Export & Import

တစ်စီးဝင်တစ်စီးထွက်နှင့် ဒေါ်လာ မူဝါဒတို့ကြောင့် ကျင်စမ်းကျော့ဂိတ် ဖွင့်လှစ်ထားသော်လည်း ရပ်နားနေ

တစ်စီးဝင်တစ်စီးထွက်နှင့် ဒေါ်လာ မူဝါဒတို့ကြောင့် ကျင်စမ်းကျော့ဂိတ် ဖွင့်လှစ်ထားသော်လည်း ရပ်နားနေ

 

ကျင်စမ်းကျော့ဂိတ် တရုတ်-မြန်မာ ကုန်သွယ်ရေးတွင် မြန်မာနိုင်ငံဘက်မှ ပို့ကုန် ထရပ်ကားတစ်စီး တရုတ်ပြည်သို့ ဝင်ရောက်ပြီးမှ တရုတ်ဘက်မှ ထရပ်ကားတစ်စီး စေလွှတ်ပေးတဲ့ မူဝါဒကို ကျင့်သုံးပါတယ်။

ယခုအခါ ပို့ကုန်ကားများမှာ ပဲတီစိမ်း၊ မြေပဲဆံ၊ နှမ်း၊  ဆန်နှင့် ဆန်ကွဲ အစရှိသည့် စိုက်ပျိုးရေး ထုတ်ကုန်များ ဖြစ်ပါတယ်။

viber1.jpg

 

အမေရိကန်ဒေါ်လာကိုသာ သုံးစွဲရန် ညွှန်ကြားထားရာ၌ အမေရိကန်ဒေါ်လာဈေး တစ်ရက်ထက် တစ်ရက် ဈေးပြောင်းလဲကွာဟမှု ကြီးမားနေသဖြင့် ပို့ကုန်တင်ပို့မှုများ ရပ်ထားရကြောင်း သိရပါတယ်။

သို့ဖြစ်ရာ ပို့ကုန်ကားများ တစ်ရက်ထက်တစ်ရက် စီးရေ လျော့နည်းလာခဲ့ရာမှ တရုတ်ဘက်သို့ သွားမည့် ပို့ကုန်ကား မရှိတော့သဖြင့် တစ်စီးဝင်တစ်စီးထွက် မူဝါဒကြောင့် သွင်းကုန်ကားများ စေလွှတ်ပေးခြင်း မရှိတော့ချေ။

 

သွင်းကုန် တင်သွင်းလာမည့် ကားစီးရေ ကွန်တိန်နာ ၂၀၀ ကျော် ကျန်ရှိနေကြောင်း သိရပါသည်။

 

ကန်ဒေါ်လာသာ သုံးရမည် မူဝါဒ၊ တစ်စီးဝင် တစ်စီးထွက် မူဝါဒ တစ်မျိုးမျိုးကို ဖြစ်စေ၊ နှစ်မျိုးစလုံးကို ဖြစ်စေ ဖြေလျော့ပေးမှ ကုန်စည်စီးဆင်းရန် အဆင်ပြေမည်ဟု သိရပါသည်။

#MyanmarLogisticsGuide
Telegram Channel
https://t.me/Guid4U

 

Read times
Rate this item
(0 votes)