Export & Import

စစ်တွေ ရွှေမင်းဂံ ဆိပ်ကမ်း နှင့် မောင်တော ကညင်ချောင်း ကိုဗစ်စည်းကမ်း လိုက်နာရန် (၅)ချက်

ကိုဗစ်-၁၉ တတိယလှိုင်း ကြောင့် ၁၅-၇-၂၀၂၁ ရက်နေ့မှ ပိတ်ထားခဲ့ရသော နယ်စပ်ကုန်သွယ်ရေး စခန်း ၂ ခုဖြစ်သည့် စစ်တွေ ရွှေမင်းဂံ ဆိပ်ကမ်း နှင့် မောင်တော ကညင်ချောင်း

ကုန်သွယ်ရေး ဆိပ်ကမ်းတို့အား ၁၃-၁၀-၂၀၂၁ နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကိုဗစ်စည်းကမ်းချက်များကိုလိုက်နာလျှက် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန် အ ကြောင်းကြားခဲ့ပါသည် ။
ကုန်သွယ်မှု များ အမြန်ဆုံးစတင် နိုင်ရေးအတွက် ကီုဗစ်-၁၉ ကာကွယ်ထိမ်းချုပ်ရေး နှင့် ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရေးအတွက် ရခိုင်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း မှ ပါဝင် ဆောင်ရွက်လျက်ရှိကြောင်း လုပ်ငန်းရှင်များ သို့ လေးစားစွာ အသိပေးအပ်ပါသည် ။
ကုန်သွယ်မှု ဆောင်ရွက်ရာတွင် ဆောင်ရွက်ရမည့် နည်းလမ်းများ နှင့် သိရှိလိုသည့် သတင်းအချက်အလက်များ ကို အသင်းရုံး သို့ စုံစမ်းမေးမြန်းနိုင်ပြီး ၊ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက် များအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက် ရမည်ဖြစ်ပါသည် ။
(၁) ကာကွယ်ဆေး၂ကြိမ်ထိုးနှံပြီးသူများသာ ကုန်သွယ်မှုဆိပ်ကမ်းထဲသို့ဝင်ရောက်ခွင့်ပြုပါမည် ။
(၂) ဘင်္ဂလားဒေ့ရ်ှမှ ကုန်ချပြီး ပြန်လည် ရောက်ရှိလာသော ရေယာဉ်များသည် ရွှေမင်းဂံဆိပ်ကမ်း ချောင်း ရှိ သတ်မှတ်ထားသော နေရာ (ရေလယ်)တွင်ကျောက်ချရပ် နားပြီး Quarantine ၁၀ ရက်ခံယူရပါမည် ။
(၃) ရေယာဉ်မထွက်ခွါမှီ နှင့် ရေယာဉ်ရောက်ရှိချိန်တွင် ကိုဗစ်-၁၉ ကာကွယ်ထိမ်းချုပ်ရေး အဖွဲ့ ၏ သတ်မှတ်စည်းကမ်း နှင့် ညွှန်ကြား ချက် များ ကို လိုက်နာရန်လိုအပ်ပြီး ရေယာဉ် ဝင် /ထွက် မှုအတွက် ခွင့်ပြုချက်ရယူရပါမည် ။
(၄) သတ်မှတ်နေရာတွင် ကုန်တင်ချ မှု မပြုလုပ်ခြင်းနှင့် စည်းကမ်းချက် များကီု ဖောက် ဖျက်ကျုးလွန်ခြင်း အတွက် ရေယာဉ်ပြေးဆွဲခွင့် နှင့် ကုမ္ပဏီ ၏ ကုန်သွယ်မှု ဆောင်ရွက် ခွင့်များကို ရုတ်သိမ်းအရေးယူခြင်း ခံရပါမည် ။
(၅) အခြားပြည်နယ်တိုင်းဒေသကြီး သို့မဟုတ် တောင်ကုတ်
ကျောက်ဖြူ စသော ရခိုင်ပြည်တွင်းရှိ သတ်မှတ်ဆိပ်ကမ်းမှ ကုန်တင် ဆောင်လာသော ရေယာဉ်များသည် စစ်တွေ ရွှေမင်းဂံ ဆိပ်ကမ်း၌ OSS ကုန်ပစ္စည်း စစ်ဆေးရေးအဖွဲ့၏စစ်ဆေးမှု ခံယူရမည်ဖြစ်ပါသည် ။

Read times
Rate this item
(0 votes)