Export & Import

မြန်မာ့ပြောင်းများ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့မှု တန်ချိန် ၈၀၀ စမ်းသပ်တင်ပို့ခဲ့

မြန်မာ့ပြောင်းများ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့မှု တန်ချိန် ၈၀၀ စမ်းသပ်တင်ပို့ခဲ့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တရုတ်နိုင်ငံသို့ မြန်မာ့ပြောင်းများ တရားဝင်တင်ပို့မှုကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းထံက သိရသည်

 

မြန်မာ့ပြောင်းများကို အောက်တိုဘာတတိယပတ်အတွင်း ပင်လယ်ရေကြောင်းမှ တန်ချိန် ၈၀၀ စမ်းသပ်တင်ပို့ခဲ့ပြီး ယခုရက်သတ္တပတ်တွင် တန်ချိန် ၁,၀၀၀ ဝန်းကျင် ထပ်မံတင်ပို့သွားမည်ဟု မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းက သိရသည်။

 

ရန်ကုန်ဆိပ်ကမ်း ပြောင်း Yellow Maize တင်နေသည့် သင်္ဘောစာရင်း

https://www.logisticsguide.com.mm/en/industry-news/port-new/226702

မြန်မာ့ပြောင်းဆန်များကို လက်ရှိတွင် ဗီယက်နမ်နှင့် ဖိလစ်ပိုင်က အများဆုံးဝယ်ယူနေပြီး စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကိုလည်း တင်ပို့မှုများပြုလုပ်လျက်ရှိကာ ဈေးနှုန်းအနေဖြင့် တစ်တန်ကို ကန်ဒေါ်လာ ၂၉၀ နှင့် ဒေါ်လာ ၃၀၀ အကြား ရရှိကြောင်း သိရသည်။

 

ပြည်ပဝယ်လိုအားကောင်းနေသည့်အပြင် ပြည်တွင်း၌လည်း အစာစပ်လုပ်ငန်းများ၏ သုံးစွဲအားမြင့်တက်နေသဖြင့် ပြောင်းဈေးနှုန်းများ ပိုမိုရရှိနေကာ ရန်ကုန်ပြောင်းဆန်ဈေးနှုန်းသည် တစ်ပိဿာလျှင် ၁၀၈၀ ကျပ်မှ ၁၀၉၀ ကျပ်အထိ ပေါက်ဈေးရှိနေကြောင်းသိရသည်။

 

မြန်မာကုမ္ပဏီ ၁၁၂ ခု တရုတ်နိုင်ငံသို့ ပြောင်းဖူးတင်ပို့ခွင့်ရရှိ

 

၂၀၂၂ ခုနှစ် ဇန်နဝါရီမှစ၍ တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့က မြန်မာ့ပြောင်းဖူးများ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရေးအတွက် တရုတ်-မြန်မာနှစ်နိုင်ငံ Plant Quar antine Protocol လက်မှတ်ရေးထိုးခဲ့သည့် မြန်မာကုမ္ပဏီ ၁၁၂ ခု သည် တရုတ်နိုင်ငံသို့ ပြောင်းဖူးတင်ပို့ခွင့်ရရှိခဲ့ပြီးဖြစ်ရာ ကနဦးတွင် မြန်မာပြောင်းဖူးတန်ချိန်ပေါင်း ၁,၀၀၀ ကျော် တရုတ်နိုင်ငံသို့တင်ပို့ ခဲ့ပြီးဖြစ်သည်။

 

စာရင်းအပြည့်အစုံ ကြည့်ရှုရန် ခေါင်းစဉ်ပြာကို ထိပါ

တရုတ်နိုင်ငံသို့ ပြောင်းဆံတင်ပို့နိုင်မည့် မြန်မာနိုင်ငံမှ ကုမ္ပဏီ (၁၁၂) ခု စာရင်း

မြန်မာပြောင်းဖူးများ တရုတ်နိုင်ငံသို့ တင်ပို့မှုပမာဏတိုးများ လာသည်နှင့်အမျှ မြန်မာတောင်သူများ ဝင်ငွေတိုးပွားလာစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

Source MDN

 TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)