Export & Import

ပို့ကုန်ဝင်ငွေ ပြန်လည်မြင့်တက်လာသော ဂျာမနီနိုင်ငံ

ဂျာမနီနိုင်ငံ တွင်စီးပွားရေးကျဆင်းမှုဖြစ်ပေါ်နေသော်လည်း ၂၀၂၂ခုနစ် ဇွန်လတွင် ပို့ကုန်ဝင်ငွေ ပြန်လည်မြင့်တက်လာပြီး ကုန်သွယ်မှုပိုငွေရရှိခဲ့ကြောင်း Federal Statistical Office ၏ သြဂုတ်လ ပထမအပတ်ကထုတ်ပြန်သည့်စာရင်းအရ သိရသည်။


၂၀၂၂ ခုနှစ် ဇွန်လတွင် ပို့ကုန်တန်ဖိုး ယူရို ၁၃၄ ဒသမ ၃ ဘီလီယံ နှင့် သွင်းကုန်တန်ဖိုး ယူရို ၁၂၇ ဒသမ ၉ ဘီလီယံရှိခဲ့ပြီး ကုန်သွယ်မှုပိုငွေ ယူရို ၆ ဒသမ ၄ ဘီလီယံရရှိခဲသည်။ ပို့ကုန်တန်ဖိုးသည် မေလနှင့် နှိုင်းယှဉ်လျှင် ၄ ဒသမ ၅ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့ပြီး အီးယူနိုင်ငံများသို့ ၃ ဒသမ ၉ ရာခိုင်နှုန်း နှင့် အခြားနိုင်ငံများသို့ ၅ ဒသမ ၃ ရာခိုင်နှုန်း ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း တွေ့ရသည်။


ပို့ကုန်တိုးတက်မှုရှိခဲ့သောလည်း စီးပွားရေးလုပ်ငန်းများက ဂျာမနီနိုင်ငံ၏ Expot-Driven Economy စီးပွားရေးအလားအလာအပေါ်လက်ရှိလောင်စာစွမ်းအင်ဈေးနှုန်းမြင့်တက်မှု၊ Supply Chain မတည်ညိမ်မှု နှင့် ငွေကြေးဖောင်းပွမှုအခြေအနေများကြောင့် ကျဆင်းလာနိုင်မည့် အနေအထားကိုသာ ရှုမြင်သုံးသပါနေကြသည်။

 

BCG_2.jpg

 


ဇွန်လအတွင်း စီးပွားရေးလုပ်ငန်းများ၏ ထုတ်လုပ်မှုမှာ မေလက ထက် ဝ ဒဿမ ရာခိုင်နှုန်း တိုးတက်ထုတ်လုပ်မှုရှိခဲ့သော်လည်း ထုတ်လုပ်မှုကဏ္ဍရှိ အမှာစာအသစ်များ လက်ခံရရှိမှုမှာ မေလနှင့် နှိုင်းယှဉ်လျှင် ၀ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ လက်လီလုပ်ငန်း များ အရောင်းဝင်ငွေသည် လည်းမေလနှင့် နှိုင်းယှဉ်လျှင် ၁ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ အသားထုတ်လုပ်သည့်လုပ်ငန်းများမှ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် တန်ချိန် ၃ ဒသမ ၅ သန်းအောက်သာထုတ်လုပ်ခဲ့ပြီး ကာလတူထက် ၇ ဒသမ ၉ ရာခိုင်နှုန်းလျော့နည်းဆောင်ရွက်ခဲ့ကြောင်း တွေ့ရသည်။


နိုင်ငံတွင်း ခရီးတိုသွားလာမှုများမှာ ပထမ သုံးလကထက် ၄၆ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး 9 Euro Ticket ကို အသုံးပြုမှုများခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း၊ ဘီယာရောင်းချရမှုမှာမူ ၂၀၂၂ ခုနှစ် ပထမနှစ်၀က်အတွင်း လီတာပေါင်း ၄ ဒသမ ၃ ဘီလီယံရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၃ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်မှုရှိကြောင်းသိရသည်။ လာမည့်ဆောင်းရာသီအတွက်ဓာတ်ငွေ့လုံလောက်စွာရရှိရေးမှာ စိန်ခေါ်မှုတစ်ရပ်အနေဖြင့် ရှိနေဆဲဖြစ်သည်။


၂၀၂၂ ခုနှစ် ပထမသုံးလအတွင်း စီးပွားရေးတိုးတက်မှု ၀ ဒသမ၂ ရာခိုင်နှုန်းမျှော်မှန်းထားမှုအတွက် ပြန်လည်တွက်ချက်မှုများအရ ဝ ဒသမ ၈ ရာခိုင်နှုန်း ရရှိခဲ့သည်။ ဧပြီလမှ ဇွန်လအတွင်း စီးပွားရေးအခြေအနေမှာ ရပ်တန့်နေပြီး (stagnation) ဒုတိယ သုံးလအတွက်စီးပွားရေးတိုးတက်မှုနှုန်းကို သုညရာခိုင်နှုန်းအဖြစ် သတ်မှတ်ဖော်ပြထားသည်။ ဇူလိုင်လအတွက် ငွေကြေးဖောင်းပွမှုမှာ ၇ ဒသမ ၅ ရာခိုင်နှုန်းနှင့် အလုပ်လက်မဲ့မှုမှာ ၅ ဒသမ ၄ ရာခိုင်နှုန်းတွင် ရှိနေကြောင်း သိရသည်။

 

Source: Myanma Alinn

Read times
Rate this item
(0 votes)