မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ ပဲ ပြောင်း နှမ်း ပို့ကုန်လိုင်စင်နှင့် စပ်လျဉ်း၍ အသိပေးကြေညာ
မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ ပဲ ပြောင်း နှမ်း ပို့ကုန်လိုင်စင်နှင့် စပ်လျဉ်း၍ အသိပေးကြေညာထားသည်ကို ပြန်လည်မျှဝေအပ်ပါသည်။
အသင်းဝင် ပို့ကုန်ကုမ္ပဏီများ
၁။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပဲမျိုးစုံပြောင်း၊ နှမ်းအမျိုးမျိုးနှင့် မြေပဲဆံများ ပြည်ပနိုင်ငံများသို့ တင်ပို့ခြင်းအတွက် ၁-၇-၂၀၂ ရက်နေ့မှစ၍ အမေရိကန်ဒေါ်လာ အသုံးပြုသေ ပုံမှန်ကုန်သွယ်မှုနည်းလမ်းဖြင့်သာ ပို့ကုန်လိုင်စင်များအား ခွင့်ပြုထုတ်ပေးလျက်ရှိပါ ကြောင်း၊ ယင်းသို့ ပို့ကုန်လိုင်စင်များ စိစစ်ထုတ်ပေးရာတွင် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၏ ထောက်ခံချက်ဖြင့်သာ ပို့ကုန် လိုင်စင်ခွင့်ပြုထုတ်ပေးရန် ကုန်သွယ်ရေးဦးစီး ဌာနသို့ ညွှန်ကြားထားပြီးဖြစ်၍ ပင်လယ်ရေကြောင်းမှ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုးနှင့် မြေပဲဆံ တင် ပို့ခွင့် လျှောက်ထားခြင်းများအတွက် ပို့ကုန်လိုင်စင် လျှောက်ထားမှု တစ်စောင်ချင်းအပေါ် စိစစ်၍ ထောက်ခံချက် ထုတ်ပေးနိုင်ပါရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီးရုံးမှ ၁၃-၇-၂၀၂၂ ရက်စွဲပါ စာအမှတ်စက-၁၄/၂-၈/၂၀၂(၃၂)ဖြင့် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း ကုန်သည်များအသင်းသို့ ညွှန်ကြားလာပါသည်။
၂။ ပဲမျိုးစုံပြောင်းနှမ်းအမျိုးမျိုးနှင့် မြေပဲဆံများ ပြည်ပတင်ပို့ရန် ပို့ကုန်လိုင်စင် လျှောက်ထား လိုသည့် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၊ အသင်းဝင်ပို့ကုန်ကုမ္ပဏီများ အနေဖြင့် အောက်ပါအချက် အလက်များအား ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်၍ သတ်မှတ် စာရွက် စာတမ်းများ စနစ်တကျ ပူးတွဲပြုစုကာ အောက်ဖော်ပြပါလိပ်စာတွင် လာရောက် လျှောက်ထားနိုင်ပါသည်။
(က) မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်း နှင့် နှမ်းကုန်သည်များအသင်းမှ သတ်မှတ်ထားသည့် Excel File (MPBMSMA Export License Endorsement) ပါ အချက်အလက်များအား ပြည့်စုံ မှန်ကန်စွာ ဖြည့်စွက်ထားသည့် Soft Copy File အား This email address is being protected from spambots. You need JavaScript enabled to view it. သို့ ကြိုတင် ပေးပို့ထားရန်(ပူးတွဲ)
(ခ) ကုမ္ပဏီ Letter Head ဖြင့် MPBMSMA ထံ ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန်အတွက် ပို့ကုန်လိုင်စင် ထုတ်ယူခွင့် ရရှိရေးအတွက် ထောက်ခံချက်ပြုပေးပါရန်တင်ပြစာနှင့် ထောက်ခံချက်လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်စာရွက်စာတမ်းများ (ပူးတွဲ)
၃။ စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် တင်ပြစာနှင့် အချက်အလက်များဖြင့် ပို့ကုန် လိုင်စင်လျှောက်ထားသည့် ကုမ္ပဏီများအား မြန်မာနိုင်ငံပဲမျိုးစုံပြောင်းနှင့် နှမ်းကုန်သည်များ အသင်း ၏ ၁၁-၇ ၂၀၂၂ နေ့တွင် ကျင်းပပြုလုပ်သည့် (၃/၂၀၂) ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆွေးနွေးဆုံးဖြတ်ချက်ပါ သတ်မှတ်ချက်များနှင့်စိစစ်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကုန်သွယ်ရေးဦးစီးဌာနထံသို့ ထောက်ခံချက် ထုတ်ပေးသွားမည် ဖြစ်ပါသည်။
ထို့နောက် ကုန်သွယ်ရေးဦးစီး ဌာန၏ Myanmar Trade Net 2.0 (https://myanmartrade net.com) သို့ ဝင်ရောက်၍ မိမိတို့ လျှောက်ထားလိုသည့် ပဲမျိုးစုံပြောင်းနှမ်းအမျိုးမျိုးနှင့် မြေပဲဆံတို့နှင့်သက်ဆိုင်သည့် အချက်အလက်များ ပြည့်စုံစွာဖြည့်စွက်ကာ အသင်း၏ ထောက်ခံချက် နှင့်အတူ လျှောက်ထားရမည် ဖြစ်ပါသည်၅။ လျှောက်ထားသည့် ပို့ကုန်ကုမ္ပဏီများအနေဖြင့် မိမိတို့ ဖြည့်စွက်သည့် အချက်အလက်များ မပြည့်စုံခြင်းအသင်းမှ ဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်းကမ်းချက်များကို လိုက်နာရန် အကန့်အသတ်ရှိသည့် ပိုကုန်ကုမ္ပဏီများ ဖြစ်/မဖြစ် စိစစ်နေခြင်းတို့ကြောင့် ပို့ကုန် လိုင်စင်များရရှိမှု ကြန့်ကြာနိုင်ခြင်းကြောင့် ပို့ကုန်လိုင်စင် မရရှိခင် သင်္ဘောတင်ခြင်းမပြုရန် မေတ္တာ ရပ်ခံအပ်ပါသည်။
မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း ထောက်ခံချက်လျှောက်ထားရမည့် လိပ်စာ -
Shwe Zabu River View Complex:
23G-1, No.3B, Tower (A & C),
Ground Floor, Strand Road,
Ahlone Township, Yangon,
ပို့ကုန်လိုင်စင် လျှောက်ထားရန် လိုအပ်သော ပဲမျိုးစုံအတွက် အကောက်ခွန်နှုန်း လိုင်း (၅၃) လိုင်းနှင့် စပ်လျဉ်း၍ အသိပေးကြေညာထားသည်ကို ဖတ်ရှုရန် Read More ကို ထိပါ
#MyanmarLogisticsGuide
Telegram Channel
https://t.me/Guid4U