Export & Import

တရုတ်-မြန်မာ နယ်စပ် မူဆယ်ဂိတ်ပေါက် နယ်စပ် ကုန်သွယ်ရေး ဆိပ်ကမ်းသည် ပုံမှန်လည်ပတ်နေ

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ဆိပ်ကမ်းများအနက် လက်ရှိအချိန်တွင် မူဆယ်ကျင်းဆန်းကျော့လမ်းကြောင်း တစ်ခုတည်းသာ ဖွင့်လှစ်ထားပြီး တရုတ်-မြန်မာ နှစ်နိုင်ငံကြားတွင် နေ့စဉ် ကုန်တင်ယာဉ် အစီးရေ ၄၀ မှ ၅၀ ခန့် ဖြတ်သန်း သွားလာနေကြောင်း မူဆယ်နယ်စပ် ကုန်သွယ်ရေးဆိပ်ကမ်းမှ သိရသည်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းကို စဉ်ဆက်မပြတ် ဖွင့်လှစ်လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း မူဆယ် ဆန်လက်ကားရုံး ဒုဥက္ကဌက ပြောသည်။

၁၀၅ မိုင်အနီးရှိ ကျင်းဆန်းကျော့ဆိပ်ကမ်းလမ်းကြောင်းတွင် ကုန်စည်မျိုးစုံ တင်ဆောင်သည့် ကုန်တင်ကား နေ့စဉ် အစီးရေ ၄၀ မှ ၅၀ အထိခန့် တရုတ်နိုင်ငံသို့ ဝင်ရောက်သည်။

My_yangon1.jpg

 

တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံမှ ကုန်စည်မျိုးစုံတင်ဆောင်သည့် ကုန်တင်ယာဉ် အစီးရေ ၄၀ မှ ၅၀ ခန့် မြန်မာနိုင်ငံသို့ နေ့စဉ်သွားရောက်လျက်ရှိကြောင်း သိရသည်။

မြန်မာကုန်တင်ကားများကို ကျင်းဆန်းကျော့ဆိပ်ကမ်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ဝင်ရောက်ခွင့်ပြုခဲ့သော်လည်း မြန်မာယာဉ်မောင်းများကို တရုတ်နိုင်ငံသို့ ဝင်ရောက်ခွင့်မပြုဘဲ တရုတ်ယာဉ်မောင်းဖြင့် အစားထိုးမောင်းဝင်ရသည်။

ယင်းမတိုင်မီက မြန်မာနိုင်ငံမှ ကုန်တင်ကားများကို တရုတ်နိုင်ငံသို့ ဝင်ရောက်ခွင့်မပြုဘဲ တရုတ်ယာဉ်များနှင့် တရုတ်ယာဉ်မောင်းများဖြင့် အစားထိုးရကြောင်း ဆန်လက်ကားရုံး ဒုဥက္ကဌက ပြောသည်။ ဟိုအချိန်တွင် တရုတ်ကို ဝင်ရောက်ဖို့ ငွေကျပ် သိန်းတစ်ရာ ကုန်ကျခံရသည်။

ယခုအခါ မြန်မာကုန်တင်ယာဉ်များ ဝင်ရောက်ခွင့်ပြုထားသောကြောင့် န်ကျစရိတ် ငွေကျပ် ၁၀ သိန်းမှ ၁.၂ သန်းသာ လိုအပ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မူဆယ်၌ ဖွင့်လှစ်ခြင်းမပြုရသေးသည့် နယ်စပ်ကုန်သွယ်ရေး ဆိပ်ကမ်းများ ရှိနေသေးသည်။ ယခုနှစ်အတွင်း အခြားဆိပ်ကမ်းများ ဖွင့်လှစ်နိုင်မည်ဟု နယ်စပ်ကုန်သည်များက ခန့်မှန်းကြသည်။

ထို့အပြင် လက်ရှိ တရုတ်နှင့် မြန်မာနယ်စပ်ဒေသတွင် တရုတ်ယွမ်နှင့် မြန်မာကျပ်ကို တိုက်ရိုက်သုံးစွဲခြင်း ခွင့်ပြုခဲ့သည်။

အကောက်ခွန်ဗျူရို၏ အချက်အလက်များအရ ၂၀၂၂ ခုနှစ် ဧပြီလမှ ဇွန်လ ၁၇ ရက်နေ့အထိ မူဆယ်နယ်စပ်ကုန်သွယ်ရေးဆိပ်ကမ်း၏ နယ်စပ်ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၅၃ သန်းခန့်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသည် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဆိပ်ကမ်းမှတစ်ဆင့် ဆန်၊ ဆန်ကွဲ၊ ရော်ဘာ၊ မတ်ပဲနှင့် စားနပ်ရိက္ခာများကို တရုတ်နိုင်ငံသို့ တင်ပို့နေပြီး စီမံကိန်းတည်ဆောက်ရေးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ စက်မှုထုတ်ကုန်များ၊ ဓာတ်မြေသြဇာစသော ကုန်စည်များကို တရုတ်နိုင်ငံမှ တင်သွင်းလျက်ရှိကြောင်း သိရသည်။

မြန်မာရွှေဇာမဏီသတင်းဂျာနယ်

Read times
Rate this item
(0 votes)