မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မည့် ကြံ ၊ ရာဘာ၊ ဝါဂွမ်း အစရှိသော စိုက်ပျိုးရေးထွက်ကုန် စက်မှုကုန်ကြမ်း အချို့အား
တရုတ်နိုင်ငံ လင်ချန်းခရိုင် ကုန်သွယ်ရေးဌာနမှ တင်သွင်းခွင့် ပြုပြီးဖြစ်သည်ဟု သိရပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိပါက တရုတ်နိုင်ငံသို့ ပို့ကုန် တင်ပို့မှုဖြင့် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်သွားမည်ဟု သိရပါသည်။
ယခုအခါ မြန်မာနိုင်ငံမှ ပို့ကုန်များအတွက် L/C များကို စင်ကာပူနိုင်ငံရှိ ဘဏ်များက ငြင်းပယ်နေသဖြင့် ပြည်ပပို့ကုန်များ တင်ပို့ရန် အခက်ကြုံနေရသည်ဟု သိရပါသည်။ ဆိပ်ကမ်းမှတစ်ဆင့် သင်္ဘောဖြင့် တင်ပို့ရန်အတွက်လည်း L/C ဖွင့်မရသဖြင့် အခက်အခဲ ဖြစ်ပေါ်နေကြောင်း ကြားသိရပါသည်။