အိရတ်နိုင်ငံသည် သြဂုတ်လအတွင်း ရေနံစိမ်းစည်ပေါင်း ၁၀၁ ဒသမ ၈၅ သန်း တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၉ ဒသမ ၇၈ဘီလီယံ ရရှိခဲ့ကြောင်း အီရတ်နိုင်ငံရေနံဝန်ကြီးဌာနက စက်တင်ဘာ၁ရက်တွင် ပြောကြားသည်။
သြဂုတ်လအတွင်း ရေနံစိမ်း၏ ပျမ်းမျှစျေးနှုန်းမှာ တစ်စည်လျှင် ၉၆ ဒသမ ၀၅ ဒေါ်လာရှိကြောင်း ရေနံစျေးကွက်ရှာဖွေရေးအဖွဲ့၏ စာရင်းအချက်အလက်ချားကို ကိုးကား၍ ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရေနံစည်စုစုပေါင်း ၁၀၀ ဒသမ ၇၅ သန်းကို ဘာဆရာမြို့ဆိပ်ကမ်းမှတစ်ဆင့် အီရတ်နိုင်ငံအလယ်ပိုင်းနှင့်တောင်ပိုင်း ရေနံများကိုတင်ပို့နိုင်ခဲ့ပြီး မြေထဲပင်လယ်ရှိ တူကီယဲဆိပ်ကမ်း စိုင်ဟန်မြို့မှတစ်ဆင့် ကာကွခ်ပြည်နယ်မြောက်ပိုင်းမှ ရေနံစည် ၁ ဒသမ ၁၀သန်းကို တင်ပို့နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီလအတွင်းမှစကာ ကမ္ဘာ့စျေးကွက်တွင် ရေနံစျေးနှုန်းများ မြင့်တက်လာခဲ့သည်။ အီရတ်နိုင်ငံ၏ စီးပွားရေးသည် ရေနံစိမ်းတင်ပို့မှုပေါ်တွင် အဓိကမှီခိုနေရပြီး နိုင်ငံ့ဝင်ငွေ၏ ၉၀ ရာခိုင်နှုန်း ကျော်ရှိကြောင်းသိရသည်။
Source: Xinhua