Export & Import

တရုတ်-မြန်မာ ကုန်သွယ်ရေး စခန်း (၅) ခုနှင့် ကုန်သွယ်မှုများ

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ်တွင် မူဆယ် (၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေးစခန်း၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်း၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်း၊ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မိုင်းလား နယ်စပ်ကုန်သွယ်ရေးစခန်း ဟူ၍ စခန်း (၅) ခု ရှိသည်။ စခန်းတစ်ခုချင်းစီ၏ အချက်အလက်များနှင့် သွင်းကုန်၊ ပို့ကုန်များကို အောက်တွင် ဖော်ပြထားသည်။

 

၁။ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးစခန်း ( ဇန်နဝါရီ ၁၂၊ ၁၉၉၈ )

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် တည်ရှိသည့် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးစခန်းသည် မြန်မာနိုင်ငံ၏ အကြီးဆုံးစခန်း ဖြစ်ပြီး တရုတ်နိုင်ငံ ရွှေလီမြို့နှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်ကာ လုပ်ငန်းအားလုံး၏ (၆၀) ရာခိုင်နှုန်းကျော်ကို နှစ်စဉ် ပုံမှန် ဆောင်ရွက်ပေးလျက် ရှိသည်။ 

 

မူဆယ်အပါအဝင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်များမှတဆင့် တရုတ်သို့ ရေထွက်ကုန်၊ ကုန်ခြောက်၊ သစ်သီးဝလံနှင့် စိုက်ပျိုးရေးပစ္စည်းများအား အဓိက တင်ပို့ပြီး တရုတ်ဘက်မှ လယ်ယာသုံး စက်ကိရိယာ၊ ဓာတ်မြေဩဇာ၊ လျှပ်စစ်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊ ဆေးအမျိုးမျိုး စသည့်တို့ကို ပြန်လည် တင်သွင်းသည်။

 

အသေးစိတ်ဖတ်ရှုရန်

 

၂။ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်း ( သြဂုတ် ၂၃၊ ၁၉၉၈ )

 

လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းသည် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့ရှိ လွယ်ဂျယ်-မိုးမောက်-ဗန်းမော် ကားလမ်းပေါ်တွင် တည်ရှိသည်။

 

အများဆုံး ပို့ကုန်မှာ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ တစ်ရှူး၊ ငှက်ပျော၊ ဖရဲသီး၊ ရော်ဘာ ဖြစ်ကာ အများဆုံး သွင်းကုန်မှာ မြေဆီ၊ ဘိလပ်မြေ၊ ချည်ထည်၊ လယ်ယာသုံးပစ္စည်းနှင့် မော်တော်ဆိုင်ကယ်တို့ ဖြစ်သည်။ ကျပ်၊ ယွမ်၊ ဒေါ်လာတို့ဖြင့် အဓိက ကုန်သွယ်မှု ပြုလုပ်သည်။

 

အသေးစိတ်ဖတ်ရှုရန်

 

၃။ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်း ( အောက်တိုဘာ ၁၉၊ ၂၀၀၃ )

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် ရှိသည့် ချင်းရွှေဟော် ကုန်သွယ်ရေး လမ်းကြောင်းသည် မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်ပြီး မြန်မာ-တရုတ်နယ်စပ်တွင် ဒုတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေးစခန်း ဖြစ်သည်။ 

 

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ ဝဥအစို၊ ဝဥအခြောက်၊ ရော်ဘာကြမ်း၊ ပန်းသီး၊ လိမ္မော်သီး၊ သစ်တော်သီး၊ ပန်းသစ်တော်သီး၊ စပျစ်သီး၊ တည်သီးအစို၊ တည်သီးအခြောက်၊ သလဲသီး စသည်တို့ကို အဓိကထား တင်ပို့လျက် ရှိသည်။

 

အသေးစိတ်ဖတ်ရှုရန်

 

၄။ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်း (  သြဂုတ် ၁၊ ၂၀၀၉ )

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တီမြို့တွင် ရှိသည့် ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းသည် တရုတ်နိုင်ငံဘက်မှ နယ်စပ်မြို့ဖြစ်သော ထိန်ခြုံးမြို့နှင့် (၇၁) မိုင်ခန့် ကွာဝေးသည်။

 

ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တစ်သျှူး၊ ငှက်ပျော၊ ပြောင်း၊ ဖရဲသီး၊ ရာဘာတို့ကို အဓိက တင်ပို့ပြီး ဘိလပ်မြေ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးစ္စည်း၊ လျှပ်စစ်ပစ္စည်းနှင့် လူသုံး အိမ်သုံးပစ္စည်းများကို ပြန်လည် တင်သွင်းသည်။

 

အသေးစိတ်ဖတ်ရှုရန်

 

၅။ မိုင်းလား နယ်စပ်ကုန်သွယ်ရေးစခန်း  ( ဒီဇင်ဘာ ၁၂၊ ၂၀၁၅ )

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းလားမြို့နယ်တွင် တည်ရှိသည့် မိုင်းလား နယ်စပ်ကုန်သွယ်ရေးစခန်းသည် တရုတ်နိုင်ငံနှင့် နယ်နမိတ် ထိစပ်လျက် တည်ရှိပြီး တာချီလိတ်မှ ထွက်ရှိသော ဆန်နှင့် စပါးအပြင် ရာဘာကိုလည်း တင်ပို့လျက် ရှိသည်။

 

Advertisement

Click Here > Big M Enterprise Ltd

 

အထက်ပါ နယ်စပ်စခန်းများမှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်၊ ပြီးခဲ့သည့် နိုဝင်ဘာလအထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၅) သန်းကျော် ရရှိခဲ့ပြီး သွင်းကုန်တန်ဖိုး (၀.၃) သန်းကျော် ရရှိခဲ့ကာ စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁.၈) သန်းကျော် ဖြစ်သည်။

 

Su Mon Oo

Ref : MOC & Media & Press

Photo credit goes to the owners.

Read times
Rate this item
(1 Vote)