတွက် ပြန်လည်ထုတ်ယူရာတွင် Import Declaration (Ex-Bond) မဆောင်ရွက်မီ DL101 Service ကို အသုံးပြု၍ မူလကြေညာလွှာအား စနစ်အတွင်းမှ ပြန်လည်ခေါ်ယူပြီး IDB / IDA Service ဆောင် ရွက်ချိန်တွင် IDA Screen ရှိ importer Code နေရာ၌ မူလ I/E Code အစား TIN No. Format ဖြင့် I/E Code အသစ်ကို အစားထိုးပြောင်းလဲဖြည့်သွင်းပေးရမည် ဖြစ်ပါ သည်။ (အစားထိုးပြင်ဆင်ခြင်းမပြုပါက Error Code - E0149 ဖြစ်ပေါ်မည်။)
အကောက်ခွန်ဦးစီးဌာန