Export & Import

ကုန်သွယ်ရေးလိုငွေပြမှု အမေရိကန်ဒေါ်လာ ၁၁၄ သန်းရှိလာပြီဖြစ်တဲ့ လာအိုနိုင်ငံ၏ ဇူလိုင်လအခြေအနေ

လာအိုနိုင်ငံသည် ဇူလိုင်လတွင် ကုန်သွယ်ရေးလိုငွေပြမှု အမေရိကန် ဒေါ်လာ၁၁၄သန်းရှိကြောင်း လာအိုကုန်သွယ်ရေးပေါ်တယ်၀က်ဘ်ဆိုက်မှ ဩဂုတ်လ ၁၂ ရက်နေ့တွင်ဖော်ပြထားသောအချက်အလက်အရ သိရသည်။

လာအိုနိုင်ငံ ဇူလိုင်လတွင် ကုန်သွယ်မှု စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၆၈ သန်းရှိပြီး ၄၂၇ သန်းမှာ ပို့ကုန်တန်ဖိုးဖြစ်ပြီး ကျန် ၅၄၁ သန်းမှာ သွင်းကုန်တန်ဖိုးဖြစ်ကြောင်း သိရသ။ လာအိုနိုင်ငံ၏အဓိက ပို့ကုန်များ တွင်စက္ကူ နှင့် စက္ကူထုတ်ကုန်များ၊ သစ်ပျော့ဖတ် စသည်တို့ပါဝင်ပြီး အဓိကသွင်းကုန်များတွင် စက်သုံးဆီ၊ စတီးထုတ်ကုန်များ လျှပ်စစ်ဝိုင်ယာများ၊ ကေဘယ်များ၊ ပလတ်စတစ်ထုတ်ကုန်များ စသည်တို့ပါဝင်ကြောင်းသိရ သည်။

 

Aston_Martin_2.jpg

 

ဗီယက်နမ်နိုင်ငံနင့် ထိုင်းနိုင်ငံတို့ပြီးနောက် တရုတ်နိုင်ငံသည် လာအိုနိုင်ငံအတွက် ထိပ်တန်းပို့ကုန်နိုင်ငံအဖြစ် ဆက်လက်ရှိနေသည်။ လာအိုနိုင်ငံသို့ အဓိကသွင်းကုန်နိုင်ငံများတွင် ထိုင်း၊၀ တရုတ်၊ ဗီယက်နမ်၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့ ပါဝင်ကြောင်း သိရသည်။

Source: Xinhua

Read times
Rate this item
(0 votes)